ဖိလစ်ပိုင်မြေပြိုမှု၌ သေဆုံးသူ ၃၇ ဦးအထိမြင့်တက်လာ

 

ဖိလစ်ပိုင်မြေပြိုမှု၌ သေဆုံးသူ ၃၇ ဦးအထိမြင့်တက်လာ

 

ဖိလစ်ပိုင်နိုင်ငံတွင်ဖြစ်ပွားသည့်မြေပြိုမှု၌ သေဆုံးသူအရေအတွက်မှာ ၃၇ ဦးအထိမြင့်တက်လာပြီဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးက ဖေဖော်ဝါရီလ ၁၁ ရက်တွင် ပြောသည်။

တစ်ချိန်တည်းမှာပင် မြေပြိုမှုကြောင့် အသက်ရှင်ကျန်ရစ်သူများကို ရှာဖွေတွေ့ရှိနိုင်မှု မျှော်လင့်ချက်မှေးမှိန် လာသော်လည်း ကယ်ဆယ်ရေးသမားများက ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်လျက်ရှိသည်။

မြေပြိုမှုသည် ပြီးခဲ့သည့်သီတင်းပတ်တွင် မာကိုမြို့ရှိ ရွှေတွင်းတစ်တွင်း အပြင်ဘက်၌ ဖြစ်ပွားခြင်းဖြစ်ပြီး နေအိမ်များနှင့် ဝန်ထမ်းကြို/ပို့ယာဉ်များမှာ မြေကြီးများ အောက်ရောက်ရှိသွားသည်။

အဆိုပါ မြေပြိုမှုကြောင့် ပျောက်ဆုံးနေသူအရေအတွက်မှာ ၆၃ ဦးနှင့် ဒဏ်ရာရရှိသူ ၃၂ ဦးရှိကြောင်း၊ ကယ်ဆယ်ရေးလုပ်ငန်းတွင် လူအင်အား ၃၀၀ ကျော်ပါဝင်ကြောင်း၊ သို့သော်   မိုးသည်းထန်စွာရွာသွန်းခြင်း၊ ရွှံ့ညွန်များထူထပ်ခြင်း၊ နောက်ထပ်မြေပြိုမှုများ ဖြစ်ပွားနိုင်ခြင်းတို့ကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရကြောင်း ပြည်နယ်တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဒါဗာအိုဒီအိုရိုပြည်နယ်၌  မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ပွားခြင်းကြောင့် ရေကြီးမှုများနှင့် မြေပြိုမှုများ   ဖြစ်ပွားခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။

Ref: CD