စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များနှင့် အငြိမ်းစားဝန်ထမ်းဟောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များနှင့် အငြိမ်းစားဝန်ထမ်းဟောင်းများ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ဖူးမြော်ကြည်ညို

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၁၃

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ သံဃာတော်များနှင့် အငြိမ်းစားဝန်ထမ်း ဟောင်းများနှင့် ကြီးကြပ်သူများ စုစုပေါင်း ၂၄၉ ဦးတို့သည် ယနေ့နေ့လယ်ပိုင်းတွင် ပြည်ထောင်စုနယ်မြေ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်ရှိ ဗုဒ္ဓဥယျာဉ် ဝတ္ထုကံတော် တွင် တည်ထားပူဇော်သည့် ကမ္ဘာပေါ်ရှိထိုင်တော်မူ ကျောက်ဆစ်ဗုဒ္ဓ ရုပ်ပွားတော်များ အနက် ဉာဏ်တော်အမြင့်ဆုံးဖြစ်သည့် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက် ဖူးမြော်ကြည်ညိုကြသည်။

ဦးစွာ ရှင်းလင်းဆောင်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ဂေါပကအဖွဲ့နှင့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်ပူဇော်ခြင်းနှင့် ထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် ကျွမ်းကျင်ပညာရှင်များက မာရဝိဇယဘုရားကြီးတည်ထား ကိုးကွယ်ပူဇော်ရခြင်း ရည်ရွယ်ချက်၊ ရုပ်ပွားတော်မြတ်ကြီးအား လုပ်ငန်းစဉ်အဆင့် ဆင့်ဖြင့် အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှု၊ လက်ရှိထိန်းသိမ်းဆောင်ရွက်နေမှု၊ ခေတ်မီစက် ကိရိယာများအသုံးပြု၍ ကျောက်စာရုံစေတီတော်များ တည်ထားဆောင် ရွက်ခဲ့မှုနှင့် သာသနာရေးဆိုင်ရာ အခမ်းအနားကြီးများ စည်ကားသိုက်မြိုက်စွာ ကျင်းပ နိုင်ခဲ့မှုအ ခြေအနေတို့ကို ရှင်းလင်း ပြောကြားကြပြီး မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီး အောင်မြင်စွာတည်ထားပူဇော်နိုင်ရန်အဆင့်ဆင့်ဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ပြသသည်။

ထို့နောက် သံဃာတော်များ၊ အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ကြီးကြပ်သူများ သည် ယခုကဲ့သို့ ရုပ်ပွားတော်မြတ်ကြီးအား အဆင်ပြေချောမွေ့စွာလာရောက် ဖူးမြော် နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ပေးမှုများနှင့် ရုပ်ပွားတော်မြတ်ကြီးတည်ဆောက် ပူဇော်ခဲ့မှုလုပ်ငန်းစဉ်ဆင့်ဆင့်ကို အသေးစိတ် ရှင်းလင်းပြောကြားပေးမှုများအပေါ် ကျေးဇူးတင်စကားများပြောကြားကြပြီး ရုပ်ပွားတော်မြတ်ကြီး အောင်မြင်စွာတည်ထား ပူဇော်နိုင်ခဲ့မှုအခြေအနေနှင့် စပ်လျဉ်း၍သိရှိလိုသည်များကို မေးမြန်းကြရာ တာဝန် ရှိသူများက အသေးစိတ် ပြန်လည်ရှင်းလင်းဖြေကြားသည်။  

 ဆက်လက်၍ ဘုရားဖူး သံဃာတော်များ၊ အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ကြီးကြပ်သူများသည် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြပြီး ဘုရားရင်ပြင်တော်ပတ်လည်၌ စကျင်ကျောက်များအသုံးပြု၍ တည် ဆောက်ထားသည့် ဂန္ဓကုဋိတိုက်၊ မော်ကွန်းတိုက်၌ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ် ကြီးနှင့် ဗုဒ္ဓဥယျာဉ်တော် ပုံစံငယ်ပြသထားမှု၊ မှတ်တမ်းဓာတ်ပုံများ၊ အဂ္ဂါဓိပတိ သာသနာ့ဗိမာန်တော်ကြီး၊ ကျောက်စာရုံစေတီတော်များနှင့် အခြားသာသနိက အဆောက်အဦများကို ဖူးမြော်လေ့လာကြည်ညိုခဲ့ကြပြီး အလှူငွေများ ပေးအပ်လှူဒါန်း ကြသည်။

ထို့အတူ မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြန့်မြို့ ဖားအောက်တောရစာသင်တိုက်မှ သံဃာတော် ၁၂ ပါးနှင့် ရှင်သာမဏေ ၁၃၅ ပါး အပါအဝင် အနယ်နယ်အရပ်ရပ်မှ ရဟန်းရှင်လူ ဘုရားဖူးပြည်သူများ လာရောက်ဖူးမြော်ကြည်ညိုလျက်ရှိသည်။

ယနေ့တွင် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား လာရောက်ဖူးမြော်ခဲ့ကြ သည့် သံဃာတော်များ၊ အငြိမ်းစားဝန်ထမ်းဟောင်းများနှင့် ကြီးကြပ်သူများ၏ ရင်တွင်းစကားသံများအား ယခုလို ကြားသိခဲ့ရပါတယ် -

စစ်ကိုင်းတိုင်းဒေသကြီးစစ်ကိုင်းမြို့နယ်လာရောက်ဖူးမြှော်တာဖြစ်ပါတယ်၊အခုလို လာရောက် ဖူးမြှော်ရတဲ့အတွက်အတိုင်းမသိ ဝမ်းသာမိပါတယ်၊စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ တာဝန်ရှိသူ တွေကတကူးတကစီမံပြီး ရဟန်းရှင်လူများဖြစ်သော စစ်ကိုင်းတိုင်း မုံရွာ‌ဒေသရှိ စစ်ကိုင်းတိုင်း ဒေသ ကြီးတစ်ခုလုံး အလှည့်ကျဖူးမြှော်နိုင်အောင် စီမံပေးထားတာဖြစ်ပါတယ်၊ရဟန်းရှင်လူများနဲ့ မလာရောက်နိုင်သေးတဲ့ တကာ၊တကာမအပေါင်းတို့လည်း ကိုယ်တိုင်ကိုယ်ကျမဟုက်တောင်မှ အစိုးရမှစီစဉ်ပေးတာပဲဖြစ်ဖြစ် မိသားစုလိုက်ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့်ပဲဖြစ်ဖြစ် ဒိမာရဝိဇယ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို လာရောက်ပြီးတော့ ဖူးမြှော်နိုင်ကြပါစေလို ဆုတောင် ရင်းနဲ့ပဲ အာလုံးသောတကာတကာမ ပရိပ်သက်အပါင်းသူတော်ကောင်းတို့လည်း ဒိထက်မက အမျိုးဘာသာသာသနာကို စောင့်ရှောက်နိုင်တဲ့ ပညာရှိသူတော်ကောင်းပုဂ္ဂိုလ်မြတ်များဖြစ်ကြပါစေ။

အငြိမ်းစားအဖွဲ့တွေကိုလာပြီးတော့မှ ပိုဆောင်ပေးတဲ့အတွက် အခုလိုရောက်ရှိလာတာပါ ၊ဒီကိုရောက်တဲ့အချိန်မှာ အရမ်းပီတိဖြစ်ရပါတယ်၊ဘုရားကြီးကိုကြည့်ပြီးတဲ့အခါကြတော့ ကြည်ညို တဲ့အပြင် ဘယ်မှာမှမရှိသေးတဲ့ဘုရားကြီးကိုဖူးလိုက်ရတဲ့အတွက်တော်တော်လေး ရင်ထဲမှာပီတိဖြစ် ရပါတယ်၊လာရောက်ပို့ဆောင်ပေးတဲ့သူတွေကိုလည်း ကျေးဇူးတင်ပါတယ်၊နောက်တစ်ခေါက်ရောက် ဖို့ဆိုတာကလည်းမလွယ်ပါဘူး၊ အတိုင်းမသိဝမ်းသာပါတယ်၊ဘာလိုလဲဆိုတော့ မိသားစုရောက်ဖို့ဆို တာက တစ်နယ်နှင့်တစ်နယ် လွယ်တဲ့ကိစ္စမှမဟုက်တာ၊မလွယ်တဲ့နေရာကိုအခုလို ပို့ဆောင်ပေးတဲ့ အတွက် အထူးကျေးဇူးတင်ပါတယ်။