​​​​​​​ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ ခေါင်းဆောင်ဗိုလ်ချုပ်ဇော်မင်းထွန်း၏ ပြောကြားချက်

မနေ့ကတော့ ကျွန်တော်တို့ ပြည်သူစစ်မူထမ်းဥပဒေကို အာဏာတည်တဲ့အမိန့် ထုတ်ပြန် ခဲ့ပါတယ်၊ ဒီကိစ္စနှင့်ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိကြောင်းတွေ့ရပါတယ်၊ ဒီကြားထဲမှာထုံးစံ အတိုင်းပေါ့ ပြည်ဖျက်မီဒီယာတွေ အကြမ်းဖက်အဖွဲ့အစည်းတွေအနေနဲ့  ဒီအပေါ်မှာ အဆိုးမြင် ဝါဒနဲ့ ပြည်သူလူထူကိုကြောက်လန့်အောင် ခြိမ်းခြောက်နေတာတွေ နိုင်ငံချစ်စိတ်မျိုးချစ်စိတ် ပျက်ပြားအောင် လုပ်ဆောင်နေတာကို တွေရပါတယ်။

 ကျွန်တော်အနေနဲ့ ဒီပြည်သူစစ်မူထမ်းဥပဒေ တစ်နည်းအားဖြင့် အမျိုးသားစစ်မူထမ်းစနစ် နှင့် ပတ်သက်ပြီး ပြည်သူလူထူပိုမိုသိရှိနိုင်စေဖို့ ပြောပြလိုပါတယ်၊ နိုင်ငံသား တိုင်းနိုင်ငံသားတိုင်း ဟာ မိမိနိုင်ငံကိုချစ်ကြပါတယ်၊ မီမီနိုင်ငံကိုဖွံ့ဖြိုးတိုးတက်စေချင်ကြပါတယ်၊ သူများနိုင်ငံတွေ ထက် မိမိနိုင်ငံကိုသာစေချင်တယ်၊ ဒါကာနိုင်ငံချစ်စိတ်ပါ၊ ကောင်းပါတယ်၊ ဒါဆိုရင်နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့အရေးဘာလိုသလဲ၊ အဓိကအခြေခံအကျဆုံးလိုအပ်ချက်ကတော့ တည်ငြိမ် အေးချမ်းရေးပါ၊ တည်ငြိမ်းအေးချမ်းမှပဲကောင်းစွာစီးပွားရှာလို့ရမယ်၊တည်ငြိမ်းအေးချမ်းမှလည်း ကောင်းစွာသွားလာလို့ရမယ်၊ နေထိုင်လို့ရမယ်၊ တိုးတက်အောင်လုပ်လို့ရမယ်၊ တည်ငြိမ် အေးချမ်းဖို့ဘာလိုသလဲ၊ ပြည်သူ့တွေဘဝလုံခြုံဖို့လိုပါတယ်၊ လုံခြုံရေး၊ ကာကွယ်ရေးအင်အား ကောင်းဖို့လိုပါတယ်၊ နိုင်ငံတစ်ခုမှာရိုသေခန့်ညားလောက်တဲ့ လုံခြုံရေးအင်အား၊ ကာကွယ်ရေး အင်အားမရှိပဲနဲ့ ခိုင်မာတဲ့တည်ငြိမ်အေးချမ်းမူဆိုတာ မရှိနိုင်ပါဘူး၊ ကျွန်တော်တို့လို လွတ်လပ်ရေး ရပြီးကတည်းက ပြည်တွင်းသောင်းကျန်းမှုနဲ့ ကြုံလာတဲ့နိုင်ငံမှာဆိုရင် ဒီကိစ္စက ပိုပြီးလိုတာပေါ့၊ ရိုသေခန့်ညားလောက်တဲ့ကာကွယ်ရေးစွမ်းပကား၊ လုံခြုံရေးစွမ်းပကားရှိဖို့ တပ်မတော်တစ်ရပ်ထဲမှာပဲ တာဝန်ရှိတာမဟုက်ပါဘူး။ ကျွန်တော်တို့နိုင်ငံကိုချစ်တဲ့ နိုင်ငံသား အားလုံးမှာ တာဝန်ရှိပါတယ်။

ဒီနေ့ကမ္ဘာကို ပြန်ကြည့်ရအောင် ကမ္ဘာမှာGloblelizationနည်းပညာ ဖွံ့ဖြိုးတိုးတက်မူတွေ ကြောင့်ယခင်ကတော့ ပြည်တွင်းရေး အိမ်တွင်းရေးလိုထင်ရတဲ့ ကိစ္စတွေတောင်မှပဲ သတင်း ခေတ်  Information age ရိုက်ခတ်မှုကြောင့် ကမ္ဘာ့အရေး၊ ဒေသအရေး သဖွယ်ဖြစ်လာတာတွေ တွေ့ရပါတယ်၊ ကျွန်တော်တို့နေ့စဉ်ထိတွေ့ကိုယ်တွယ်ရတဲ့ အင်တာနက်စာမျက်နှာတွေ၊  ရုပ်မြင်သံကြားစက်တွေ၊ လူမူကွန်ရက်စာမျက်နှာတွေကနေတစ်ဆင့် ကမ္ဘာ့ပုံရိပ်တွေကို ကျွန်တော်တို့အချိန်နဲ့တစ်ပြေးညီ တွေ့မြင်နေရပါတယ်။

ကမ္ဘာမှာ ငြိမ်းချမ်းရေး၊ လက်နက်ဖျက်သိမ်းရေး၊ ပတ်ဝန်ကျင်ထိန်းသိမ်းရေး၊ ကျန်းမာရေး၊ လူအခွင့်အရေး စတဲ့စတဲ့ နှစ်သက်သဘောကျဖွယ်ကောင်းတဲ့ ဟန်ရေးပြမူတွေ တွေ့နေတော့ လည်း ယနေ့သတင်းခေတ်ရဲ့ အကျိုးကျေးဇူးကြောင့် သေချာပြန်လည် ဆန်းစစ်ကြည့်မယ်ဆိုရင် ဒေသအနှံ့မှာဖြစ်နေတဲ့ မငြိမ်မသက်မူတွေ၊ အင်အားကြီးနိုင်ငံအချို့ရဲ့ လူအခွင့်အရေး၊ ဒီမိုကရေစီအရေး၊ အကြမ်းဖက်နှိမ်နင်းရေးအကြောင်းပြပြီး ဆင်နွှဲနေတဲ့စစ်ဆင်ရေးတွေ၊ သူတို့ မနှစ်သက်တဲ့ အစိုးရတွေအုပ်ချုပ်နေတဲ့နိုင်ငံတွေအပေါ်မှာ နည်းမျိုးစုံသုံး ပိတ်ဆို့မူတွေ၊ proxy war ကိုယ်စားစစ်ပွဲဆင်နွှဲမူတွေ၊ လက်နက်ခဲယမ်းအသစ်ထုတ်လုပ် စစ်အင်အားတိုးချဲ့ နေမှုတွေ က မမြင်ချင်အဆုံးပါပဲ ဒီလို လှုပ်ခတ်နေတဲ့ကမ္ဘာကြီးမှာ နိုင်ငံအများစုက မိမိတို့နိုင်ငံရဲ့ အချူပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးကို ကြိုးစားတည်ဆောက်နေရပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့ ကမ္ဘာ့နိုင်ငံအများစုအနေနဲ့ ကိုယ့်နိုင်ငံကို ကမ္ဘာနဲ့အညီ ခေတ်နဲ့အမီဖွံ့ဖြိုး တိုးတက်ရေး အားသွန်ခွန်စိုက်ကြိုးပမ်းနေရသလို နိုင်ငံကြီးတွေရဲ့ ခေတ်သစ် ကိုလိုနီဝါဒနဲ့ မိမိတို့နိုင်ငံအပေါ်၊ မိမိတို့ရဲ့အချုပ်အခြာအာဏာနဲ့ လွတ်လပ်ရေးအပေါ် ထိပါးလာမူတွေ၊ ထိုးဖောက်လာမူတွေနဲ့ လွှမ်းမိုးနေမူတွေအပေါ် အစွမ်းကုန်ကြိုးစား ကာကွယ်နေရတာကို တွေ့ရပါလိမ့်မယ်။ ဖွံ့ဖြိုးတိုးတက်မှုနောက်ကျတဲ့ နိုင်ငံအများစုမှာ နည်းပညာ မြင့်မားတဲ့ လက်နက်တွေ၊ စစ်သုံးကိရိယာပြည့်စုံစွာကိုင်တွယ်နိုင်တဲ့တပ်မတော်နဲ့ လက်နက်ကိုင်တပ်ဖွဲ့များ အကန့်အသတ်ဖြင့် သာရှိနိုင်တဲ့အတွက် နိုင်ငံတော်ကိုကာကွယ်ဖို့ နိုင်ငံ့စွမ်းအားစု အားလုံး ပါဝင်ကာကွယ်ရန် လိုအပ်လာတဲ့အခြေအနေဖြစ်ပါတယ်။

အဲဒီတော့ နိုင်ငံတော်မှာရှိတဲ့ နိုင်ငံ့စွမ်းအားစုအားလုံးပါဝင် ဆောင်ရွက်နိုင်ရေးအတွက် တစ်ခုတည်းသောနည်းလမ်းကတော့ အမျိုးသားစစ်မှုထမ်းစနစ် National Service ပဲ ဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံတော်စီးပွားရေးနဲ့ နိုင်ငံတော်လုံခြုံရေးတွေကို ဘက်ညီမျှစွာဖွံ့ဖြိုးတိုးတက်လာစေရေးအတွက်  ဆောင်ရွက်ရတဲ့ လုပ်ငန်းလည်း ဖြစ်ပါတယ်။

နိုင်ငံတော်စစ်မှုထမ်းစနစ်ဆိုတာက ရေတိုဆောင်ရွက်ရတဲ့လုပ်ငန်း မဟုတ်ဘဲ ရေရှည် တစိုက်မတ်မတ်ဆောင်ရွက်ရတဲ့ စီမံချက် (Long Term Plan) ဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့ ဥပဒေပြဌာန်းချက်တွေ၊ တပ်မတော်ရဲ့မြင့်မားတဲ့စွမ်းဆောင်နိုင်မှု၊ ပြည်သူလူထု တစ်ရပ်လုံးရဲ့ မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ အသိဉာဏ်ပညာမြင့်မားမှုတွေနဲ့ ကာကွယ်ရေးပညာ ဗဟုသုတ ကြွယ်ဝမှု၊ ကာကွယ်ရေးပညာတတ်ကျွမ်းမှုတို့ ပေါင်းစပ်ပြီးဆောင်ရွက်ရမယ့် လုပ်ငန်း စဉ်တွေ ဘဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းစနစ်ကို ကျင့်သုံးရ ခြင်းဖြစ်ပါ တယ်။

ကျွန်တော်တို့နိုင်ငံက ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဘာကြောင့် ဒီပြည်သူ့စစ်မဟာဗျူဟာကိုကျင့်သုံးနေရသလဲဆိုရင် မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အခြေအနေ၊ ပထဝီနိုင်ငံရေးအနေအထားအရ ပါဝင်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပထဝီနိုင်ငံရေး အနေအထားနဲ့ ပြောရင် အချက်အခြာကျတယ်၊ အရေးပါတယ်ဆိုပြီးပြောကြပါတယ်။ အဲဒီအတွက် အချက် အခြာကျတယ်၊ အရေးပါတယ်ဆိုတဲ့အတွက် အခွင့်အရေးတွေ(Opportunity) ရှိသလို ခြိမ်းခြောက်မှု(Threat)တွေလည်း ရှိပါတယ်။ ဒါတွေကို ကျွန်တော်တို့ကာကွယ်နိုင်ဖို့ ပြည်သူ လူထုတစ်ရပ်လုံး ပါဝင်ဖို့လိုအပ်ပါတယ်။ ဖွံ့ဖြိုးတိုးတက်ဆဲနိုင်ငံတွေ၊ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျတဲ့နိုင်ငံတွေမှာ ကမ္ဘာမှာရည်ရှည်ရပ်တည်နိုင်ဖို့အတွက် စီးပွားရေးအင်အားကို တည်ဆောက်ရတဲ့အပြင် မိမိအင်အားကိုလေးစားခန့်ညားဖို့အတွက် ကာကွယ်ရေးအင်အား ကိုလည်း တည်ဆောက်ရပါတယ်။ ဒါတွေကို တည်ဆောက်တဲ့နေရာမှာ နိုင်ငံရဲ့စီးပွားရေး စွမ်းအား(Economic Might)၊ နိုင်ငံရဲ့ကာကွယ်ရေးစွမ်းအား(Military Might) ဘက်ညီမျှတပြီး ချိုးခြံချွေတာနိုင်ဖို့အတွက် ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်တည်ဆောက်ဖို့လိုပါတယ်။

 ဒါတွေကိုကျင့်သုံးခြင်းအားဖြင့် ကျွန်တော်တို့အနေနဲ့ ကာကွယ်ရေးစွမ်းပကားအသင့်ဖြစ်မှုတွေ၊ စစ်ဘက်/အရပ်ဘက် ဆက်ဆံရေး ပိုမိုကောင်းမွန်မှုတွေ၊ စစ်ဘက်ကို အရပ်ဘက်က နားလည် နိုင်စွမ်း၊ အရပ်ဘက်ကို စစ်ဘက်က နားလည်နိုင်စွမ်း ပိုမိုမြင့်မားတိုးတက်လာမှာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ လက်ရှိအခြေအနေဖြစ်ပါတယ်။ ကျွန်တော်တို့အခုလိုလုပ်ဆောင်ရတာ က ပြည်သူလူထုရဲ့ဆန္ဒ ဖြစ်တဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်တာ ဘဲဖြစ်တယ်။ ဒီ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ဖြစ်ဖို့အတွက် ပထမဦးဆုံးလိုတဲ့ အခြေခံအုတ်မြစ်က သိက္ခာရှိတဲ့အထွေထွေရွေးကောက်ပွဲ ပြန်လည်ကျင်းပပေးဖို့ပဲဖြစ်တယ်။

 ဒါကို ကျွန်တော်တို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရအနေနဲ့လည်း အမြဲတမ်းအာမခံ ထားတာဖြစ်တယ်။ ကျွန်တော်တို့ စတင်တာဝန်ယူစဉ်ကတည်းကနေ အခုချိန်အထိ ကျွန်တော် တို့ရဲ့ ရှေ့လုပ်ငန်းစဉ်တွေ၊ ဦးတည်ချက်တွေမှာ အမြဲတမ်း ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ ပြန်လည်ကျင်းပဖို့ဆိုတာ အာမခံထားပြီးဖြစ်တယ်။

ရည်ရွယ်ဆောင်ရွက်ပြီးဖြစ်တယ်။ ဒီလို ရွေးကောက်ပွဲလုပ်ဖို့အတွက် တည်ငြိမ်အေးချမ်းဖို့ လိုပါတယ်။ ဒီ တည်ငြိမ်အေးချမ်းမှုကို ကျွန်တော်တို့ တည်ဆောက်ရပါမယ်။ တည်ဆောက်ရာ မှာလည်း နိုင်ငံသားအားလုံး ပါဝင်တည်ဆောက်မှ ဖြစ်မှာဖြစ်ပါတယ်။ ယခုလက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေကိုကြည့်ရင် အကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ PDF အမည်ခံအကြမ်းဖက် သောင်းကျန်းသူများ၊ အခြားအကြမ်းဖက်သောင်းကျန်းသူတွေအနေနဲ့ ဘယ်လိုပဲနာမည်ကောင်း တွေနဲ့ ဟစ်ကျွေးနေပါစေ သူတို့လိုချင်တာက စစ်ဘုရင်ဝါဒ၊ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ် ဓားတစ်စင်းဝါဒကိုကျင့်သုံးချင်နေတာပဲဖြစ်ပါတယ်။

လက်တွေ့မှာလည်း ဒါတွေကိုမြင်နေရမှာဖြစ်ပါတယ်။ ဒါတွေကို ကျွန်တော်တို့ ပြည်သူလူထု တစ်ရပ်လုံးက တိုက်ဖျက်ရမှာဖြစ်ပါတယ်။ ပြည်သူတိုင်း ဒီမိုကရေစီအခွင့်အရေးကို ခံစားရမှာ ဖြစ်ပါတယ်။ ဒီအတွက်လည်း မျိုးချစ်စိတ်ရှိတဲ့နိုင်ငံသားတိုင်း၊ နိုင်ငံချစ်စိတ်ရှိတဲ့နိုင်ငံသားတိုင်း က ကာကွယ်နိုင်ဖို့ ပြည်သူ့စစ်အဖွဲ့များဖွဲ့စည်းပေးရေး၊ ဒေသခံကာကွယ်ရေးအဖွဲ့များ ဖွဲ့စည်း ပေးရေး အင်တိုက်အားတိုက်တောင်းဆိုနေတာတွေ ရှိပါတယ်။ ဒါကြောင့် ဒီပြည်သူ့စစ်အဖွဲ့များ၊ ဒေသခံကာကွယ်ရေးအဖွဲ့များထက်ပိုပြီးဥပဒေနဲညီညွတ်တဲ့၊ပိုပြီးစနစ်ကျတဲ့ ဒီ ပြည်သူ့စစ်မှုထမ်း စနစ်ကို ကျွန်တော်တို့ပြဌာန်းရခြင်း၊ တည်ဆောက်ရခြင်း ဖြစ်ပါတယ်။

ဒါ့ကြောင့် နံပါတ်(၁) အနေနဲ့ ရိုသေခန့်ညားလောက်တဲ့ ကာကွယ်ရေးစွမ်းအားနဲ့ နိုင်ငံတော်ကို ကာကွယ်နိုင်ရေးအတွက် ဒီ ပြည်သူ့စစ်မှုထမ်းစနစ်မှာ နိုင်ငံသားအားလုံး ပါဝင်ကြဖို့ တိုက်တွန်း ပြောကြားလိုပါတယ်။

နံပါတ်(၂) အချက်အနေနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကလိုအပ်တဲ့ တည်ငြိမ် အေးချမ်းမှုကို နိုင်ငံသားအားလုံးပါဝင်တည်ဆောက်ကြဖို့လိုပါတယ်။

နံပါတ်(၃) အနေနဲ့ ပြည်သူလိုလားတဲ့ စစ်မှန်စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကာကွယ်ဖို့၊  စစ်ဘုရင်ဝါဒ၊ သူတစ်လူငါတစ်မင်း၊ နယ်တစ်နယ်ဓားတစ်စင်း အကျင့်ဆိုးတွေကို တိုက်ဖျက်ဖို့ ပြည်သူအားလုံး ပြည်သူ့စစ်မှုထမ်းစနစ်ကို အားပေးထောက်ခံဝိုင်းဝန်းကူညီပံ့ပိုးကြဖို့ တိုက်တွန်း လိုပါတယ်။ အားလုံးကိုကျေးဇူးတင်ပါတယ်။

ကျေးဇူးတင်ပါတယ်။