ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှု ကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့‌ကြောင်း သတင်းတု၊ သတင်းအမှား များကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့မှာ တပ်မတော်မှ လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှု ကြောင့် နေအိမ် ၆၀ ကျော် မီးလောင်ပျက်စီးခဲ့‌ကြောင်း သတင်းတု၊ သတင်းအမှား များကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၆ ရက်

          ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့တွင် တပ်မတော်နှင့် AA လက်နက်ကိုင်သောင်း ကျန်းသူများ ထိတွေ့တိုက်ပွဲပြင်းထန်နေပြီး တပ်မတော်မှ လေကြောင်းနှင့် လက်နက် ကြီး ပစ်ခတ်မှုများကြောင့် ရမ်းဗြဲမြို့ရှိနေအိမ်များ မီးလောင်ပျက်စီးသည်မှာ  အလုံး ၆၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း တစ်ဖက်သတ်စွပ်စွဲ ရေးသားထားသည့် သတင်း တု၊ သတင်းအမှားများကို လူမှုကွန်ရက်ပေါ်တွင် ပြည်သူများအထင်အမြင် လွှဲမှားစေရန် ရေးသားဖြန့်ဝေနေသည်ကိုတွေ့ရှိရသည်။

          AA လက်နက်ကိုင်သောင်းကျန်းသူများအနေဖြင့် တပ်မတော်နှင့် လုံခြုံရေး တပ်စခန်းများကို တိုက်ခိုက်ရာတွင် Drone များဖြင့် ဗုံးကျဲခြင်း ၊ လက်နက်ကြီးများ ဖြင့် ရမ်းသမ်းပစ်ခတ်ခြင်းများ ပြုလုပ်မှုကြောင့် မြို့၊ ရွာများအတွင်းသို့ ကျရောက် ပေါက်ကွဲကာ နေအိမ်များ မီးလောင်ပျက်စီးခဲ့သည့် ဖြစ်စဉ်များရှိခဲ့ကြောင်း၊ ထို့အ ပြင် AA လက်နက်ကိုင် သောင်းကျန်းသူများသည် စစ်ရေးပစ်မှတ်မဟုတ်သည့် ပြည်သူများ နေထိုင်ရာ အဆောက်အဦများနှင့် ပြည်သူများကို လူသားတံတိုင်းအဖြစ် အကာအကွယ်ယူ တိုက်ခိုက်လျက်ရှိပြီး ဆုတ်ခွာထွက်ပြေးချိန်များတွင် လုံခြုံရေး တပ်ဖွဲ့များ လိုက်ပါတိုက်ခိုက်မှုမရှိစေရန် နေအိမ်များကိုမီးရှို့ခဲ့ကြောင်း ဒေသခံ ပြည်သူများ၏ ပြောကြားချက်များအရ သိရှိရသည်။

          အကြမ်းဖက် အားပေးပြည်ဖျက်မီဒီယာများက ထိုသို့ ပြည်သူများကြောက်ရွံ့ ထိတ်လန့်စေပြီး နိုင်ငံတွင်းတည်ငြိမ် အေးချမ်းမှုမရှိစေရန်နှင့် တပ်မတော်၏ ဂုဏ် သိက္ခာကျဆင်းစေရန် သတင်းတု၊ သတင်း အမှားများကို လူမှုကွန်ရက်ပေါ်တွင် ရည်ရွယ်ချက် ရှိရှိရေးသား ဖြန့်ဝေလျက်ရှိ ဖြစ်ကြောင်း သတင်း ရရှိပါသည်။