ဆီဆိုင်မြို့တွင် ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သည့် အောင်ဆုဗွေ  ဆေးဖြတ်စခန်းက ပအိုဝ်းအမျိုးသား ၁၂ ဦးကို တပ်မတော်မှ ပစ်သတ်သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

ဆီဆိုင်မြို့တွင် ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သည့် အောင်ဆုဗွေ  ဆေးဖြတ်စခန်းက ပအိုဝ်းအမျိုးသား ၁၂ ဦးကို တပ်မတော်မှ ပစ်သတ်သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၄ ရက်

      ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့နယ်တွင် ရှေ့တန်းသွားရန် ငြင်းဆန်ခဲ့သော အောင်ဆုဗွေ ဆေးဖြတ်စခန်းက ပအိုဝ်းအမျိုးသား ၁၂ ဦးကို တပ်မတော်မှ  ပစ်ခတ် သတ်ဖြတ်ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများ က ပြည်သူများအား အထင်အမြင် လွဲမှားစေရန်အတွက် လူမှုကွန်ရက်စာမျက်နှာများတွင် လုပ်ကြံသတင်း ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရပါသည်။

    ဆီဆိုင်မြို့တွင် တပ်မတော်နှင့် ပအိုဝ်းပြည်သူ့စစ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ နယ်မြေ တည်ငြိမ်အေးချမ်းမှုရှိစေရန် ဆီဆိုင်မြို့နှင့်အနီးဝန်းကျင် ကျေးရွာများသို့ လုံခြုံရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်ခြင်းများကို ပုံမှန်ဆောင်ရွက်လျက်ရှိကြောင်းနှင့် အဆိုပါ သတင်းမှာ လုပ်ကြံဖန်တီးရေးသားထားသည့် သတင်းအမှားသာဖြစ်ကြောင်း သက်ဆိုင် ရာနယ်မြေ လုံခြုံရေးဆိုင်ရာတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။   

    တပ်မတော်အနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးလုပ်ငန်းများကို သက်ဆိုင်ရာ နယ်မြေရှိ တိုင်းရင်းသားအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေမှုများ အပေါ် တိုင်းရင်းသားစည်းလုံညီညွတ်မှုပျက်ပြားစေရန် သွေးထိုးလှုံဆော်၍ တရားမဝင် ပြည်ဖျက်မီဒီယာများမှ လူမှုကွန်ရက်များတွင် မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေ နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။