PDF အမည်ခံအကြမ်းဖက်သမားများက မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ အမျိုးသား ၄ ဦးသေဆုံး

PDF အမည်ခံအကြမ်းဖက်သမားများက မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ လာရောက် ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သား ပြည်သူ အမျိုးသား ၄ ဦးသေဆုံး

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၇

စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ်၊ ကံကျေးရွာအတွင်းသို့ PDF အမည်ခံ အကြမ်းဖက်သမားများက ယနေ့နံနက်ပိုင်းတွင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် အကြောင်းမဲ့ လာရောက်ပစ်ခတ်ခဲ့မှုကြောင့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၄ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

ဖြစ်စဉ်မှာ PDF အမည်ခံအကြမ်းဖက်သမားများက ယနေ့နံနက် ၆ နာရီ ခန့်တွင် ကံကျေးရွာ၏ အနောက်ဘက် မီတာ ၄၀၀ ခန့်အကွာမှ နေ၍ ကျေးရွာ အတွင်းသို့ ၄၀ မမ ဗုံးပစ်လောင်ချာများ၊ လက်နက်ငယ်များဖြင့် အကြောင်းမဲ့ ပစ်ခတ်ခဲ့မှုကြောင့် ကျေးရွာအတွင်းနေထိုင်လျက်ရှိသည့် အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၄ ဦးဗုံးစထိမှန်ဒဏ်ရာများဖြင့် သေဆုံးခဲ့သည်။ ထို့ပြင် အဆိုပါ အကြမ်းဖက်သမားများသည် ကျေးရွာ၏အနောက်ဘက်ခြမ်းသို့ ဝင်ရောက်ကာ  လူနေအိမ်များအား မီးရှို့ ဖျက်ဆီးသွားခဲ့သဖြင့် လူနေအိမ် ၃၅ လုံးခန့် မီးလောင် ပျက်စီးသွားခဲ့ပြီး ၎င်းတို့ လာရာလမ်းအတိုင်းပြန်လည်ဆုတ်ခွာ ထွက်ပြေးသွားခဲ့ ကြောင်း သိရှိရသည်။

         PDF အမည်ခံအကြမ်းဖက်သမားများ၏ ယခုကဲ့သို့ မြို့/ ရွာ၊ လူနေ ရပ်ကွက်များအတွင်းသို့ အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အပြစ်မဲ့ ဒေသခံပြည်သူ သေဆုံးမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးဆောင်ရွက်မှုများကို တိုးမြှင့်ဆောင်ရွက် လျက်ရှိကြောင်းနှင့် ဖြစ်စဉ်ဖြစ်ပွားရာနေရာတစ်ဝိုက်အား လိုအပ်သော လုံခြုံရေးလုပ်ငန်းများ ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။