ဆောင်းရာသီ ကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် လာနီညာအခြေအနေ

နေပြည်တော်  ဒီဇင်ဘာ  ၁

အီကွေတာအနီးရှိ အပူပိုင်းပစိဖိတ်သမုဒ္ဒရာ (Tropical Pacific  Ocean) ၏ ပင်လယ်ရေ မျက်နှာပြင် အပူချိန်နှင့် လေထု ဖြစ်စဉ်များအရ လက်ရှိတွင် အားအသင့််အတင့် ရှိသော လာနီညာ အခြေအနေသို့ ရောက်ရှိနေသည်။ နိုင်ငံတကာ မိုးလေဝသဌာနများ၏ သင်္ချာပုံစံပြု မော်ဒယ်များ ခန့်မှန်းချက်အရ ဆောင်းရာ သီကာလ များဖြစ် သည့် ဒီဇင်ဘာလ၊ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလတို့တွင် အားအသင့်အတင့်မှ  အားကောင်းသော  လာနီညာ အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရသည်။

လာနီညာဖြစ်စဉ်သည် ပစိဖိတ်သမုဒ္ဒရာတွင်ဖြစ်ပေါ်သည့် ဖြစ်စဉ်ဖြစ်သော်လည်း အဆိုပါ လာနီညာ ဖြစ်စဉ် ကြောင့် အကျိုးသက်ရောက်မှုမှာ ယေဘုယျအားဖြင့် ဆောင်းရာသီကာလအတွင်း အရှေ့မြောက် မုတ်သုံလေ အားကောင်း မှုကြောင့်  မြန်မာနိုင်ငံတွင် ညအပူချိန်များ လျော့နည်းခြင်း၊ အအေးပိုခြင်း၊ အရှေ့ဘက်မှ လေပွေ လှိုင်းများ တိုက်ခတ်ခြင်း၊  အချိန်အခါမဟုတ် မိုးရွာသွန်းမှု ဖြစ်စဉ်များ ပိုမိုဖြစ်ပေါ်လာခြင်း စသည့်် ရာသီဥတု ဖြစ်စဉ်များဖြစ်ပေါ်လေ့ရှိသည်။

လာနီညာဖြစ်ပေါ်မှုနှင့် ပတ်သက်သည့်  အခြေအနေများအား အချိန်နှင့်တစ်ပြေးညီ ဆက်လက်ထုတ်ပြန် ပေးသွား မည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ သတင်းထုတ်ပြန် ထားသည်။