​​​​​​​နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး

နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ရင်းရင်းနှီးနှီး တွေ့ဆုံဆွေးနွေး

နေပြည်တော်၊ ဖေဖေါ်ဝါရီ - ၁၃

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် သည် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ တွေ့ဆုံ ဆွေးနွေးသည်။

အဆိုပါတွေ့ဆုံပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယ ဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ကောင်စီတွဲဖက်အတွင်းရေးမှူး ဒုတိယ ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးကိုကို၊ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဦးကိုကိုလှိုင်၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒေါက်တာ သီတာဦး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ဥက္ကဋ္ဌ ဦးစစ်အေး၊ ဥပဒေဆိုင်ရာအကြံပေးအဖွဲ့ဝင်များ၊ ကော်မရှင်အဖွဲ့ဝင်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီ ၄၂ ပါတီမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများ တက် ရောက်ကြသည်။

ထိုသို့တွေ့ဆုံဆွေးနွေးစဉ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ်ကဆွေးနွေးပြောကြားရာ၌ ဇန်နဝါရီ ပထမပတ်အတွင်း နိုင်ငံရေးပါတီများ နှင့် တွေ့ဆုံပြီးနောက် နိုင်ငံရေးပါတီများအနေဖြင့် လုပ်ငန်းဆောင်ရွက်မှုများ ပိုမို လွယ်ကူစေရေးအတွက် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေကို ဦးစွာပြင်ဆင် ပေးခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍လိုအပ်သည့် ဥပဒေပြင်ဆင်မှု များအား ထုတ်ပြန်ပြီးဖြစ်ကြောင်း၊ နိုင်ငံရေးပါတီများအတွက် လိုအပ်သည်များကို နိုင်ငံတော်မှတတ်နိုင်သရွေ့ ဖြည့်ဆည်းပေး မည်ဖြစ်သော်လည်း ပါတီများ အနေဖြင့် လည်း ကိုယ်ပိုင်ကြိုးစားအားထုတ်မှုများဖြင့် ဆောင်ရွက်ကြရန်လည်းလိုကြောင်း၊ တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်တွင် ဆက်လက် လျှောက် လှမ်းရေးနှင့် ခိုင်မာစေရေးကို အာမခံထားပြီး ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် ပါတီများအနေဖြင့် ပါတီနိုင်ငံရေးလှုပ်ရှားမှုရှိရ မည်ဖြစ်သကဲ့သို့ နိုင်ငံ့အရေးကို ဆောင်ရွက်သည့် နိုင်ငံရေးကိုလည်းဆောင်ရွက်ရန်လို ကြောင်း။

ပါတီများအနေဖြင့် တိုင်းရင်းသားလူမျိုးကိုကိုယ်စားပြုသည့်ပါတီ၊ ဒေသကို ကိုယ်စားပြုသည့်ပါတီ၊ တစ်နိုင်ငံလုံးကိုလွှမ်းခြုံကိုယ်စားပြုသည့်ပါတီဟူ၍ ရှိကြောင်း၊ ပါတီများသည် ခိုင်ခိုင်မာမာဖြစ်ရန်လိုပြီး ပါတီတွင်းဒီမိုကရေစီတည် ဆောက်ရန်လည်း လိုကြောင်း၊ ပါတီကိုဦးဆောင်သူမရှိသဖြင့်ပါတီယိမ်းယိုင်ခြင်း၊ ပျက်စီးခြင်း၊ အကြောင်း အမျိုးမျိုးကြောင့် ပါတီဖျက်သိမ်းရခြင်းများမဖြစ်စေလိုဘဲ ခိုင်ခိုင်မာမာရှိစေလိုကြောင်း၊ ထို့ကြောင့် ခိုင်မာသည့် ပါတီတည်ဆောက်မှုဖြစ်ရန်လိုပြီး ပါတီဝင်များ၏ ဝန်းရံမှုများ ခိုင်မာရန်လိုကြောင်း၊ မိမိတို့ပါတီအလိုက် ဖွဲ့စည်းတည်ဆောက်ပုံနှင့်  စည်းလုံးညီညွတ် မှုလက္ခဏာသည်လည်း ခန့်ခန့်ညားညားရှိရန်လိုကြောင်း။

ပါတီများ ဖွဲ့စည်းရေးနှင့်ပတ်သက်၍ ဥပဒေအရ လုပ်နိုင်ကိုင်နိုင်သည့် အခြေ အနေတွင်ရှိစေရေး လိုအပ်သည့် ပြင်ဆင်မှုများကို လုပ်ပေးပြီးဖြစ်ကြောင်း၊ တစ်ဖက် တွင်လည်း နိုင်ငံရေးအရ၊ လုံခြုံရေးအရ လုပ်နိုင်ကိုင်နိုင်သည့် အနေအထားတွင်ရှိရန် လည်း လိုမည်ဖြစ်ကြောင်း၊ အချို့သော မြို့နယ်များ၌ လုံခြုံရေးအရ ပါတီလှုပ်ရှားမှု များ ဆောင်ရွက်ရန်အခက်အခဲရှိမည်ဖြစ်သော်လည်း ပါတီများအလိုက် မိမိတို့ လုပ်နိုင် သည့်အခြေအနေတွင်ရှိသည့် ဒေသများ၌ ပါတီလှုပ်ရှားမှုများကို ပြည်သူလူထုနှင့် အဆက်မပြတ် ထိတွေ့ဆောင်ရွက်နေရန်လိုကြောင်း၊ ပါတီဖွဲ့စည်းထားသည့် မြို့နယ် များ၊ ဖွဲ့စည်းရန်ရည်ရွယ်ထားသည့်မြို့နယ်များ၌ အရှိန်အဟုန်ဖြင့် လှုပ်ရှားမှုများ ဆောင်ရွက်သွားရန်လိုကြောင်း၊ ပါတီနိုင်ငံရေးဆိုသည်မှာ မိမိတို့ပါတီ၏မူဝါဒများကို ပြည်သူအများက လက်ခံလာအောင်၊ ပါတီဝင်များဖြစ်လာအောင် လုပ်ဆောင်ခြင်း ဖြစ်ပြီး ပါတီနိုင်ငံရေးမှတဆင့် နိုင်ငံ့အရေးကို ဖော်ဆောင်ရခြင်းဖြစ်ကြောင်း၊ နိုင်ငံ့ အရေးသည် ပထမ၊ ပါတီအရေးသည် ဒုတိယဖြစ်ပြီး နိုင်ငံနှင့်ပါတီယှဉ်လာပါက နိုင်ငံ့ အကျိုးကိုသာ ဦးစားပေးရန်လိုပြီး နိုင်ငံသည်သာလျင် အဓိကအရေးအကြီးဆုံးဖြစ် ကြောင်း၊ ထို့ကြောင့် ပါတီအရေးကို ဆောင်ရွက်သည့်အခါတွင် နိုင်ငံ့အရေးကိုလည်း စဉ်းစားဆောင်ရွက်သည့် အလေ့အကျင့်ကို ဖော်ဆောင်ကျင့်သုံးကြရမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် လက်ရှိနိုင်ငံ့အရေးနှင့်ပတ်သက်၍ နိုင်ငံရေးပါတီများက ပါဝင်ဆောင်ရွက်ရန် အချက်သုံးခုရှိကြောင်း။

နိုင်ငံ၏ စီးပွားရေးတိုးတက်အောင်ဆောင်ရွက်ခြင်းသည် နိုင်ငံ့အရေးဖြစ်သည့် အတွက် ပါတီများအနေဖြင့်လည်း တစ်ဖက်တစ်လမ်းမှ စီးပွားရေးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်းခေါင်စာရင်းအရ နိုင်ငံ့လူဦးရေ ၅၆ သန်းအနက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တောကဏ္ဍ ဆောင် ရွက်သူ ၄၈ ဒသမ ၂ ရာခိုင်နှုန်း၊ လက်မှုပညာနှင့် ဆက်စပ်လုပ်ငန်းဆောင်ရွက်သူ ဆောင်ရွက်သူ ၁၄ ဒသမ ၇ ရာခိုင်နှုန်း၊ ဝန်ဆောင်မှုနှင့် အရောင်းအဝယ်လုပ်ငန်း ဆောင်ရွက်သူ ၁၀ ဒသမ ၄ ရာခိုင်နှုန်း၊ အခြေခံအလုပ်သမားဆောင်ရွက်သူ ၁၁ ဒသမ ၆ ရှိပြီး နိုင်ငံ့လူဦးရေ၏ ၈၄ ဒသမ ၉ ရာခိုင်နှုန်းသည် ယင်းကဏ္ဍကြီး ၄ ရပ်ကိုသာ အခြေခံ၍ ဆောင်ရွက်ရသည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယင်းကဏ္ဍကြီး ၄ ရပ် တိုး တက်စေရေး၊ ပိုမိုအားကောင်းလာစေရေး ပါတီများအနေဖြင့် ပါတီနိုင်ငံရေးဆောင်ရွက် ရာတွင် တစ်ဖက်တစ်လမ်းက ပါတီဝင်များဖြင့် ဆောင်ရွက်ကြရန်လိုကြောင်း၊ စိုက်ပျိုး ရေး၊ မွေးမြူရေးကို အခြေခံသည့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးကို နိုင်ငံ့အရေးအဖြစ် ခံယူ၍ ပါတီများအနေဖြင့် ဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားလိုကြောင်း။

ပညာရေးနှင့် ပတ်သက်ပါကလည်း မိမိတို့နိုင်ငံတွင် အားနည်းချက်များစွာ ရှိနေ ဆဲ ဖြစ်ကြောင်း၊ ထို့ကြောင့် နောင်အနာဂတ်နိုင်ငံတော်ကို ပညာတတ် လူသားအရင်း အမြစ်များဖြင့် တည်ဆောက်နိုင်ရေးအတွက်လည်း  ပါတီများအလိုက် ကြိုးစားဆောင် ရွက်ပေးကြရန်လိုကြောင်း၊ လက်ရှိအချိန်၌လည်း အကြမ်းဖက်သမားများ၏ လုပ်ရပ် များကြောင့် အချို့သောနယ်မြေများ၌ ကျောင်းနေအရွယ်ကလေးငယ်များစွာ၏ ပညာ ရေး များစွာထိခိုက်နစ်နာနေရကြောင်း၊ ပညာရေးတွင် အားနည်းချက်များရှိခဲ့ပါက နောင်အနာဂတ်နိုင်ငံတော်အတွက် အန္တရာယ်ကို ဖြစ်ပေါ်စေနိုင်ပြီး အတွေးအခေါ်၊ အသိအမြင်နှင့် စည်းကမ်းလိုက်နာမှုအပိုင်းတို့၌ ကွာဟမှုများဖြစ်ပေါ်လာမည်ဖြစ် ကြောင်း၊ ထို့ကြောင့် နိုင်ငံရေးပါတီများအနေဖြင့် ကလေးငယ်များ၏ ပညာရည်မြင့်မား ရေးအတွက် ကောင်းမွန်သည့်လမ်းကြောင်းပေါ်မှ မြှင့်တင်ပေးနိုင်ရေး၊ လမ်းညွှန်ပေး နိုင်ရေး ဆောင်ရွက်ပေးကြရန်လိုကြောင်း၊ ပါတီများအနေဖြင့်လည်း နိုင်ငံ့အရေး ဆောင်ရွက်ရာတွင် စီးပွားရေးအရ၊ ပညာရေးအရ မြှင့်တင်မှုအခန်းကဏ္ဍ၌ ပါဝင် လာစေရေး တိုက်တွန်းပြောကြားရခြင်းဖြစ်ကြောင်း။

တည်ငြိမ်အေးချမ်းရေးနှင့် ပတ်သက်၍ မိမိတို့နိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ကတည်းက ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခများသည် ယခုအချိန်အထိဖြစ်ပေါ်နေဆဲ ဖြစ်ကြောင်း၊  ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)နှင့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အပေါ်တွင်သာ ရပ်တည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ပါတီစုံဒီမိုကရေစီစနစ်တွင် သဘောထားကွဲလွဲမှုများ ရှိမည်ဖြစ်သော်လည်း လိုလားချက်များကို အကြမ်းဖက်သည့် လမ်းစဉ်ဖြင့်လက်နက်ကိုင်၍ တောင်းဆို၍မရဘဲ ဥပဒေအရသာ တောင်းဆိုရမည် ဖြစ်ကြောင်း၊ နိုင်ငံရေးနည်းလမ်းအရ ဆောင်ရွက်ခြင်းမပြုဘဲလက်နက်ကိုင်၍ တောင်း ဆိုခြင်းကို တပ်မတော်အနေဖြင့် လုံးဝလက်ခံမည်မဟုတ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးနှင့် ပတ်သက်၍လည်း တပ်မတော်အနေဖြင့် သဘောတူညီ ထားပြီးဖြစ်ပြီး ပြင်ဆင်သင့်သည်ဥပဒေများကို လွှတ်တော်လမ်းကြောင်းပေါ်၌ ပြင်ဆင် သွားမည်ဖြစ်ကြောင်း၊ လွှတ်တော်မတိုင်မီ ဥပဒေမထုတ်ပြန်နိုင်သေးပါက ပြည်ထောင် စုမှ ဥပဒေကဲ့သို့ အာဏာတည်သောအမိန့်နှင့် ညွှန်ကြားချက်များထုတ်ပြန်၍ တိုင်း ဒေသကြီးနှင့် ပြည်နယ်များအတွက် လုပ်ဆောင်ပေး၍ရကြောင်း၊ ထိုသို့ဆောင်ရွက်ပေး မည်ဆိုပါက တိုင်းဒေသကြီးနှင့် ပြည်နယ်များကလည်း ဖက်ဒရယ်စနစ်အပေါ်တွင် ယုံကြည်မှုပိုမိုရှိလာမည်ဖြစ်ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုထားသော ကဏ္ဍများ၌ တိုင်းဒေသကြီးနှင့် ပြည်နယ်များအလိုက် ဥပဒေပြဋ္ဌာန်းပြီး လုပ်ဆောင်၍ ရသည်များ ရှိသော်လည်း မလုပ်သည့်အတွက် အချို့နေရာများတွင် အခက်အခဲများ ဖြစ်ပေါ် နေခြင်းဖြစ်ကြောင်း။

လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ ဖြစ်ပေါ်လာ စေရေး အတွက် တည်ငြိမ်အေးချမ်းရေးကို အလေးထားဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံတော်လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာတည်စေခဲ့ ကြောင်း၊ ယင်းဥပဒေသည် နိုင်ငံတော်အနေဖြင့် နိုင်ငံတော် ကာကွယ်ရေး၊ အထူးသဖြင့်ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရန် အတွက် ယခင်ကတည်းကပင် ပြဋ္ဌာန်းခဲ့သည့်ဥပဒေဖြစ်ကြောင်း၊ ယင်းဥပဒေနှင့် ပတ်သက်၍ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပြီး နိုင်ငံအတွက်လည်း ဝန် ထုပ်ဝန်ပိုးမဖြစ်ရန်လိုကြောင်း၊ သတ်မှတ်အသက်အပိုင်းအခြားအတွင်းမှ သင့်တင့် လျောက်ပတ်သည့် အင်အားသာ တာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်း လျှောက်သာ ပျားလည်းစွဲသာသည့် အခြေအနေဖြစ်အောင် ဆောင်ရွက်သွားမည်ဖြစ် ကြောင်း။

ထို့ပြင် အရန်တပ်ဖွဲ့ဥပဒေ အာဏာတည်သည့်အမိန့်ကိုလည်း ယနေ့တွင် စတင် ထုတ်ပြန်မည်ဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းများအနေဖြင့်နိုင်ငံတော်၏ ကာကွယ်ရေး အင်အားတွင် ပြန်လည်ထမ်းဆောင်ရန် တောင်းဆိုမှုများပြားလာသဖြင့် ယခုကဲ့သို့ ဆောင်ရွက်ရခြင်းဖြစ်ကြောင်း၊ စစ်မှုထမ်းဟောင်းအားလုံးကို ပြန်လည်ခေါ် ယူမည်ဟု မဆိုလိုဘဲ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်ခေါ်ယူတာဝန်ပေးအပ်သွားမည် ဖြစ်ကြောင်း၊ ယင်းဥပဒေနှစ်ရပ်ကိုအကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြင့် ကာ ကွယ်ရေးအင်အားကို တိုးမြှင့်လာစေမည်ဖြစ်ကြောင်း၊ ထိုသို့ဆောင်ရွက်နိုင်ရန်အ တွက် နိုင်ငံ၏စီးပွားရေးမောင်းနှင်အားသည် မဖြစ်မနေကောင်းမွန်နေရန်လိုကြောင်း၊ စီးပွားရေးမောင်းနှင်အားကောင်းမွန်မှသာလျင် နိုင်ငံရေးမောင်းနှင်အား၊ ကာကွယ်ရေး မောင်းနှင်အားများလည်း ကောင်းမွန်လာမည်ဖြစ်ကြောင်း။

နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးနှင့်ပတ်သက်ပါက မိမိတို့အနေဖြင့် လုပ်သင့် လုပ်ထိုက်သည်များကို တစ်ဆင့်ပြီးတစ်ဆင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ ထိုမှတစ်ဆင့် ရှေ့လုပ်ငန်းစဉ်များ အောင်မြင်စေရေး ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပြီး ရှေ့လုပ်ငန်းစဉ် ပဉ္စမအချက်ဖြစ်သည့် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာဖြစ်မြောက်စေရေး အုပ်ချုပ်သူအစိုးရတစ်ခုတည်းမရဘဲ နိုင်ငံရေးပါတီ များ၊ တိုင်းသူပြည်သားများအားလုံးပါဝင် ရမည်ဖြစ်ကြောင်း၊ နိုင်ငံကို ကိုယ်စားပြု မည့်သူများကို နိုင်ငံရေးပါတီများမှသာ ရွေးခြယ်ရမည်ဖြစ်သဖြင့် နိုင်ငံရေးပါတီများနှင့် ယခုကဲ့သို့ တွေ့ဆုံရခြင်းဖြစ်ကြောင်း၊ ဒေသနှင့် နိုင်ငံ့အကျိုးအတွက် ဆွေးနွေးကြရန် နှင့် လိုအပ်သည်များကို အကြံပြုကြရန် ဖိတ်ခေါ်ပါကြောင်းဖြင့် ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသော မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သည့် နိုင်ငံရေးပါတီ များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌ များနှင့် တာဝန်ရှိသူများက ပါတီတစ်ခုချင်းစီအလိုက် လိုအပ်ချက်များ၊ နိုင်ငံ့ကောင်းရာကောင်းကျိုးအတွက် အကြံပြုချက်များကို ရင်းနှီးပွင့် လင်းစွာ ဆွေးနွေးတင်ပြကြရာတွင် နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီမှ ချမှတ်ထားသည့် လမ်းညွှန်ချက်၊ စည်းကမ်းချက်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ကြီးကြပ်လမ်းညွှန်မှုများဖြင့် ဆောင်ရွက်လျက်ရှိမှု၊ ပါတီ များမှတ်ပုံတင်ခြင်းဥပဒေကို ပြင်ဆင်ဆောင်ရွက်ပေးခဲ့သည့်အတွက် ပါတီရုံးများဖွင့် လှစ်ဆောင်ရွက်နိုင်ခဲ့မှု၊  နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဝိုင်းဝန်းဆောင်ရွက်လျက် ရှိမှု၊ ပြည်သူ့စစ်မှုထမ်းဥပဒေပြဋ္ဌာန်းရန်လိုအပ်မှုနှင့် ထောက်ခံမှု၊ နိုင်ငံတော်လုံခြုံ ရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ဆောင်ရွက်သင့်သည့်ကိစ္စရပ်များ၊ ပါတီများအနေဖြင့် နိုင်ငံ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေးနှင့် အခြားကဏ္ဍအသီးသီးတွင် ပါဝင်အားဖြည့် ဆောင်ရွက်လျက်ရှိမှုအခြေ အနေများကို အသီးသီးဆွေးနွေးပြောကြားကြသည်။

ယင်းနောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုက ပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်ပတ်သက်သည့် ကိစ္စရပ်များနှင့်ပါတီများ၏ တင်ပြချက် များအပေါ် ရှင်းလင်းဆွေးနွေးပြီး လွတ်လပ်၍တရားမျှတသည့်ရွေးကောက်ပွဲဖြစ်စေ ရေးဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လည်းကောင်း၊ ဥပဒေရေးရာ ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦး ကဥပဒေပိုင်းဆိုင်ရာကိစ္စရပ်များကို လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံး ဝန်ကြီးဌာန(၁) ပြည် ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် အရန်တပ်ဖွဲ့ဥပဒေ ဆိုင်ရာကိစ္စ၊ နိုင်ငံခြားရေးမူဝါဒ ဆိုင်ရာကိစ္စများနှင့် ပါတီနိုင်ငံရေးဆိုင်ရာကိစ္စရပ်များ ကိုလည်းကောင်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးစစ်အေးက အဂတိ လိုက်စားမှုဆိုင်ရာများနှင့် ပတ်သက်သည့် ဥပဒေရေးရာကိစ္စရပ်များကိုလည်း ကောင်း ရှင်းလင်းဆွေးနွေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်က  ဖြည့်စွက်ဆွေးနွေးရာတွင် နိုင်ငံရေးပါတီများအနေဖြင့် ပြည့်ပြည့်စုံစုံ ဆွေးနွေးတင် ပြသွားကြကြောင်း၊ နိုင်ငံရေးပါတီများသည် ဥပဒေပြုရေးကဏ္ဍများအတွက် လွှတ်တော်များတွင် ပါဝင်ဆောင်ရွက်ကြကြောင်း၊ ဥပဒေပြုရေးအတွက် ဆောင်ရွက်ရ ခြင်းဖြစ်သဖြင့် ပါတီခေါင်းဆောင်များအနေဖြင့် ဥပဒေကို ပိုမိုနားလည်သိရှိရန် လိုကြောင်း၊ ဝန်ထမ်းများ အနေဖြင့် ဆန္ဒမဲပေးရာတွင် ကြိုက်နှစ်သက်သည့် ပါတီကို မဲပေး၍ရသော်လည်း ပါတီနိုင်ငံရေး ကင်းရှင်းရန်လိုကြောင်း။

ပါတီတွင်းနှင့် ပါတီများစည်းလုံးညီညွတ်ရေးသည်လည်း အရေးကြီးကြောင်း၊ ယခု အတည်ပြုပြီးသာပါတီများသည် တရားဝင်ခွင့်ပြုထားသည့် နိုင်ငံရေးဦးဆောင် ပါတီများဖြစ်ကြောင်း၊ ထို့ကြောင့် ဒို့တာဝန်အရေးသုံးပါးကို လက်ခံလိုက်နာရန် လိုအပ် ပြီး ထိခိုက်စေမည့်ကိစ္စရပ်များ မပြုလုပ်ရန်လိုကြောင်း၊ ဒို့တာဝန်အရေးသုံးပါးကို အမျိုး သားရေးတာဝန်အဖြစ် ဆောင်ရွက်ကြရန်လိုကြောင်း။

တိုင်းပြည်၏ အားသည်ပြည်တွင်းမှာသာရှိကြောင်း၊ ထို့ကြောင့် မိမိတို့ခြေ ထောက်ပေါ်တွင်သာ ရပ်တည်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ပြည်တွင်း အားကိုဖော်ဆောင်ပေးရန်အတွက် နိုင်ငံရေးပါတီများသည်လည်း ပါဝင်ကြောင်း၊ ပြည်သူ့ စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ ထင်မြင်ချက်များ များစွာပေးကြကြောင်း၊ ၎င်း အတွက် ပြည်သူများအသိပညာအားကောင်းစေရေး ပညာရေးအားကောင်းအောင် ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အသိပညာအားကောင်းပြီး တိုင်း ချစ်ပြည်ချစ်စိတ် ရှိသူများ မွေးထုတ်ပေးနိုင်ရေး အချိန်ပေး၍ဆောင်ရွက်ရမည် ဖြစ်ကြောင်း။

လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများသည် မီဒီယာများ၏ သွေးထိုး လှုံ့ဆော် မှုကြောင့်ဖြစ်နေသည်များရှိကြောင်း၊ တိုင်းရင်းသားအားလုံးပြည်သူများအားလုံး ပြည် ထောင်စုစိတ်ဓာတ်ရှိရန်လိုကြောင်း၊ ပြည်ထောင်စုစိတ်ဓာတ်ရှိမှ ဒို့တာဝန်အရေးသုံးပါး ကို အလေးထားမည် ဖြစ်ကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများ နှင့် အသိဉာဏ်အားနည်းပါး မှုများကြောင့် ပြည်ထောင်စုစိတ်ဓာတ်ကိုထိခိုက်စေလျက်ရှိကြောင်း၊ ထို့ကြောင့် ညီ ညွတ်ခြင်းအင်အားဖြင့် ပြည်ထောင်စုစိတ်ဓာတ်ကိုတည်ဆောက်သွားရမည် ဖြစ် ကြောင်း၊ နိုင်ငံ၏ ပြည်ထောင်စုစိတ်ဓာတ်ကို ထိခိုက်စေမည့်လုပ်ရပ်များ မလုပ်ဆောင် မိစေရေး သတိ ထားဆောင်ရွက်ကြစေလိုကြောင်း။

ပါတီများအတွက် ပြဋ္ဌာန်းထားသည့် ဥပဒေများအတိုင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်မှပြဋ္ဌာန်းထားသည့် သတ်မှတ်ချက်များအတိုင်း ဆောင်ရွက် ရန်လိုကြောင်း၊ လုပ်ငန်းများအားလုံးဆောင်ရွက်ရာတွင် ဥပဒေနှင့် သတ်မှတ်ချက်များ အတိုင်း ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ကောင်းသည့်စိတ်ဖြင့်လုပ်ဆောင်မည် ဆိုပါက ကောင်းသည့်ရလဒ်များရရှိမည်ဖြစ်ပြီး မကောင်းသည့်စိတ်ဖြင့် လုပ်ဆောင် မည်ဆိုပါက မကောင်းသည့်ရလဒ်များရရှိမည်ဖြစ်ကြောင်း၊ ဥပဒေပြုမဏ္ဍိုင်တွင် ဆောင်ရွက်ရမည့် ပါတီများအနေဖြင့် အလေးထားဆောင်ရွက်ကြစေလိုကြောင်း၊ သက်ဆိုင်ရာ ပြည်ထောင်စုဝန်ကြီးများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံဆွေးနွေးနိုင်ရေး  အတွက်လည်း စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လက်ရှိအချိန်သည် လာမည့် ရွေးကောက်ပွဲအတွက် ပြင်ဆင်ဆောင်ရွက်နေသည့်ကာလဖြစ်ပြီး လွတ်လပ်၍တရား မျှတသည့်ရွေးကောက်ပွဲ၊ သိက္ခာရှိသည့် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက် လျက်ရှိကြောင်းဖြင့် ပြောကြားပြီး တွေ့ဆုံပွဲကို ညနေ ၆ နာရီ ၄၅ မိနစ်တွင် ရုပ်သိမ်း လိုက်ကြောင်း သတင်းရရှိသည်။