​​​​​​​ဒီးမော့ဆိုမြို့နှင့်  ဆီဆိုင်မြို့ လေကြောင်းအသုံးပြု၍ တပ်မတော်မှ ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ဒီးမော့ဆိုမြို့နှင့်  ဆီဆိုင်မြို့ လေကြောင်းအသုံးပြု၍ တပ်မတော်မှ ပစ်ခတ်ခဲ့မှုကြောင့် ထိခိုက်သေဆုံးမှုနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦတစ်ခု ထိခိုက်ပျက်စီးခဲ့ကြောင်း သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဖေဖော်ဝါရီလ ၅ ရက်

ဒီးမော့ဆိုမြို့တွင် ဖေဖော်ဝါရီ ၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် တပ်မတော်မှ လေကြောင်းအသုံးပြု ပစ်ခတ်ခဲ့မှုကြောင့် ကလေးငယ်အချို့ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင် ပြည်ဖျက် မီဒီယာ DVB က လူမှုကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိ ရသည်။

အဆိုပါသတင်းများနှင့် ပတ်သက်၍ သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်များအရ တပ်မတော်မှ ဒီမောဆိုးမြို့နယ်တွင်းသို့ လေကြောင်း ပျံသန်းမှုမရှိကြောင်း သိရှိရသည်။

အလားတူ ဆီဆိုင်မြို့တွင် ဖေဖော်ဝါရီလ ၂ ရက်နေ့က လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်ခတ်မှုများကြောင့် ဇဝနာရာမပရိယတ္တိစာသင်တိုက်ကြီး အဆောက် အဦ အချို့ပျက်စီးခဲ့ရကြောင်း တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က လူမှု ကွန်ရက်ပေါ်တွင် လုပ်ကြံရေးသားဝါဒဖြန့်နေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များ လုံခြုံရေးဆောင်ရွက်နေသည့် နေရာ များသို့ အဝေးမှ လက်နက်ကြီးများ၊ Drone အသုံးပြု၍ Drop ဗုံးများ ကျဲချ တိုက်ခိုက် ခြင်းများကြောင့် လက်နက်ကြီးဗုံးသီးများနှင့် Drop ဗုံးများ ဇဝနာရာမပရိယတ္တိ စာသင်တိုက်ကြီး အဆောက်အဦအချို့ကို ထိမှန်ခဲ့၍ ထိခိုက်ပျက်စီးခဲ့ရကြောင်း သက်ဆိုင်ရာနယ်မြေမှ လုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများ၏ နိုင်ငံအား အလုံးစုံပျက်သုဉ်းရေးအတွက် သတင်းတု၊ သတင်းအမှားများကို ကြိမ်ဖန်များစွာ လုပ်ကြံရေးသားပြီး ပြည်သူများအား သတင်းအဆိပ်ခတ် ဖြန့်ဝေလျက်ရှိရာ ၎င်းတို့၏ လုပ်ကြံသတင်းအမှားများအပေါ် ပြည်သူ များ အထင်အမြင် လွှဲမှားမှုမရှိစေရန်အတွက် နိုင်ငံပိုင် သတင်းဌာနများနှင့် သတင်းစာ များတွင် သတင်းအမှန်များကို အချိန်နှင့်တစ်ပြေးညီ ပြန်လည်ထုတ်လွှင့် ပေးလျက်ရှိ ကြောင်း သတင်းရရှိပါသည်။