ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်နေသည့် ကောလာဟလ သတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြ

ပြည်သူ့စစ်မှုထမ်းဥပဒေ၊ အရန်တပ်ဖွဲ့ဥပဒေနှင့်ပတ်သက်၍ ပြည်ဖျက်မီဒီယာများနှင့် အကြမ်းဖက်အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်နေသည့် ကောလာဟလ သတင်းများနှင့်ပတ်သက်၍ နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်း ဥပဒေ၊ အရန်တပ်ဖွဲ့ ဥပဒေတွေကို အာဏာတည်စေမယ့်ရက်များ အတည်ပြုသတ်မှတ်ပြီးဖြစ်ပါတယ်။ အဲလိုအတည်ပြုတဲ့နေရာမှာ တချို့သော ပြည်ဖျက်မီဒီယာများရဲ့ ထုတ်လွှင့်ချက်တွေ တချို့သောသောင်းကျန်းသူအဖွဲ့အစည်းများ တချို့သောအကြမ်းဖက်အဖွဲ့အစည်းများရဲ့ လှုံဆော်မှုတွေကြောင့် မိဘပြည်သူများနဲ့ တချို့သော လူငယ်၊ လူရွယ်များသည် ဒါနဲ့ပတ်သက်ပြီး ထင်ယောင်ထင်မှား ဖြစ်နေတဲ့ ဟာလေးတွေ ရှိကြောင်းလည်းတွေ့ရှိရပါတယ်။ တချို့ကတော့ ဒီလိုမျိုး ဖြစ်အောင်ကို တမင်ဖန်တီးပြီး တမင်လှုံဆော်နေတာဖြစ်ပါတယ်။ တချို့သော ပြည်ဖျက်မီဒီယာများအနေနဲ့လဲ ကျွန်တော်ပြောခဲ့တဲ့ ဟာတွေရှိပါတယ်။ အဲဒီထဲကမှ သူတို့လိုချင်တဲ့ဟာလောက်ပဲ ဖျက်ညှပ်ကပ်ပြီး လူငယ်၊ လူရွယ်တွေ၊ မိဘပြည်သူတွေကို စိုးရိမ် ထပ်လှန့်အောင် လုပ်နေတာဖြစ်ပါတယ်။ စိုးရီမ်ထိပ်လှန့်အောင် ပြုလုပ်ခြင်းနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တစ်ခု ပြောချင်ပါတယ်။ ဒါတွေက ဘာတုံးဆိုတော့ကြ သူတို့အနေနဲ့က နိုင်ငံတော်မှာ မဲလိမ်မဲခိုးမှုတွေကြောင့် တပ်မတော်အနေနဲ့ နိုင်ငံတော်တာဝန် စတင်ယူကတည်းကတိုင် တိုင်းပြည်တစ်ခုလုံးကို စိုးရိမ်ထိပ်လှန့်မှုဖြစ်အောင် အမြဲတမ်းဖန်တီးနေတာကို တွေ့ရမှာဖြစ်ပါတယ်။ အခုချိန်မှာတော့ ပိုပြီး ဆောင်ရွက်လာတဲ့ဟာတွေကို တွေ့ရမှာဖြစ်ပါတယ်။ အဓိကအနေနဲ့ လူငယ်၊ လူရွယ်တွေကို ဥပဒေပြင်ပကို ရောက်သွားအောင် သူတို့လိုအကြမ်းဖက် သမားဘဝမျိုးကို ရောက်ရှိအောင် ဆောင်ရွက်နေတာတွေ့ရမှာဖြစ်ပါတယ်။ ဥပဒေလမ်းကြောင်းမှန်အတိုင်းနေချင်တဲ့ နိုင်ငံချစ်စိတ်ရှိတဲ့ မျိုးချစ်စိတ်ရှိတဲ့ WE ARE MYANMAR ဆိုတဲ့ စိတ်ဓာတ်ရှိတဲ့ လူငယ်၊လူရွယ်တွေ မိသစုတွေကိုပဲ ဦးတည်ပြီးတော့ ပြောင်းလဲသွားအောင် ပစ်မှတ်ထားဆောင်ရွက်နေတဲ့ သဘောမျိုးတွေ တွေ့ရပါတယ်။ ဒီနေရာမှာ ပြည်သူ့စစ်မှုထမ်း ဥပဒေမှာရော၊ အရန်တပ်ဖွဲ့ ဥပဒေမှာရော ကျွန်တော်ပထမဦးဆုံး ခိုင်ခိုင်မာမာပြောချင်တာက အကြုံဝင်တဲ့သူတိုင်းကိုလဲ ကျွန်တော်တို့ခေါ်မှာ မဟုတ်ပါဘူး။ ခေါ်စရာလဲ အကြောင်းမရှိပါဘူး။ မနေ့ကလဲ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် အနေနဲ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ ဒါတွေနဲ့ ပတ်သက်ပြီးတော့ အထူးအလေးထားရှင်းပြခဲပြီးဖြစ်တယ်။ ဒီဟာသည် ပြည်တွင်း၊ ပြည်ပ အန္တရာယ်ဆိုတာထပ် နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို တိုင်းရင်းသားပြည်သူအားလုံး၊ လူငယ်၊ လူရွယ်အားလုံး သိရမယ်၊ တတ်ရမယ်။ ဒို့တာဝန်အရေး ၃ ပါးကို ကာကွယ်စောင့်ရှောက်ဖို့အတွက် ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ နေရာမှာလဲ ပြည်သူ့စစ်မှုထမ်း ဥပေဒေနဲ့ ပတ်သက်ပြီး မနေ့ကလဲ  ရှင်းလင်းပြောပြခဲ့ပါတယ်။ ပြည်သူ့စစ်မှုထမ်း ဥပဒေ အရ ၂၀၁၉ ကြားဖြတ် သန်းခေါင်းစာရင်း အကြုံဝင်တဲ့လူ အနည်းဆုံး ၁၃ သန်း ရှိပါတယ်။ အမျိုးသား ၆ ဒသမ ၃ သန်း၊ အမျိုးသမီး ၇ ဒသမ ၇ သန်းပေါ့ ဒီလောက်ရှိတယ်။ ရှိတဲ့အထဲမှာမှ အမျိုးသားလောက်ပဲ တွက်ကြည့်ဦး အမျိုးသား ၆ ဒသမ ၃ သန်း ထဲမှာ ကျွန်တော်တို့အနေနဲ့ တစ်နှစ်တစ်နှစ်ကို ခေါ်နိုင်တဲ့လူဦးရေ ငါးသောင်း ထပ်ပိုနိုင်စရာ အကြောင်းမရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့အနေနဲ့ ခေါ်ယူထားတဲ့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံတော်ကာကွယ်ရေး တာဝန်ကို ထမ်းဆောင်မယ့် သူတွေအားလုံးကို အဆင့်အလိုက် အရည်အချင်းအလိုက် လစာ၊ ရိက္ခာ၊ ခံစားခွင့် အားလုံး ပေးရမှာဖြစ်ပါတယ်။ ပြီးရင်လေ့ကျင့်မှု၊ လေ့ကျင့်မှုကိုလဲ တပ်မတော်သားတွေ တက်သင့်တက်ထိုက်တဲ့ နိုင်ငံတော် ကာကွယ်ရေးပညာရပ် အားလုံးကို အချိန်ပေးပြီး သင်ကြားပေးရမှာဖြစ်တယ်။ ဒီလိုသင်ကြားပေးပြီးမှ ကျွန်တော်တို့အနေနဲ့ တာဝန်ထမ်းဆောင်စေရမှာ ဖြစ်တယ်။ တာဝန်ထမ်းဆောင်စေတဲ့ နေရာမှာလဲ အဆင့်အလိုက်နဲ့ အရည်အချင်း အလိုက်၊ အတွေ့အကြုံအလိုက်နဲ့ ရာထူးတာဝန်ပေးပြီး တာဝန်ထမ်းဆောင်စေရမှာ ဖြစ်တယ်။ ဒီလိုမျိုးဆောင်ရွက်တဲ့ နေရာမှာလဲ ပထမဦးဆုံး အပတ်စဉ်တွေမှာ အမျိုးသမီးတွေကို ခေါ်ယူပြီး တာဝန်ထမ်းဆောင်စေဖို့ နည်းမှာ ဖြစ်ပါတယ်။ ပြီးရင် ကျွန်တော်တို့အနေနဲ့ သင်တန်းပြီးစီးရင် အဓိကတော့ မိမိတို့ရပ်ရွာဒေသမှာရှိတဲ့ လုံခြုံရေးဆိုင်ရာ တပ်ဖွဲ့တွေမှာသာ တာဝန်ထမ်းဆောင်စေဖို့အတွက် ရည်ရွယ်ပါတယ်။ အဓိက က စစ်တိုက်ဖို့ ဆိုတာထက် လုံခြုံရေး၊ ကာကွယ်ရေးကို ဘယ်လိုအမြင်တွေနဲ့ တာဝန်ထမ်းဆောင်ရမယ်။ လုံခြုံရေး၊ ကာကွယ်ရေးအသိပညာတွေကို ပြည်သူထဲမှာ ပြန့်နှံ့သွားအောင် နောင်ရေရှည်မှာ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေသည် ကာကွယ်ရေး၊ လုံခြုံရေးနဲ့ ပတ်သက်တဲ့ အသိပညာ ကြွယ်ဝသော မိမိနိုင်ငံကို မိမိအင်အားတောင့်တင်းစွာနဲ့ ခိုင်မာစွာနဲ့ ကာကွယ်နိုင်သော မိမိရဲ့လုံခြုံရေး၊ မိမိရဲ့ကာကွယ်ရေးကို အားလုံးက ဝိုင်းဝန်ဆောင်ရွက်နိုင်သော အခြေအနေမျိုးရောက်ရှိအောင် ဆောင်ရွက်ခြင်း ဖြစ်တယ်။

ဒီအစိုးရလက်ထပ်မှာမှ ဆောင်ရွက်သွားမှာမဟုတ်ဘူး။ နောင်ဆက်လာမယ့် ဒီမိုကရေစီအစိုးရ လက်ထပ်တွေမှာလဲ ဆက်လက် ဆောင်ရွက်သွားမယ့် ရေရှည်စီမံချက် Long Term Plan ဖြစ်တယ်ဆိုတာကို ပြောချင်ပါတယ်။ ဒီနေရာမှာ ထပ်ပြီး ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ဒီနေ့ဆိုရင် ကျွန်တော်တို့ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး တိုင်းဒေသကြီး အဆင့်အဖွဲ့အစည်းများ ဖွဲ့စည်းမှာ ဖြစ်ပါတယ်။ ဒါ့အပြင် မြို့နယ်အဆင့်၊ ရပ်ကွက်/ ကျေးရွာ အဆင့်တွေဖွဲ့စည်းသွားမှာ ဖြစ်တယ်။ စနစ်တကျ ခေါ်ယူမှာ ဖြစ်ပါတယ်။ ဒီလိုခေါ်ယူတဲ့ နေရာမှာလဲ ပညာသင်ကြားနေတဲ့ ကျောင်းသူ/ ကျောင်းသားများအနေနဲ့ အသက်အရွယ် အကြုံးဝင်သည့်တိုင်အောင် နိုင်ငံခြား ထွက်နေတဲ့ ပညာသင်ကြားနေတဲ့ သူတွေကလဲ ပညာဆုံးခန်းတိုင်အောင် ပညာ ဆက်လက်ပညာသင်ကြားခွင့်ရမှာ ဖြစ်ပါတယ်။ သို့သော် ရေရှည် Long Term Plan မှာတော့ အကြုံဝင်တဲ့ သူတွေအားလုံးသည် နိုင်ငံတော်ကာကွယ်ရေး ပညာကို တက်မြောက်ပြီး ဖြစ်ရမယ်ဆိုတာကို ရည်မှန်းချက်ထားပြီး ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ဒီတစ်နှစ် နှစ်နှစ် သုံးလေးနှစ်ရည်မှန်းထားတာ မဟုတ်ပါဘူး။ နောင်နှစ်ပေါင်း များစွာထိ ရည်မှန်းပြီး ဆောင်ရွက်နေခြင်း ဖြစ်တယ်။ မြန်မာနိုင်ငံသူ နိုင်ငံသား အားလုံးသည် နိုင်ငံတော်ကာကွယ်ရေး၊ နိုင်ငံတော်လုံခြုံရေးဆိုတဲ့ အသိ၊ အတတ် ပြည့်ဝနေတဲ့သူတွေဖြစ်တယ်ဆိုတာမျိုးဖြစ်အောင် ဆောင်ရွက်ခြင်း ဖြစ်တယ်လို့ ပြောချင်ပါတယ်။

ဒါသည်နိုင်ငံတော်ရဲ့ အနာဂတ် မြန်မာဆိုတာ တည်တံ့ခိုင်မြဲဖို့အတွက် အနာဂတ်၊ မြန်မာဆိုတာ ကမ္ဘာတည်သ၍ ရှိဖို့အတွက် အာမခံချက်ကို ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့နေရာမှာ အမျိုးမျိုးသော သွေးထိုးလှုံဆော်မှုတွေ၊ အမျိုးမျိုးသောသွေးခွဲမှုတွေ၊ အမျိုးမျိုးသော လူငယ်တွေကို တောထဲရောက်အောင် ဆွဲသွင်းနေမှုတွေ၊ လူငယ်တွေကို လူဆိုးတွေ၊ အကြမ်းဖက်သမားတွေ ဖြစ်အောင် ဆွဲဆောင်နေမှုတွေ ရှိမှာဖြစ်ပါတယ်။ ဒါတွေကို တာဝန်သိတဲ့ ပြည်သူတစ်ရပ်လုံး၊ မိဘပြည်သူ အားလုံး တာဝန်ရှိတယ်လို့ ခံယူထားတဲ့ ပြည်သူတစ်ရပ်လုံး၊ မိဘပြည်သူတွေ အားလုံး၊ လူငယ်၊ လူရွယ်တွေ အားလုံးက သတိရှိပြီး သတိနဲ့အသိနဲ့ ယှဉ်ပြီး ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ကြီး၊ ကျွန်တော်တို့ မြန်မာပြည်ထောင်စုကြီး၊ ကျွန်တော်တို့ မြန်မာဆိုတဲ့ အခေါ်အဝေါ် ကမ္ဘာတည်သ၍ တည်ရှိနိုင်ဖို့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး အသိပညာ အတတ်ပညာတွေကို အားလုံး တတ်မြောက်ပြည့်ဝအောင် ဆောင်ရွက်သွားကြပါစို့လို့ ပြောကြားရင်း နိဂုံးချုပ်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။