နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများ၏ အတန်းကူးပြောင်း နှစ်ဆုံး စာမေးပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

နေပြည်တော်အတွင်းရှိ အခြေခံပညာကျောင်းများ၏ အတန်းကူးပြောင်း နှစ်ဆုံး စာမေးပွဲများအောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေး ကျင်းပ

 

နေပြည်တော် ဖေဖော်ဝါရီ ၈

    ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ ၂၀၂၃-၂၀၂၄  ပညာသင်နှစ် အခြေခံပညာကျောင်းများ၏   အတန်းကူးပြောင်းနှစ်ဆုံး စာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင်  နေပြည်တော်ကောင်စီရုံး၌   ကျင်းပသည်။

အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီ အဖွဲ့ဝင်များ၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် ပညာရေးမှူးများ   တက်ရောက်ကြသည်။

အစည်းအဝေးတွင် နေပြည်တော် ကောင်စီဥက္ကဋ္ဌက  ၂၀၂၃-၂၀၂၄  ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ အတန်းကူးပြောင်း နှစ်ဆုံးစာမေးပွဲများ ကာလအတွင်း ဆရာ^မိဘများနှင့်  သက်ဆိုင်ရာဌာနများက ကျရာအခန်း ကဏ္ဍများတွင်  ပူးပေါင်းပါဝင် ဆောင်ရွက်စေလိုကြောင်း၊  ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ  (Grade-12) အောင်မြင်စွာ ကျင်းပနိုင်ရေးကို  အားလုံးက ဝိုင်းဝန်းပူးပေါင်း ပါဝင်ကြစေလိုကြောင်း၊ စာမေးပွဲများ ကျင်းပစဉ်ကာလအတွင်း လျှပ်စစ်မီးများ ပြတ်တောက်မှုမရှိစေရေး၊ အသံများ ဆူညံမှုမရှိစေရေး၊  မီးဘေးအန္တရာယ် ကင်းရှင်းစေရေး၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းစေရေး တို့ကို  စနစ်တကျ ဆောင်ရွက်ပေးသွားရမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် နေပြည်တော်ပညာရေးမှူးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းများ၏ အတန်းကူးပြောင်း နှစ်ဆုံးစာမေးပွဲများ အောင်မြင်စွာ ကျင်းပနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့် အစီအမံများကို   ရှင်းလင်းတင်ပြကြပြီး  နေပြည်တော်ကောင်စီဥက္ကဋ္ဌက အတန်းကူးပြောင်း နှစ်ဆုံးစာမေးပွဲများတွင် တာဝန်ထမ်းဆောင်ကြမည့်    မြို့နယ်ရှစ်မြို့နယ်မှ ကြီးကြပ်ရေးမှူးနှင့်  လက်ထောက် ကြီးကြပ်ရေးမှူးများ အတွက်   ထောက်ပံ့ ပစ္စည်းများ ပေးအပ်၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။