တောင်ကြီးတပ်နယ်နှင့် ဟိုပုံးတပ်နယ်တို့ရှိ တပ်တွင်းမူလတန်းကြိုကျောင်းကလေး ငယ်များ ကာယဉာဏစွမ်းရည်ပြိုင်ပွဲပြုလုပ်

တောင်ကြီးတပ်နယ်နှင့် ဟိုပုံးတပ်နယ်တို့ရှိ တပ်တွင်းမူလတန်းကြိုကျောင်းကလေး ငယ်များ ကာယဉာဏစွမ်းရည်ပြိုင်ပွဲပြုလုပ်

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၁၃

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးတပ်နယ်(နယ်မြေ- ၁/၂)နှင့် ဟိုပုံးတပ်နယ်တို့ရှိ တပ်တွင်းမူလတန်းကြိုကျောင်း ကလေးငယ်များ ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ သံလွင်ခန်းမ၌ပြု လုပ်ရာ ဒုတိယတိုင်းမှူး  ဗိုလ်မှူးချုပ် ဝင်းဇော်မိုး၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

        ဦးစွာ တိုင်းစစ်ဌာနချုပ်၊ တပ်တွင်းမူကြိုကျောင်းမှ ကလေးငယ်များက ပြည်ထောင်စု၏ထာဝရအလှသီချင်းဖြင့် စုပေါင်းကပြဖျော်ဖြေကြသည်။ ထို့နောက် တပ်ရင်း/ တပ်ဖွဲ့အသီးသီးရှိ မူကြိုကျောင်းများမှ ကလေးငယ်များက ကာယ၊ ဉာဏ စွမ်းရည်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိသည့် ကလေးငယ်များအား တာဝန်ရှိသူများက ဆုများနှင့် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။