PDF အမည်ခံအကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာရှိ မဟာဒက္ခိဏရာမကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်နှင့် ကပ္ပိယတို့အား ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်

 

PDF အမည်ခံအကြမ်းဖက်သမားများက မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင်ကျေးရွာရှိ မဟာဒက္ခိဏရာမကျောင်းတိုက်မှ ကျောင်းထိုင် ဆရာတော်နှင့် ကပ္ပိယတို့အား ရက်ရက်စက်စက်လုပ်ကြံသတ်ဖြတ်

နေပြည်တော်၊  ဖေဖော်ဝါရီ ၅ ရက်

အကြမ်းဖက်အဖွဲ့အစည်းများအဖြစ် ထုတ်ပြန်ကြေညာထားသည့် NUG၊ CRPH နှင့် ၎င်းတို့၏ လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်သမားများ၏ ရက်ရက်စက်စက် သတ်ဖြတ်မှုကြောင့် မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊ သရက်ကန်တောင် ကျေးရွာရှိ ဆရာတော်တစ်ပါး ပျံလွန်တော်မူခဲ့ပြီး ကပ္ပိယ တစ်ဦးတို့ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ ယနေ့နံနက် ၆ နာရီခွဲခန့်တွင် မလှိုင်မြို့နယ်၊ သရက်ကန်တောင် ကျေးရွာ၊ မဟာဒက္ခိဏရာမကျောင်းတိုက်၌ သီတင်းသုံးနေထိုင်လျက်ရှိသည့် ကျောင်း ထိုင်ဆရာတော် ဉူးဝိသူရ(၃၃)နှစ်၊ ဝါတော်(၁၄)ဝါ နှင့် ကပ္ပိယဖြစ်သူ ဦးစန်းမောင် တို့ ၂ ဦးအား PDF အမည်ခံအကြမ်းဖက်သမားများက လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

အထက်ပါဖြစ်စဉ်တွင် ဆရာတော်နှင့် ကပ္ပိယဖြစ်သူတို့အား ရက်ရက်စက်စက် လုပ်ကြံသတ်ဖြတ်ခဲ့သည့် PDF အမည်ခံအကြမ်းဖက်သမားများအား လုံခြုံရေး တပ်ဖွဲ့ဝင်များက အမြန်ဆုံးဖမ်းဆီးရမိရေး လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်းနှင့် အကြမ်းဖက်သမားများအနေဖြင့် မြန်မာနိုင်ငံသား အများစုကိုးကွယ်ရာဖြစ်သော ဗုဒ္ဓဘာသာ ရဟန်းသံဃာများကို ယခုကဲ့သို့ သတ်ဖြတ် နေမှုများအား ပြည်သူတစ်ရပ်လုံးမှ ကန့်ကွက်ရှုတ်ချလျက်ရှိကြောင်း သတင်းရရှိ သည်။