မန္တလေးမြို့ အိုးဘိုထောင်၌ နိုင်ငံရေးအကျဉ်းသူတစ်ဦး အကျဉ်းထောင်အတွင်း ဆေးကုသမှု လုံလောက်စွာမရရှိဘဲ သေဆုံးသွားကြောင်း ကောလဟလ သတင်း အမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

 

မန္တလေးမြို့ အိုးဘိုထောင်၌ နိုင်ငံရေးအကျဉ်းသူတစ်ဦး အကျဉ်းထောင်အတွင်း ဆေးကုသမှု လုံလောက်စွာမရရှိဘဲ သေဆုံးသွားကြောင်း ကောလဟလ သတင်း အမှားများကို ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၄ ရက်

    မန္တလေးမြို့ အိုးဘိုထောင်၌ နိုင်ငံရေးအကျဉ်းသူ မယဉ်မိုးသည် အကျဉ်းထောင် အတွင်းဆေးကုသမှု လုံလောက်စွာမရရှိခဲ့ဘဲ ကျောက်ကပ်ရောဂါဖြင့် မန္တလေး ဆေးရုံကြီး၌ သေဆုံးသွားကြောင်း၊ ထောင်တွင်းဆေးရုံမှာ ဘာရောဂါမှန်းမသိဘဲ ကုသမှုခံယူနေရင်း နေမကောင်းလိုက်၊ ပြင်ပဆေးရုံပို့လိုက်၊ လုံခြုံရေးမပေးနိုင်ဘူး ဆိုပြီး အကျဉ်းထောင်သို့ ပြန်ပို့လိုက်နဲ့ ဖေဖော်ဝါရီ(၄)ရက်နေ့က သေဆုံးသွားကြောင်း၊ အကျဉ်းထောင်တွင် ဆေးဝါးကုသမှု လုံလောက်စွာ မရရှိကြောင်း ကောလဟလ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ Mizzima က မဟုတ်မမှန် ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

     အဆိုပါ ကောလဟလသတင်းနှင့် ပတ်သက်၍ အကျဉ်းဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ ဖြစ်စဉ်မှာ မယဉ်မိုးသည် အများသူငါသွားသည့် လမ်းပေါ်၌ တာယာကွင်းများအား ဓါတ်ဆီလောင်း၍ မီးရှို့ခြင်း၊ ဆူပူအော်ဟစ်ခြင်း၊ အားပေးကူညီခြင်း၊ ပြစ်မှုများဖြင့် ထောင်ဒဏ်ကျခံနေရသူဖြစ်ကြောင်း၊ အကျဉ်း ထောင်လုပ်ငန်း သဘောသဘာဝအရ မန္တလေးထောင်မှ မြင်းခြံထောင်သို့ ရွှေ့ပြောင်းခဲ့ကြောင်း၊ မြင်းခြံထောင်တွင် နှလုံးသွေးတိုးရောဂါ၊ သွေးအားနည်း ရောဂါ၊ အမောဖောက်ရောဂါတို့ဖြင့် ထောင်ဆေးရုံတွင် ၁-၇-၂၀၂၃ မှ ၁၀-၇-၂၀၂၃ အထိ ကုသပေးခဲ့ကြောင်း၊ ၁၀-၇-၂၀၂၃ တွင် မြင်းခြံခရိုင်၊ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းကုသပေးစေခဲ့ကြောင်း၊ သမားတော်ကြီးများက မန္တလေး အထွေထွေ ရောဂါကုဆေးရုံကြီးသို့ ပြောင်းရွှေ့ကုသရန် မှတ်ချက်ပြုပြီး ၂၁-၇-၂၀၂၃ ရက်နေ့ တွင် ဆေးရုံဆင်းခွင့်ပြုခဲ့ကြောင်း၊ ဆေးဝါးကုသနိုင်ရန်အတွက်  မြင်းခြံထောင်မှ မန္တလေးထောင်သို့ ၇-၈-၂၀၂၃ ရက်နေ့တွင် ပြောင်းရွှေ့ပေးခဲ့ကြောင်း၊ မန္တလေး ဆေးရုံကြီးသို့    ၁၄-၉-၂၀၂၃    ရက်နေ့တွင် ပြသခဲ့ကြောင်း၊ မန္တလေး ဆေးရုံကြီးသို့ ၅ ကြိမ် ဆေရုံတက်ကုသပြီး သမားတော်ကြီးများ၏ ညွှန်ကြားချက်အတိုင်း ကုသဆောင်ရွက်ပေးခဲ့ကြောင်း၊ ဆေးရုံတင်ပို့ကုသနေစဉ် ၄-၂-၂၀၂၄ ရက်နေ့၌ ကျောက်ကပ်ပျက်စီးခြင်း၊ ဆီးမသွားနိုင်ခြင်းရောဂါဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း၊ အကျဉ်းထောင်ဥပဒေအရ နေမကောင်းသူကို ဆေးကုသခွင့်မပေး၍မရကြောင်း၊ အကျဉ်းထောင်ဆေးရုံ၌ အကျဉ်းထောင်ဆရာဝန်နှင့် ကုသနိုင်သလောက်ကုသ ပေးပြီး လိုအပ်ပါက ပြင်ပပြည်သူ့ဆေးရုံကြီးများသို့ လွှဲပြောင်းကုသပေးရပါ ကြောင်း၊ လုံခြုံရေးမပေးနိုင်၍ ဆေးရုံမှ ဆင်းခွင့်တောင်းခြင်းပြုလုပ်၍ မရပါကြောင်း သတင်းဖော်ပြချက်များမှာ ပြည်သူလူထု ထင်ယောင်ထင်မှားဖြစ်စေရန် အဖျက် အမှောက် ရည်ရွယ်ချက်ဖြင့် ရေးသားဖော်ပြထားသည့် သတင်းဖြစ်ကြောင်း သိရှိရသည်။