ကလေးမြို့နယ်တွင် တပ်မတော်မှ အမျိုးသား ၄၀ ကျော် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း ကောလာဟလသတင်းများ ဖြန့်ဝေလျက်ရှိ

ကလေးမြို့နယ်တွင် တပ်မတော်မှ အမျိုးသား ၄၀ ကျော် ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးမှုများ ဆက်တိုက်လုပ်ဆောင်လာကြောင်း ကောလာဟလသတင်းများ ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၃ ရက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ ဘုံတောကျေးရွာတွင် ဖေဖော်ဝါရီ ၁၂ ရက် နေ့က အမျိုးသား ၄၀ နီးပါးကို တပ်မတော်က ဖမ်းဆီးသွားကြောင်းနှင့် ဖော်ဖော်ဝါရီ ၂ ရက် နေ့ကလည်း  ကလေးမြောက်ပိုင်း၊ ကျီကုန်းရွာက သီရိလင်္ကာဘုန်းကြီးကျောင်းတွင် ဒကစမှူးကိုယ်တိုင်ဆင်းကာ ပြည်သူ့စစ်အတွက် လူအင်အား ၄၀ မဖြစ်မနေပေးဖို့ တောင်းသွားတယ် ဟု မဟုတ်မမှန်သတင်းများကို လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ဖြန်ဝေနေသည်ကိုတွေ့ရှိရသည်။

အထက်ပါသတင်းနှင့်ပတ်သက်၍ ကလေးမြို့လုံခြုံရေးတာဝန်ခံအရာရှိတစ်ဦး၏ ပြောကြားချက်အရ ဖေဖော်ဝါရီ ၁၂ ရက်တွင် တပ်မတော်မှ ဘုံတောကျေးရွာသို့ သွားရောက်ခဲ့ခြင်းမရှိကြောင်း၊ အမျိုးသား ၄၀ ဦးကို ဖမ်းဆီးသည်ဆိုသည်မှာလည်း သတင်းမှားသာဖြစ်ကြောင်းနှင့် ဖေဖော်ဝါရီ ၂ ရက်တွင် ကျီကုန်းရွာ သီရိလင်္ကာ ဘုန်းကြီးကျောင်းတွင် ဒကစမှူက ပြည်သူ့စစ်အဖွဲ့ဝင်များနှင့်သွားရောက်တွေ့ဆုံ၍ အားပေးစကားပြောကြားခြင်း၊ စားသောက်ဖွယ်ရာများ ထောက်ပံ့ပေးအပ်ခြင်းများ ဆောင်ရွက်မှုကို ပြည်ဖျက်မီဒီယာများက  မဟုတ်မမှန်လုပ်ကြံသတင်းများ လုပ်ကြံ ရေးသား ဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိသည်။