ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ကျော်ရရှိ

 

ပြည်ပသို့ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချမှုမှ အမေရိကန်ဒေါ်လာ သန်း ၂၀၀၀ ကျော်ရရှိ

 

ရန်ကုန်  ဖေဖော်ဝါရီ  ၁၂

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ၂၀၂၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီ လ ၂၆ ရက်အထိ  ပြည်ပသို့  လယ်ယာ ထွက်ကုန်ပစ္စည်းတင်ပို့ရောင်းချမှုမှ အမေ ရိကန်ဒေါ်လာ  သန်း ၂၀၀၀ ကျော်ရရှိ ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနမှ သိရသည်။

အဆိုပါကာလအတွင်း ပြည်ပသို့လယ် ယာထွက်ကုန်ပစ္စည်း တင်ပို့ရောင်းချမှု အနေဖြင့် ပုဂ္ဂလိကကဏ္ဍမှ အမေရိကန်ဒေါ်လာ ၂၆၉၀ ဒသမ ၄၈ သန်းရရှိခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၌ စပါး၊ ပြောင်း၊ မြေပဲ၊ နှမ်း၊ နေကြာ၊ ပဲအမျိုးမျိုး၊ ဝါ၊ ကြံတို့ကို အဓိကစိုက်ပျိုးကာ တစ်နိုင်ငံလုံး၏ စိုက်ပျိုး ထုတ်လုပ်မှုတွင် ပဲအမျိုးမျိုးစိုက်ပျိုးထုတ် လုပ်မှုသည်    ဒုတိယအများဆုံးဖြစ်ပြီး တစ်နိုင်ငံလုံး၏ လယ်ယာထွက်ကုန်ပစ္စည်း ထွက်ရှိမှုအနက် ပဲမျိုးစုံထွက်ရှိမှုမှာ ၃၃ ရာခိုင်နှုန်းခန့် ရှိကြောင်း၊ မြန်မာနိုင်ငံစိုက်ပျိုးမြေ ဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်တွင် ပဲမျိုးစုံစိုက်ပျိုးနေပြီး  မတ်ပဲ၊  ပဲတီစိမ်း၊ ပဲစင်းငုံ၊ ပဲလွမ်း၊ မြေထောက်ပဲ၊ ထောပတ်ပဲ၊ ပဲယဉ်း၊ ကုလားပဲ၊ ပဲပုပ်၊ စားတော်ပဲနှင့် တခြားပဲများလည်း   စိုက်ပျိုးကြကြောင်း သိရသည်။

မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံ သော နိုင်ငံဖြစ်သည့်အားလျော်စွာ ပြည်ပ သို့တင်ပို့သော ပို့ကုန်အများစုသည် လယ် ယာထွက်ကုန်ပစ္စည်းများဖြစ်ပြီး ပဲမျိုးစုံသည် လည်း   အဓိကပို့ကုန်ဖြစ်ကြောင်း   သိရသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ လယ်ယာထွက် ကုန်ပစ္စည်းများအပြင်    သစ်တောထွက် ပစ္စည်း၊  တိရစ္ဆာန်ထွက်ပစ္စည်း၊   ရေထွက် ကုန်ပစ္စည်း၊   သတ္တုတွင်းထွက်ပစ္စည်း၊ စက်မှုကုန်ချောနှင့် တခြားပို့ကုန်ပစ္စည်းများတင်ပို့လျက်ရှိပြီး  ပြည်ပပို့ကုန် စုစုပေါင်းတင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၁၁၈၃၆ ဒသမ ၇၃၈ သန်းရရှိကြောင်းနှင့် ပြည်ပမှ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း၊   လုပ်ငန်းသုံးကုန်ကြမ်းပစ္စည်း၊   လူသုံးကုန်ပစ္စည်းနှင့် CMP တို့ကို ပြန်လည် တင်သွင်းကြောင်း သိရသည်။