ဝမ်းရေးထက်ပင် ခက်ပါသည်

ဝမ်းရေးထက်ပင် ခက်ပါသည်

ယမန်နေ့မှအဆက်

ဒီလိုနှင့်ပင် မှောင်မိုက်သော အမင်္ဂလာ ညသည် ပို၍နက်ရှိုင်းလာပေဦးမည်။

ခွေးဟောင်သံများသည် စီစီညံညံမရှိ တော့။ ကြိမ်းဝါးသံ၊ အော်ဟစ်သံ၊ ငိုယို ရှိုက်ပင့်သံတို့ကလည်း  ဝေး၍  ဝေး၍ တဖြည်းဖြည်းဝေးလံ၍ ဆိတ်သုဉ်းသွားကြ လေသည်။

စက်နာရီနှင့် တွက်ဆရသော် ရှစ်နာရီ ပင် ထိုးအံ့မထင်သေးသော ဒဟပ်ကုန်းရွာ ၏ ဤနေ့ ညဦးကာလသည် မင်္ဂလာမဲ့စွာ တိတ်ဆိတ်လွန်းလှချေသည်တကား။

 

ဟော့

သမီးဇောနှင့် အိမ်ရှေ့ကိုသာ တစ်ချိန်လုံး စိတ်ဇောစောခဲ့သော မခင်မှီ၏အမေမှာ အိမ်ထဲဝင်လာကြသော လူသုံးယောက် ကြောင့် ဝမ်းသာသွားသည်။

သူ့စိတ်ထဲမှာ စောစောပိုင်းက ခေါ်သွားကြသော သူ့သမီးကို သူတို့ပြန်လာပို့ကြ သည်ဟု ထင်မိလိုက်ကြသည်။ သို့သော် သူထင်သလိုမဟုတ်ဘဲ ကိုရဲမြင့်နှင့် သူ့ ရဲဘော်နှစ်ယောက်ကို  မြင်ရသောအခါ အံ့သြသွားရပြန်သည်။

မခင်မှီ၏အမေက ကိုရဲမြင့်ကို ပါးစပ်ကြီးအဟောင်းသားနှင့် ငေးကြည့်နေသလို ကိုရဲမြင့်အနေမှာလည်း မခင်မှီအမေကို ကြောင်ကြည့်ကာ ရုတ်တရက်နှုတ်မဆက် နိုင်သေးဘဲ ခဏတော့ ငေးနေမိ၏။

ကိုရဲမြင့်သည် ဦးဘကျော်နှင့် ကိုထွန်းငြိမ်းတို့ သေဆုံးသွားကြရသည့်သတင်းကို ကြားလျှင်ကြားချင်း စေတုတ္တရာဘက်က လိုက်လာခြင်းဖြစ်သည်။

သူ့အနေမှာ ကိုထွန်းငြိမ်းနှင့်ပတ်သက်၍ သံယောဇဉ်ရှိသလို ဦးဘကျော် သေဆုံး ရခြင်းအတွက်လည်း တာဝန်ရှိသူဖြစ်လေ သည်။

မောင် မောင်ရဲမြင့်

တိတ်ဆိတ်ခြင်းကို   မခင်မှီအမေက ဦးဆုံးဖြိုခွင်းလိုက်သည်။

ဟုတ် ဟုတ်ပါတယ် ဒေါ်ဒေါ်၊ ကျွန်တော် ရဲမြင့်ပါ

အဘွားကြီးမှာ ကိုရဲမြင့်အား မည်သည့်စကားဆက်ပြောရမှန်းမသိဖြစ်ကာ မျက်လုံးအိမ်ထဲက မျက်ရည်တို့ကသာ ဝဲလာ၏။

ကျွန်တော်     အားလုံးကြားပြီးပါပြီ

ဒေါ်ဒေါ်၊ အဲဒါကြောင့် ကျွန်တော်လိုက်

လာတာ စိတ်မကောင်းစရာပါပဲ

ကိုရဲမြင့်သည် အိမ်ပေါ်သို့ လှမ်းတက် လာ၏။ သူအိမ်ပေါ်သို့ လှမ်းတက်လာ သောအခါ  သူ့ရဲဘော်နှစ်ယောက်လည်း သူ့နောက်က အိမ်ပေါ်သို့ တက်လိုက်လာ ကြသည်။

မခင်မှီ၏အမေမှာ ယခုအချိန်ထိ မည်သည့်စကားကိုမှ မဆိုနိုင်ဘဲ ကိုရဲမြင့်ကိုသာ အံ့သြသလို စူးစူးစိုက်စိုက်ကြည့်နေသည်။

ညီမရော ဒေါ်ဒေါ်

သမီးကလေး ခင်ခင်ငြိမ်းကို သူ့အဘွား လက်ပေါ်တွင်မြင်ရသဖြင့် အမေဖြစ်သူကို သတိရ၍ မေးမိ၏။

ဟင် သမီးကို မင်းတို့ပဲခေါ်သွားကြ တယ် မဟုတ်လားကွယ်

ဗျာ မခင်မှီကို ကျွန်တော်တို့ ခေါ်သွားတယ်

ဤတစ်ခါ အံ့သြသွားသူက ကိုရဲမြင့် ပင်တည်း။

အဘွားကြီးသည် ဆို့ဆို့နင့်နင့်တစ်ချက် ရှိုက်လိုက်၏။

ဟုတ်တယ်လေ၊ သမီးလေးကို စစ်ဆေး စရာရှိလို့ဆိုပြီး စောစောပိုင်းကတင် မင်းတို့ လူတွေလာခေါ်သွားကြတယ် မဟုတ်လား

ဟေး

အံ့သြသွားသူ၏အသံက ဤတစ်ခါ တုန်လှုပ်သွားသည်။

မိန်းကလေးတစ်ယောက်ကို စစ်ဆေး စရာရှိ၍ဆိုပြီး ညကြီးမင်းကြီးလာခေါ်သွား ကြသည်ဆိုခြင်းမှာ စိတ်ရှုပ်စရာပါတကား။

ကြံကြံဖန်ဖန် ဒေါ်ဒေါ်ရယ်၊ စစ်ဆေး စရာရှိတိုင်း  ဒီအချိန်ခေါ်ရသလားဗျ။ ဘယ်သူတွေလာခေါ်သွားတာလဲ

အဲဒါတော့ ဘယ်သူရယ်၊ ဘယ်ဝါရယ် ဆိုတာတော့ မသိပါဘူး မောင်ရဲမြင့်ရယ်။ ရဲဘော်ဖြူနှစ်ယောက်က သူတို့ဗိုလ်ကြီး အခေါ်လွှတ်တယ်ဆိုပြီး သမီးကိုလာခေါ် ကြတယ်။ အချိန်မတော်ကြီးမှာမို့ အဒေါ် လည်း တားပါသေးတယ်။ ပြောမရပါဘူး။ သမီးလေးဆို သူတို့နောက် မလိုက်ရဲလို့ အတင်းရုန်းကန် အော်နေတဲ့ကြားထဲက အတင်းဆွဲချသွားကြတယ်။ တောင်းပန်လို့ တောင် မရပါဘူးကွယ်။ ဒီအတိုင်းဆိုရင် အဒေါ့်သမီးလေးကို   ပြန်မှတွေ့ရပါဦး

မလား မောင်ရဲမြင့်ရယ်။ လုပ်ပါဦး လူလေး

ရယ်။ အဒေါ့်ကို ကယ်ပါဦး။ သမီးလေးကို ရှာပေးပါဦး

မခင်မှီအမေ၏ပြောငိုလိုက်သောစကား က ကိုရဲမြင့်တစ်ကိုယ်လုံးကို တုန်လှုပ်သွား စေသည်။

ဤသည်မှာ ဗိုလ်ညို၏လက်ချက်ပင် ဖြစ်ရမည်ဆိုသည်ကိုလည်း ကိုရဲမြင့် ချက် ချင်းသဘောပေါက်လိုက်၏။

တောက်...ကောင်းပေါ့ကွာ။ သိပ် ကောင်း သိပ်တော်တဲ့လူ၊ မိန်းကလေး တစ်ယောက်ကို စစ်ဆေးချင်လို့တဲ့၊ ညကြီး မင်းကြီး လာခေါ်ကြတာ သိပ်ဟုတ်၊ သိပ် တော်တဲ့ တော်လှန်ရေးသမားတွေ

ကိုရဲမြင့်သည် မည်သူ့ကိုစိတ်ဆိုးနေမှန်း၊ ကြုံးဝါးနေမှန်းမသိဘဲ ရေရွတ်လိုက်၏။

ကျွန်တော်      ခုပဲလိုက်သွားပါ့မယ် ဒေါ်ဒေါ်၊ စိတ်အေးအေးထားပါ။ ကဲ လာ ရဲဘော်တို့ သွားမယ်

ကိုရဲမြင့်သည် အိမ်ပေါ်၌ ထိုင်ပင်မထိုင် ခဲ့ဘဲ    ရှူးရှူးဒိုင်းဒိုင်းနှင့်   အိမ်ပေါ်က ဆင်းလာ၏။

ဆက်လက်ဖော်ပြပါမည်။