ဟားမက်က တင်သွင်းသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို မည်သည့်အခါမျှ

 

ဟားမက်က တင်သွင်းသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို မည်သည့်အခါမျှ

 

လက်ခံသဘောတူမည် မဟုတ်ဟု အစ္စရေးပြော

    အစ္စရေးနိုင်ငံအနေဖြင့်   ဟားမက်အဖွဲ့က တင်သွင်းသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို မည်သည့်အခါမျှ လက်ခံသဘောတူမည် မဟုတ်ကြောင်း ဝန်ကြီးချုပ် နေတန်ယာဟု၏  ရုံးမှထုတ်ပြန်ချက်ကို ကိုးကား၍ NBC သတင်းအေဂျင်စီက ဖေဖော်ဝါရီလ ၇ ရက်တွင် ထုတ်ပြန်သည်။

ဟားမက်အဖွဲ့က   တင်သွင်းသည့် အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တွင် အစ္စရေးတပ်များအား ဂါဇာကမ်းမြောင်ဒေသမှ ပြန်လည်ဆုတ်ခွာရန် တောင်းဆို ထားသည့် တောင်းဆိုချက်ပါဝင်ကြောင်း သိရသည်။

ဟားမက်အဖွဲ့သည်  ဖေဖော်ဝါရီလ၆  ရက်တွင် ဂါဇာကမ်းမြောင်ဒေသ၌ အပစ်အခတ်ရပ်စဲရေး အတွက် အဆင့် ၃ ဆင့်ပါ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက် တစ်ရပ်ကို ဖော်ပြသည်။ ယင်းအဆိုပြုချက်တွင် ဂါဇာကမ်းမြောင်ဒေသမှ အစ္စရေးတပ်များ လုံးဝဆုတ်ခွာရေး၊ ဒေသအတွင်း ပြန်လည်တည်ဆောက်ရေးနှင့်   သေဆုံးသွားသည့် ဓားစာခံများ၏ ရုပ်အလောင်းများကို   အပြန်အလှန် လဲလှယ်ရေးတို့ ပါဝင်သည်။

သို့သော် အစ္စရေးစစ်ဘက်အနေဖြင့် ၎င်းတို့၏တပ်များအား ဂါဇာကမ်းမြောင် ဒေသမှ ပြန်လည်ဆုတ်ခွာစေမည့် အဆိုပြုချက်ကို မည်သည့်အခါမျှ သဘောတူမည် မဟုတ်ကြောင်း အစ္စရေးအစိုးရနှင့် နီးစပ်သူတစ်ဦးက NBC သတင်းအေဂျင်စီသို့ ပြောကြားခဲ့ကြောင်း သိရသည်။