ကောလင်းမြို့ရှိ ရပ်ကွက်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ၏ အဖိုးတန် ပစ္စည်းများကို တပ်မတော်သားများက ကားများဖြင့်သယ်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

ကောလင်းမြို့ရှိ ရပ်ကွက်များကို မီးရှို့ဖျက်ဆီးခြင်း၊ ပြည်သူများ၏ အဖိုးတန် ပစ္စည်းများကို တပ်မတော်သားများက ကားများဖြင့်သယ်ယူနေကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၃ ရက်

        စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့တွင် တိုက်ပွဲများပြင်းထန်နေပြီး တပ်မတော်မှ ထိခိုက်ကျဆုံးမှုများပြားမှုကြောင့် မြို့ပေါ်ရပ်ကွက်များကို မီးရှို့ဖျက် ဆီးနေကြောင်းနှင့် စစ်ရှောင်ပြည်သူများ၏ နေအိမ်များအတွင်းရှိ အဖိုးတန်ပစ္စည်း များကိုလည်း စစ်ကားများဖြင့် သယ်ဆောင်သွားကြကြောင်း သတင်းတု၊ သတင်း အမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက ပြည်သူများအား အထင်အမြင် လွှဲမှားစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံသတင်းများ ရေးသား ဖြန့်ဝေလျက်ရှိပါသည်။

        အဆိုပါကောလင်းမြို့ကို ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၃ ရက်တွင် KIA နှင့် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အုပ်ချုပ်မှုယန္တရား များ ရပ်တန့်စေရန်အတွက် ဌာနဆိုင်ရာဝန်ထမ်းများအား အကြောင်းမဲ့ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် ဌာနဆိုင်ရာအဆောက်အဦများအား မီးရှို့ဖျက်ဆီးခြင်း၊ နေရပ် စွန့်ခွာသူ ပြည်သူများ၏ နေအိမ်များအား ဖောက်ထွင်းဝင်ရောက်၍ ပစ္စည်းများယူ ဆောင်ခြင်းများအပြင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ တိုက်ခိုက်ချေမှုန်းခဲ့ရာတွင်လည်း အကြမ်းဖက်သမားများအနေဖြင့် လူနေအိမ်များ၊ ဌာနဆိုင်ရာအဆောက်အဦများကို မီးရှို့ဖျက်ဆီးခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်းများလုပ်ဆောင်၍ ဆုတ်ခွာထွက်ပြေး သွားခဲ့ကြောင်း ဒေသခံပြည်သူများ၏ ပြောကြားချက်များအရ သိရှိရပါသည်။

        ထိုသို့ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုနှင့် ၎င်းတို့ထောင်ထားသည့် မိုင်းများကြောင့် ကောလင်းမြို့ပေါ်ရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့ရပြီး ပြည်သူ များထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မိုင်းရှင်းလင်းရေး လုပ်ငန်းများနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်ဆောင်ပေးနေမှုများကို တရားမဝင်ပြည်ဖျက်မီဒီယာများက လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံ ရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။