(၇၇) နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားအား ကျိုင်းတုံမြို့၌ ကျင်းပ

(၇၇) နှစ်မြောက်ရှမ်းပြည်နယ်နေ့အခမ်းအနားအား ကျိုင်းတုံမြို့၌ ကျင်းပ

နေပြည်တော်၊ ၂၀၂၄  ဖေဖော်ဝါရီ - ၇ ရက်

(၇၇) နှစ်မြောက်ရှမ်းပြည်နယ်နေ့ကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ မြို့တော်ခန်းမ၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် အောင်ခိုင်ဝင်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများ၊ တိုင်းရင်းသားစာ ပေယဉ်ကျေးမှုအဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၊ မြို့မိ၊ မြို့ဖများနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အလံကို အလေးပြုကြသည်။ ထို့နောက် တိုင်းမှူးက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ပေးပို့သည့် (၇၇)နှစ်မြောက် ရှမ်းပြည်နယ်နေ့ သဝဏ်လွှာ ကိုဖတ်ကြားပြီး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ က ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်ထံမှ ပေးပို့သည့် သဝဏ်လွှာတို့ကို အသီးသီး ဖတ်ကြားခဲ့ကြ ကြောင်း သတင်းရရှိသည်။