(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ တရားရုံးအဆောက်အဦသစ်ဖွင့်လှစ်

 

(၇၇)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ်၊ တရားရုံးအဆောက်အဦသစ်ဖွင့်လှစ်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၆

          (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ရန်ကုန် တိုင်းဒေသကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊  တရားရုံးအဆောက်အဦသစ်ဖွင့် ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါမြို့နယ် အတွင်းပဒံကျေးရွာရှိ ရန်ကုန်- ပုသိမ်ကား လမ်း စုပေါင်းရုံး အဆောက်အဦအမှတ်(၂)၌ပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး မြို့နယ်တရားရုံးသစ် ဆိုင်းဘုတ်ကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးကာ ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။ ထို့နောက် တာဝန်ရှိသူများက အဆောက်အဦသစ်နှင့် ပတ်သက်၍ ရှင်းလင်းပြကြပြီး စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် လှိုင်သာယာမြို့နယ် တရားရုံးတရားသူကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြား သည်။ ၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက တရားရုံးသစ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။