မြောင်းမြမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ  မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆက်လက်ဆောင်ရွက်

 

မြောင်းမြမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများ  မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း ဆက်လက်ဆောင်ရွက်

 

နေပြည်တော် ဖေဖော်ဝါရီ ၈

    ဧရာဝတီတိုင်းဒေသကြီးနယ်မြေ မဲဆန္ဒရှင်ပြည်သူများ မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့်  လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်းကို ဖေဖော်ဝါရီလ ၇ ရက်မှစ၍ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် မြောင်းမြမြို့နယ် ရပ်ကွက်/ကျေးရွာအုပ်စု ၁၁၄ ခုမှ ပြည်သူ ၆၁၅  ဦး   တက်ရောက်ပြီး လက်တွေ့စမ်းသပ်မဲပေး လေ့လာကြသည်။

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးသန်းထွန်း၊ တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများမှ တာဝန်ရှိသူများက MEVM  စက်ဖြင့် စမ်းသပ်မဲပေးမှု အဆင့်ဆင့်ကို ရှင်းလင်းပြသ ဆောင်ရွက်ကြပြီး  မြောင်းမြမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနနှင့် ပညာရေး ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများ၊ မြို့နယ်အဆင့်ဌာန ဆိုင်ရာဝန်ထမ်းများ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ် မဲပေးကြကြောင်းနှင့် မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် လက်တွေ့စမ်းသပ် မဲပေးလေ့လာခြင်း အစီအစဉ်ကို  ဧရာဝတီတိုင်းဒေသကြီး နယ်မြေရှိ မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။