Online လောင်းကစားမှုများ၊ ငွေကြေးခဝါချမှုများနှင့် အလိုရှိသည့် ဦးကျော်လွင်(ဘ)ဦးအလီကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း

Online လောင်းကစားမှုများ၊ ငွေကြေးခဝါချမှုများနှင့် အလိုရှိသည့် ဦးကျော်လွင်(ဘ)ဦးအလီကို ဥပဒေအရအရေးယူရန် ဖမ်းဝရမ်းထုတ်ဆင့်ခြင်း

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းမြို့၊ အဏ္ဏဝါရပ်ကွက်၊ ပိတောက်လမ်း၊ အမှတ် (၂၅၀) နေ ဦးကျော်လွင်(ဘ)ဦးအလီသည် တရားမဝင် Online လောင်းကစားမှုများပြုလုပ်ခြင်း၊ ယင်းတရားမဝင် လောင်းကစားမှုများမှရရှိသော ငွေကြေးများ၊ ပစ္စည်းများကို အသွင်ပြောင်း လဲခြင်း၊ ဖုံးကွယ်ခြင်းများ ပြုလုပ်သည်ဟု သံသယဖြစ်ဖွယ်ရာတွေ့ရှိ ရခြင်းများကြောင့် ၎င်းကို ဥပဒေအရအရေးယူရန် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၇ ရက်နေ့တွင် ကော့သောင်းခရိုင်တရားရုံးက ဖမ်းဝရမ်း ထုတ်ဆင့်ထားကြောင်း သက်ဆိုင်ရာမှ သတင်းရရှိသည်။