မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာတစ်ခုက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

မတ္တရာမြို့နယ်အတွင်းရှိ ပြည်သူ ၂ ဦးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြောင်းမဲ့ ရက်ရက်စက်စက် သတ်ဖြတ်သွားကြောင်း သတင်းအမှားများကို တရားမဝင်ပြည်ဖျက် မီဒီယာတစ်ခုက မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၃ ရက်

        မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်အတွင်းရှိ ဆိပ်သာကျေးရွာနှင့်အင်းကုန်း ကျေးရွာမှ အမျိုးသား ၂ ဦးကို ဖေဖော်ဝါရီ ၁၂ ရက်နေ့က လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဆိပ်သာကျေးရွာ၌ ဖမ်းဆီးသတ်ဖြတ်သွားခဲ့ကြောင်း သတင်းအမှားများကို တရားမ ဝင်ပြည်ဖျက်တစ်ခုက ပြည်သူများအား ကြောက်ရွံ့ထိတ်လန့်စေရန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

        ဖြစ်စဉ်အမှန်မှာ တည်ငြိမ်အေးချမ်းမှုကိုလိုလားသည့် ဒေသခံပြည်သူတစ်ဦး၏ သတင်းပေးပို့မှုအရ  မတ္တရာမြို့နယ်၊ အင်းကုန်းကျေးရွာနှင့်အနီးတစ်ဝိုက်တွင် PDF အမည်ခံအကြမ်းဖက်သမားများ ခိုအောင်းလှုပ်ရှားနေကြောင်း သတင်းအရ လုံခြုံရေး တပ်ဖွဲ့ဝင်များမှ နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် ဖေဖော်ဝါရီ ၁၂ ရက်နေ့က အင်းကုန်းကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲအချို့ဖြစ်ပွားခဲ့ကြောင်းနှင့် ဒေသခံများ ကိုဖမ်းဆီးသတ်ဖြတ်မှုမရှိကြောင်း သိရှိရသည်။

        တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများ မှ အထင်အမြင်လွှဲမှားစေရန်နှင့်  ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ် များကိုအခြေခံ၍ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ရေးသားနေခြင်း သာဖြစ်ကြောင်း သတင်းရရှိပါသည်။