မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ  အငြိမ်းစားဝန်ထမ်းဟောင်းများ   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ရှိ  အငြိမ်းစားဝန်ထမ်းဟောင်းများ   မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၉ ရက်

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့မှ ဌာနအသီးသီးရှိ အငြိမ်းစားဝန်ထမ်းဟောင်း  များနှင့် ကြီးကြပ်သူများ စုစုပေါင်း ၄၇ ဦးတို့သည် ယနေ့နံနက်ပိုင်းတွင် ပြည်ထောင်စု နယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော်တွင် တည်ထား ပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်များအနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူး မြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန်အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် အငြိမ်းစားဝန်ထမ်းများသည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည် ဆောက်ပူဇော်ခဲ့မှုလုပ်ငန်းစဉ်အဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများ ပြောကြားကြပြီး ရုပ်ပွား တော်မြတ်ကြီး အောင်မြင်စွာ တည်ထားပူဇော်နိုင်ခဲ့မှု အခြေအနေနှင့် စပ်လျဉ်း၍ သိရှိ လိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်း ဖြေကြားသည်။  

 ဆက်လက်၍ ဘုရားဖူး အငြိမ်းစားဝန်ထမ်းများသည် မာရဝိဇယဗုဒ္ဓရုပ်ပွား တော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များ အသုံးပြု၍ တည်ဆောက်ထားသည့် ဂန္ဓကုဋိ ၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်း ဓာတ်ပုံများ၊ အဂ္ဂါဓိပတိသာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံ စေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေ များ ပေးအပ်လှူဒါန်းကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား အနယ်နယ်အရပ်ရပ်မှ ရဟန်း ရှင်လူဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင်မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်းများ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -

မာရဝိဇယရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြှော်ခဲ့ကြသည့် အငြိမ်းစားဝန်ထမ်း များ၏ ရင်တွင်းစကားသံများ

၁။ မင်္ဂလာပါဗျာ။ မကွေးကနေပြီး နေပြည်တော်က ဒီမာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးကိုဖူးရတဲ့အခါမှာ တော်တော်များများအဆင်ပြေတာတွေ့ရတယ်။ ကားစီးလာတုန်းက လည်းအဆင်ပြေတယ်။ ဒီရောက်တော့လည်း အဆင်ပြေတယ်။ စားဖို့သောက်ဖို့လည်း အဆင်ပြေတယ်။ ဒီမှာရှိတဲ့လူတွေကလည်း ရင်းရင်းနှီးနှီးကြိုဆိုပြီး စနစ်တကျ ကျွန်တော် တို့ကိုရှင်းပြတဲ့အတွက် ကျွန်တော် တော်တော်ကိုပီတိဖြစ်မိပါတယ်။ ကျွန်တော်တို့ အညာ မှာရှိတဲ့ ဘုရားတွေဟာ ဒီဘုရားကြီးနဲ့ယှဉ်ရင် သေးသေးလေးပေါ့။ ဒီမှာကျတော့ အကြီးကြီးပဲ။ အဲ့တာ့ကြောင့် ကျွန်တော်ကပြောလိုက်ချင်တာ “ကြီးကြီးနဲ့ကျယ်ကျယ် မင်းတည်တဲ့ဒီဘုရား ဘေးမသီရန်မခ လိုတရပြည့်စုံစေတယ် ဖူးမြှော်ဆုတောင်း” ဆိုတဲ့ ကဗျာလေးကို ကျွန်တော်ပြောချင်ပါတယ်။ အာရှမှာရွှေမြန်မာ ကမ္ဘာမှာအလွန်ထင်ရှား ကျောင်းကန်ဘုရား လှူဒါန်းကြ၏၊ သံဃာအကျော် နှစ်စဉ်ပေါ်၏၊ တရားသံများ အမြဲကြား ၏၊ ဘုရားဖူးနော် နေ့စဉ်ခေါ်၏၊ ရဟန်းရှင်လူ မင်းပြည်သူတို့ ပေါင်းစုအားကြောင့် နေရ ပျော်သည် ပြော၍နေသည် နေပြည်တော်မှာပျော်ပါသည်။ ဒီဘုရားနဲ့ပတ်သက်တဲ့နှီးနွယ် ဆက်စပ်တဲ့ပုဂ္ဂိုလ်များ၊ နိုင်ငံတော်အကြီးအကဲများအားလုံး ကျွန်တော်တို့က လှိုက်လှိုက် လှဲလှဲ ကျေးဇူးတင်တယ်ဆိုတဲ့အကြောင်း တင်ပြလိုပါတယ်။

၂။ ဒီရုပ်ပွားမြတ်တော်ကြီးကိုအရင်ဝင်ဖူးတယ်။ ယခုလို ဘုရားရင်ပြင်တော်ပေါ်မှာ လိုက်လံဖူးမြှော်ရာတွင် ဒီလောက်နေပူနေတာတောင် ရင်ပြင်တော်ပေါ်မှာ ခင်းထားတဲ့ စကျင်ကျောက်ပြားတွေကြောင့် အေးအေးဆေးဆေးလမ်းလျှောက်လို့ရတယ်။ ဖူးလို့ရ တယ်ပေါ့နော်။ ဘုရားဖူးပို့ဆောင်ပေးတဲ့ အစိုးရဌာနအဖွဲ့များကို ကျေးဇူးတင်တယ်။ အရင် တုန်းကတော့ တီဗွီပေါ်မှာပဲမြင်ရ ဖူးရတာပေါ့နော်။ အခုတော့ စကျင်ကျောက်နဲ့ထုလုပ် ထားတဲ့ ဘုရားကြီးကို ကိုယ်တိုင်လည်းလက်တွေ့ဖူးမြှော်ရတယ်။ ဖူးမြှော်ရာတွင်လည်း  ဘုရားကြီးက သပ္ပာယ်ကြည်ညိုဖို့အလွန်ကောင်းပါတယ်။ အခုကမိသားစုမပါသေးဘူးပေါ့ လေ။ တစ်ယောက်တည်းလာရတာဆိုတော့ မိသားစုနဲ့လည်းလာချင်ပါသေးတယ်။

၃။ ဆရာမကြီးက ပညာရေးဌာနက အငြိမ်းစားတစ်ယောက်ဖြစ်ပါတယ်။ မကွေးမြို့နယ်က နေလာရောက်ဖူးမြှော်တာဖြစ်ပါတယ်။ ဒီကိုလည်း တစ်ခါမှလာရောက်မဖူးမြှော်ဖူးပါဘူး။ အခုလို အစိုးရအစီအစဉ်နဲ့ လာရောက်ဖူးမြှော်ခွင့်ရတဲ့အတွက် အရမ်းကိုဝမ်းသာပီတိဖြစ် ပြီးတော့ ကျေးဇူးလည်းတင်ပါတယ်။ ဖူးမြှော်ရတာလည်း အလွန်ကိုကြည်ညိုစရာကောင်း ပါတယ်။ ဘုရားကြီးကိုမြင်တဲ့အချိန်မှာ လာရတဲ့ခရီး ကိုယ့်ရဲ့ပင်ပန်းနေတဲ့စိတ်တွေ အရာ အားလုံးပျောက်ပြီးတော့ ကြည်နူးနေတဲ့စိတ်အပြည့်နဲ့ ပျော်ပျော်ရွှင်ရွှင်ဖြစ်မိတာတော့ အမှန်ပါပဲ။ ဘုရားကြီးကို ယခုလိုဖူးမြှော်နိုင်အောင် တည်ပေးတဲ့ဘုရားဒကာကြီးကိုလည်း အလွန်ကိုပဲကျေးဇူးတင်ပါတယ်။ ခေတ်အဆက်ဆက်မှာလည်း နောင်လာနောက်သား လေးတွေအခုလို ကြည်နူးပြီးတော့ ပျော်ရွှင်နေမှာ သဒ္ဒါတရားဖြစ်ပေါ်နေမယ်ဆိုတာလည်း ဆရာမကြီးအနေနဲ့ ယုံကြည်မိပါတယ်။