လက်နက်ချသည့် ကက်ရှမီးယား စစ်သွေးကြွလူငယ်များကို နိုင်ငံအတွင်း ပြန်လည်နေရာချထားရန် အိန္ဒိယ စဉ်းစား

နယူးဒေလီ၊ ပြည်တွင်းရေး

အိန္ဒိယအစိုးရကို တိုက်ခိုက်နေသော ကက်ရှမီးယား ဒေသရှိ စစ်သွေးကြွများအနက် လက်နက်ချ အလင်းဝင် လာသည့် လူငယ်များကို နိုင်ငံအတွင်းရှိ  ငြိမ်းချမ်းသော နေရာများ၌ ပြန်လည်နေရာချထားရန်  အစိုးရက စဉ်းစား နေကြောင်း အိန္ဒိယ စစ်ဘက်ထိပ်တန်းတာဝန်ရှိသူ တစ်ဦးကပြောသည်။

ထိုအစီအစဉ်ကို စစ်ဘက်က အစိုးရထံသို့ တင်ထားပြီး ဖြစ်ကြောင်းနှင့် အပြီးသတ်အမိန့် မထွက် လာသေး သော်လည်း နောက်ဆုံးအဆင့် စဉ်းစားနေသည့် အခြေအနေတွင်ရှိကြောင်း ဒုတိယဗိုလ်ချုပ်ကြီး ဘီအက်(စ်) ရာဂျူးကပြောသည်။

လက်ရှိတွင် လက်နက်ချအလင်းဝင်လာသူများကို တစ်လုံးတစ်ခဲတည်း ထောက်ပံ့ငွေအဖြစ် ရူပီးတစ်သိန်းခွဲ၊ လစဉ် ထောက်ပံ့ငွေ အနည်းငယ်၊  အသက်မွေးဝမ်းကျောင်းသင်တန်းအခမဲ့တက်ခွင့်နှင့် အစိုးရထံအပ်နှံသည့် လက်နက် များ အတွက် ငွေသားများကို အစိုးရက ပေးအပ်လျက်ရှိသည်။ လတ်တလောတွင် ကက်ရှမီးယားတောင်ကြား ဒေသ၌ စစ်သွေးကြွအယောက် ၁၈ဝ ခန့်သာရှိကြောင်းနှင့် တပ်မတော်နှင့် ရဲတပ်ဖွဲ့ဝင် စုစုပေါင်းအင်အား နှစ်သိန်း ခန့်ကို ထိုဒေသသို့စေလွှတ် ပြီးချိန်မှစ၍ စစ်သွေးကြွများ၏တိုက်ခိုက်မှုများ ၄ဝ ရာခိုင်နှုန်းနီးပါး လျော့ကျ လာကြောင်း သိရသည်။