မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတင်ရှို့ပြီး စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတင်ရှို့ပြီး စစ်ဘေးရှောင်ပြည်သူ ၃၀၀ ခန့်ကို ဓားစာခံအဖြစ်ဖမ်းဆီးထားကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၇ ရက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကန်ဆွယ်ကျေးရွာကို ဖေဖော်ဝါရီ ၅ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များ ၎င်းကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ရာ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူများက ဒရုန်းနှင့်ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ကန်ဆွယ်ကျေးရွာကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးတင်ရှို့နေပြီး ဘုန်းကြီးကျောင်း တွင် တိမ်းရှောင်နေသည့် ပြည်သူ ၃၀၀ ခန့်ကိုလည်း ဓားစာခံများအဖြစ် ဖမ်းဆီး ထားရှိကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွှဲမှားစေရန် မဟုတ်မမှန် လိမ်လည် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ဒေသခံပြည်သူတစ်ဦးထံ ဆက်သွယ်မေးမြန်း ပြောကြားချက်အရ ၎င်းရက်နေ့တွင် ကန်ဆွယ်ကျေးရွာအနီး၌ နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများ နှစ်ဖက်ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းကြောင့် သိရှိရပြီး ဒေသခံ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖမ်းဆီးထားခြင်း မရှိကြောင်း သိရှိရ သည်။

တရားမဝင်ပြည်ဖျက်မီဒီယာများမှ မြေပြင်ဖြစ်စဉ်သတင်းများကို အခြေခံကာ ပြည်သူများအားသတင်းအမှန်များ ချပြရေးသားခြင်းမရှိဘဲ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန် သတင်းတု၊ သတင်းအမှားများဖြင့် လိမ်လည်ရေးသား ဝါဒဖြန့် နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။