တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မတူညီတဲ့ဒေသထုတ်ကုန်တွေ၊ သွင်းကုန်အစားထိုး လုပ်ငန်းတွေပေါင်းစပ်ပြီး အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးတိုးတက်ဖို့အတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မတူညီတဲ့ဒေသထုတ်ကုန်တွေ၊ သွင်းကုန်အစားထိုး လုပ်ငန်းတွေပေါင်းစပ်ပြီး အပြန်အလှန်ပူးပေါင်း ဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံ့စီးပွားရေးတိုးတက်ဖို့အတွက် များစွာ အထောက်အကူပြုမှာ ဖြစ်ပါတယ်။

နေပြည်တော်  ဖေဖော်ဝါရီ  ၁၁

 

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာများရောင်းချပွဲ ဒုတိယနေ့ကို ယနေ့နံနက်ပိုင်းမှစတင်ကာ နေပြည်တော်  ဥပ္ပါတသန္တိစေတီတော်အနီးရှိ တပေါင်းကွင်း၌ စည်ကားသိုက်မြိုက်စွာ ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများ၊ ဝန်ကြီးဌာနများမှဝန်ထမ်းများနှင့် ပြည်သူများက စိတ်ဝင်တစားလာရောက်လေ့လာ ကြည့်ရှုဝယ်ယူကြသဖြင့် အထူးစည်ကားလျက်ရှိသည်။

ထိုပြပွဲတွင် နေပြည်တော်ကောင်စီအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်အသီးသီး၏ ြှနြ ထုတ်ကုန် အရောင်းပြခန်း ၃၄ ခန်းနှင့် ရိုးရာအစားအစာအရောင်းပြခန်း ၁၉ ခန်းဖွင့်လှစ်ထားရှိပြီး သက်ဆိုင်ရာဒေသများအလိုက် MSME ထုတ်ကုန်များ၊  ဒေသထွက်ကုန်များနှင့် ရိုးရာအစားအစာများကို ဖေဖော်ဝါရီလ ၁၀ ရက်မှ ၁၄ ရက်အထိ ဈေးနှုန်းချိုသာစွာဖြင့် ဝေေ၀ဆာဆာ ခင်းကျင်းပြသ ရောင်းချ ပေးသွားမည် ဖြစ်ပြီး မိဘပြည်သူများ အခမဲ့လာရောက် လေ့လာဝယ်ယူနိုင်ကြောင်း သိရသည်။

အဆိုပါ MSME ထုတ်ကုန်ပြပွဲနှင့် ရိုးရာအစားအစာရောင်းချပွဲ၌ ပြခန်းများတွင် MSME ထုတ်ကုန်များ၊ ရိုးရာအစားအစာများ  ဝေေ၀ဆာဆာခင်းကျင်း ပြသရောင်းချပေးနေမှုများကို မိဘပြည်သူများသိရှိနိုင်ရန်  တာဝန်ရှိသူများ၊ ပြခန်းတာဝန်ခံများနှင့် တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။

ဦးတင်အေး (စီးပွားရေးရာဝန်ကြီး၊ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့)

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ MSME ထုတ်ကုန်ပြခန်းမှာ One Region One Product အနေနဲ့ တိုင်းဒေသကြီးကထုတ်လုပ်တဲ့ ဆန်၊ ဆန်ကွဲ၊ ဧရာဝတီပေါ်ဆန်း၊ ပေါင်းဆန်  စတဲ့ထုတ်ကုန်တွေ၊ အသား၊ ငါး စတဲ့မွေးမြူရေးထုတ်ကုန်တွေ၊ ပီလောပီနံနဲ့ပတ်သက်တဲ့ ထုတ်ကုန်တွေ၊ ရိုးရာလက်မှုပညာ လုပ်ငန်းတွေဖြစ်တဲ့ ကြိမ်၊ ဝါး၊ ဗေဒါရက်လုပ်တဲ့ လုပ်ငန်းတွေက ထုတ်လုပ်တဲ့ လက်မှုပစ္စည်းတွေနဲ့ ပုသိမ်ထီးလုပ်ငန်း၊ ကော်ဖီစိုက်ပျိုးရေးလုပ်ငန်း၊ ပန်းတနော်သင်ဖြူးဖျာလုပ်ငန်းတွေနဲ့ ပတ်သက်တာတွေကို ခင်းကျင်း ပြသထားပါတယ်။ ရိုးရာအစားအစာအနေနဲ့ ပုသိမ်ဟာလဝါ၊ အခြားမုန့်အမျိုးမျိုး၊ ရွှေညာမုန့်ဟင်းခါး၊   ကြံခင်းထမင်းသုပ်  စတဲ့တိုင်းဒေသကြီးရဲ့ အကောင်းဆုံးအစားအစာတွေကို ခင်းကျင်းရောင်းချပေးနေပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးမှာရှိတဲ့ MSME လုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို အခုလိုတစ်နေရာတည်းမှာ တစုတစည်းတည်း  ခင်းကျင်းပြသနိုင်အောင် စီစဉ်ကျင်းပပေးတဲ့အတွက် စီးပွားရေးအခွင့်အလမ်းတွေ ပိုပြီးတိုးပွားလာစေမယ်လို့ထင်ပါတယ်။   MSME လုပ်ငန်းတွေအပေါ် နိုင်ငံတော်ကနေပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနဲ့ ထောက်ပံ့ကူညီမှုတွေ ပေးခဲ့တာကြောင့် လုပ်ငန်းတွေချဲ့ထွင် လာကြတာတွေ့ရပါတယ်။ နောင်မှာလည်း MSME လုပ်ငန်းတွေ ဒီထက်ပိုပြီးတိုးတက်လာမယ်လို့   ယုံကြည်ပါတယ်။ အခုလိုပြပွဲတွေ    စီစဉ်ကျင်းပပေးတဲ့အတွက် နိုင်ငံတော်အစိုးရနဲ့ တာဝန်ရှိသူများ အားလုံးကို အထူးကျေးဇူးတင်ပါတယ်။

ဦးဆန်းထွဋ်ကို (တိုင်းဒေသကြီးဦးစီးဌာနမှူး၊ မန္တလေးတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာန)

ကျွန်တော်တို့ တိုင်းဒေသကြီးရဲ့ပြခန်းမှာ စားသောက်ကုန်၊ လူသုံးကုန်၊  အိမ်တွင်းသုံးစက်ပစ္စည်း၊ စိန်ပန်းစက်မှုဇုန်နဲ့ Good Brothers ကထုတ်လုပ်တဲ့ လယ်ယာသုံးစက်ကိရိယာ ပစ္စည်းတွေနဲ့ ရိတ်သိမ်းခြွေလှေ့စက်တွေ အပါအဝင် MSME ထုတ်ကုန်ပစ္စည်း ၁၂၅ မျိုးကို   အရေအတွက်တစ်သောင်းကျော် ခင်းကျင်းပြသထားပါတယ်။ ပြခန်းမှာပြသထားတဲ့ MSME ထုတ်ကုန်တွေကို    လာရောက်ဝယ်ယူမယ်ဆိုရင် စက်ရုံထုတ်ဈေးနှုန်းအတိုင်း ရောင်းချပေးမှာ ဖြစ်ပါတယ်။ ဒီလိုပြသခွင့်၊ ရောင်းချခွင့်ရတဲ့အတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက    လာရောက်ပြသကြတဲ့ MSME လုပ်ငန်းရှင်အချင်းချင်း ဈေးကွက်ဖလှယ်နိုင်မှာ ဖြစ်သလို နည်းပညာလည်း ဖလှယ်နိုင်မှာဖြစ်တာကြောင့်  MSME လုပ်ငန်းရှင်တွေကို အကျိုးအမြတ်များစွာ ရရှိစေနိုင်မှာဖြစ်ပါတယ်။    နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က MSME လုပ်ငန်းတွေ ဖွံ့ဖြိုးတိုးတက်ဖို့ အရေးကြီးတယ်ဆိုပြီး လမ်းညွှန်ထားတာရှိပါတယ်။ အဲဒါကြောင့် တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ဝန်ကြီးချုပ်တွေအနေနဲ့  MSME လုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးမှာ  အားသွန်ခွန်စိုက် ဆောင်ရွက်နေကြပါတယ်။ ကျွန်တော်တို့တိုင်းဒေသကြီးမှာဆိုရင်လည်း နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေကနေ MSME လုပ်ငန်းတွေကို   ချေးငွေထုတ်ချေးပေးနေသလို နည်းပညာဖြန့်ဝေပေးတာတွေ၊ ဈေးကွက်ချိတ်ဆက် ဖော်ဆောင် ပေးနေတာလည်း ရှိပါတယ်။ ဒါ့အပြင် မြန်မာ့စီးပွားရေးဘဏ်အပါဝင်   အခြားဘဏ်တွေကလည်း MSME လုပ်ငန်းရှင်တွေကို  သင့်လျော်တဲ့အတိုးနှုန်းနဲ့ ချေးငွေများ ထုတ်ချေးပေးလျက်ရှိပါတယ်။  တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့အတွက် MSME လုပ်ငန်းတွေ အားကောင်းဖို့လိုပါတယ်။ MSME လုပ်ငန်းတွေ အားကောင်းလာမှ တိုင်းပြည်ရဲ့စီးပွားရေးဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါတယ်။

ဦးဟိန်းဇော် (ညွှန်ကြားရေးမှူး၊ တနင်္သာရီတိုင်းဒေသကြီး၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန)

တနင်္သာရီတိုင်းဒေသကြီး  MSME အရောင်းပြခန်းမှာ ပြည်ပပို့ကုန်နဲ့ သွင်းကုန်အစားထိုးကုန်ပစ္စည်းတွေ၊  တနင်္သာရီတိုင်းရဲ့ One Region One Product လုပ်ငန်းတစ်ခုဖြစ်တဲ့ ရော်ဘာနဲ့ ငှက်သိုက်လုပ်ငန်းတွေ၊ လူသုံးကုန်၊  စားသုံးကုန်ထုတ်လုပ်တဲ့ MSME လုပ်ငန်းပေါင်း ၁၃ ခုနဲ့ ပစ္စည်းအရေအတွက် ၁၂၃ မျိုးကို ခင်းကျင်းပြသထားပါတယ်။ ဒီပြပွဲမှာ တစ်နိုင်ငံလုံးကလာရောက်ပြသတဲ့ MSME လုပ်ငန်းရှင်တွေနဲ့ သတင်းဖလှယ်ပြီး အပြန်အလှန် ကုန်သွယ်မှု၊ မျှဝေမှုတွေဆောင်ရွက်နိုင်မယ်ဆိုရင်  တိုင်းဒေသကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်မှာ ဖြစ်ပါတယ်။ အခုလိုပြပွဲမျိုးကို အခါအခွင့်သင့်တိုင်း အကြိမ်ရေများများ ပြသသင့်တယ်လို့ထင်ပါတယ်။  အခုလိုပြသရတဲ့အတွက်  တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက မတူညီတဲ့ဒေသထုတ်ကုန်တွေ၊ ဒေသထွက်ကုန်တွေ၊ သွင်းကုန်အစားထိုး လုပ်ငန်းတွေပေါင်းစပ်ပြီး တိုင်းဒေသကြီးနဲ့ပြည်နယ်အားလုံး အပြန်အလှန်ပူးပေါင်းဆောင်ရွက်ကြမယ်ဆိုရင် နိုင်ငံတော်အတွက် သွင်းကုန်အစားထိုးကုန်ပစ္စည်းတွေ၊ တန်ဖိုးမြင့်ပြည်ပပို့ကုန်တွေ ပိုမိုထုတ်လုပ်နိုင်မှာ ဖြစ်တဲ့အတွက် နိုင်ငံ့စီးပွားရေး တိုးတက်ဖို့အတွက် များစွာအထောက်အကူပြုမှာဖြစ်ပါတယ်။

ဒေါ်ရီရီလှိုင် (ညွှန်ကြားရေးမှူး၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ သမဝါယမနှင့် ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန)

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ MSME ထုတ်ကုန်ပြခန်းမှာ အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနရဲ့ ကြီးကြပ်မှုအောက်မှာရှိတဲ့ ယွန်းပညာကောလိပ်နဲ့    ဆောင်းဒါးရက်ကန်းနှင့် သက်မွေးပညာသိပ္ပံတို့က   ထုတ်လုပ်တဲ့ ထုတ်ကုန်ပစ္စည်းတွေ၊ ဌာနမှာ မှတ်ပုံတင်ထားတဲ့ လုပ်ငန်းရှင်တွေရဲ့ ထုတ်ကုန်ပစ္စည်းတွေနဲ့  ဌာနက စမ်းသပ်တီထွင်ထားတဲ့ ထုတ်ကုန်ပစ္စည်း ၄၂ မျိုးကို ခင်းကျင်းပြသထားပါတယ်။  အခုလိုပြပွဲကျင်းပပေးတဲ့အတွက် တိုင်းဒေသကြီးနဲ့ပြည်နယ် အသီးသီးမှာရှိတဲ့ အသေးစား၊ အငယ်စားနဲ့ အလတ်စား စက်မှုလက်မှုစီးပွားရေးလုပ်ငန်းရှင်တွေ အချင်းချင်းချိတ်ဆက်ပြီး ဈေးကွက်ကိုလည်း ပိုမိုချဲ့ထွင်ဆောင်ရွက်နိုင်မယ်လို့  ထင်ပါတယ်။ MSME လုပ်ငန်းတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် နိုင်ငံတော်အစိုးရက ဆောင်ရွက်ပေးနေတာဖြစ်တဲ့အတွက်   ပြည်သူတွေအနေနဲ့လည်း ပူးပေါင်းပါဝင်ဆောင်ရွက်

ကြဖို့လိုအပ်ပါတယ်။  ကျွန်မတို့ဦးစီးဌာနအနေနဲ့လည်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်မှာ အသေးစားကုန် ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေး စီမံကိန်းကို ဆောင်ရွက်ပါတယ်။  ပြည်သူတွေအနေနဲ့   ကျွန်မတို့ဌာနက အကောင်အထည်ဖော် ဆောင်ရွက်ပေးနေတဲ့ စီမံကိန်းတွေမှာ ပူးပေါင်းပါဝင် ဆောင်ရွက်ကြမယ်ဆိုရင် MSME လုပ်ငန်းတွေ  ပိုမိုထွန်းကားလာပြီး နိုင်ငံတော်ရဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် များစွာအထောက်အကူပြုနိုင်မယ်လို့ ထင်ပါတယ်။    ။

         ကျော်လွင်၊ ပြည့်ဖြိုး(မြဝတီ)