ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာမှ ပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ပြီး လည်းလှီးသတ်ဖြတ်ခဲ့ကြောင်း သတင်းအမှားများကို လုပ်ကြံရေးသားဝါဒဖြန့်ချိလျက်ရှိ

ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာမှ ပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီး ညှဉ်းပန်းနှိပ်စက်ပြီး လည်းလှီးသတ်ဖြတ်ခဲ့ကြောင်း သတင်းအမှားများကို လုပ်ကြံရေးသားဝါဒဖြန့်ချိလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၇ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာမှ ပြည်သူ ၂ ဦးကို ဖေဖော်ဝါရီ ၆ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး သတ်ဖြတ်သွားခဲ့ကြောင်းကို PDF အမည်ခံအကြမ်းဖက်အဖွဲ့၏ တာဝန်ခံတစ်ဦးက ပြောကြားခဲ့သည်ဟု သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက  လူမှုကွန်ရက်ပေါ်တွင် မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်အမှန်မှာ ရေဦးမြို့နယ်၊ ကုက္ကိုစုကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲ့ဝင် များကို PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ၎င်းတို့ ချောင်းမြောင်း တိုက်ခိုက်ရန်အတွက် ကြိုတင်ပြင်ဆင်လုပ်ဆောင်နေမှုများ သတင်းပေါက်ကြား ခဲ့သည့်ဟု အကြောင်းပြချက်ဖြင့် အဆိုပါကုက္ကိုစုကျေးရွာမှ ရွာသားများကို ခြိမ်း ခြောက်ပြောဆိုခဲ့ပြီး ရွာသား ၂ ဦးကို ဒလန်ဟု စွပ်စွဲသတ်ဖြတ်သွားခဲ့ကြောင်း အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့် ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

လုံခြုံရေးတပ်ဖွဲ့ဝင်များသည် နယ်မြေလုံခြုံရေးနှင့် ရပ်ရွာတည်ငြိမ်အေးချမ်း ရေးကို ပြည်သူလူထုနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိရာ တရားမဝင်ပြည်ဖျက် မီဒီယာများက အကြမ်းဖက်သမားများ၏ အကြမ်းဖက်လုပ်ရပ်များကို ဖုံးကွယ်ရန်နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် အထင်အမြင်လွဲမှားစေရန်အတွက် လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာ ဖြစ်ကြောင်းသတင်းရရှိပါသည်။