တရားမဝင် လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

 

တရားမဝင် လုပ်ငန်းသုံးပစ္စ္စည်းများ၊ လူသုံးကုန်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများနှင့် မော်တော်ယာဉ် ဖမ်းဆီးရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၅

 

တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးဦးဆောင်ကော်မတီ၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် တရားမဝင်ကုန်သွယ်မှုများကို ဥပဒေနှင့်အညီ ထိရောက်စွာတားဆီးအရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ရှမ်းပြည်နယ်တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   မန္တလေး-လားရှိုး ပြည်ထောင်စုလမ်းမကြီး၊ မယ်ဟန်ကျေးရွာအနီး၌   လားရှိုးမြို့မှ မန္တလေးမြို့သို့ မောင်းနှင်လာသည့် မော်တော်ယာဉ် (၃)စီးပေါ်မှတရားဝင် စာရွက်စာတမ်းအထောက်အထား တင်ပြနိုင်ခြင်းမရှိသည့် ရော်ဘာလက်အိတ် ကီလိုဂရမ် (၂၈၀)၊ YOBO LIFE Solar System Set (၂၀ ) စုံ အပအဝင် ကုန်ပစ္စည်း  (၁၈) မျိုး ခန့်မှန်းတန်ဖိုး ငွေကျပ် ၂၃၀၆၀၀၀၀ နှင့် အဆိုပါပစ္စည်းများ  တင်ဆောင်လာသည့်   Toyota Ipsum (၃) စီး  (ခန့်မှန်းတန်ဖိုးငွေကျပ် ၉၂၀၀၀၀၀၀) စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၆၀၀၀၀)ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်  လုပ်ထုံးလုပ်နည်းများနှင့် အညီ   အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ကရင်ပြည်နယ်  တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ဘားအံမြို့၊ ကမော့ကစင်ကျေးရွာ အနီး၌ မြဝတီမြို့မှရန်ကုန်မြို့သို့ မောင်းနှင်လာသော မော်တော်ယာဉ်(၂)စီးပေါ်မှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားသည်ထက် ပိုမိုတင်ဆောင်လာသည့် Sport Shoes (၁၅၀၀) ရန်၊ Parrot Soap ကီလိုဂရမ် (၂၅၀၀) အပါအဝင် ကုန်ပစ္စည်း(၇) မျိုး (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၉၃၅၀၀၀၀)နှင့် အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် Mitsubishi Fuso Truck (၁) စီး၊ Nissan Diesel Tractor Head (၁) စီးနှင့် နောက်တွဲယာဉ် (၁) တွဲ (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၅၀၀၀၀၀၀) ကိုလည်းကောင်း၊ စုစုပေါင်း   (ခန့်မှန်းတန်ဖိုးငွေကျပ် ၁၃၄၃၅၀၀၀၀) ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ  အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၄ ရက်တွင် အကောက်ခွန်ဦးစီးဌာန၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့က စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ   အေးရှားဝေါလ်ကုန်သေတ္တာစစ်ဆေးရေးစခန်း၌ ကုန်သေတ္တာ (၅) လုံးအတွင်းမှ သွင်းကုန်ကြေညာလွှာတွင် ကြေညာထားခြင်းမရှိသည့် Ceramic Tiles (၁၂၂၄)  စတုရန်းမီတာ စုစုပေါင်း (ခန့်မှန်းတန်ဖိုးငွေကျပ် ၄၈၇၅၇၁၆၂)  ကို ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန် လုပ်ထုံးလုပ်နည်းများနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိသည်။

ထို့ပြင် ဖေဖော်ဝါရီလ ၁၄ ရက်တွင် ပဲခူးတိုင်းဒေသကြီး   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် တာဝန်ကျပူးပေါင်းအဖွဲ့များက စစ်ဆေးမှုများ ဆောင်ရွက်ခဲ့ရာ ညောင်ခါးရှည်  (X-Ray) စက် စစ်ဆေးရေးဂိတ်၌ သာမညမှ ရန်ကုန်မြို့သို့ မောင်းနှင်လာသောမော်တော်ယာဉ် (၂)စီးပေါ်မှ တရားဝင်စာရွက်စာတမ်းအထောက်အထား  တင်ပြနိုင်ခြင်းမရှိသည့် Quick ခေါက်ဆွဲခြောက်ဘူး (၂၈၈၀) ထုပ်၊ Nutrimix Layer ဓာတ်မြေသြဇာ အိတ် (၈၀)၊ Novozymes ပိုးသတ်ဆေး ဘူး (၁၂၀)၊ Outdoor Electric  metal အခု(၇၀၀)၊ Palmera Triple Pressed Stearic Acid Flakes  (၁၁၅) အိတ်အပါအဝင်   ကုန်ပစ္စည်း (၇) မျိုး ခန့်မှန်းတန်ဖိုးငွေကျပ် ၁၁၄၂၀၅၀၀၀ နှင့်   အဆိုပါပစ္စည်းများ တင်ဆောင်လာသည့် NiDi Truck (၁) စီးနှင့် Nissan Diesel Truck (၁)စီး ခန့်မှန်းတန်ဖိုးငွေကျပ်  ၅၀၀၀၀၀၀၀၊ စုစုပေါင်း    ( ခန့်မှန်းတန်ဖိုးငွေကျပ် ၁၆၄၂၀၅၀၀၀) ကို  ဖမ်းဆီးရမိခဲ့ပြီး အကောက်ခွန်လုပ်ထုံးလုပ်နည်းများနှင့်အညီ     အရေးယူ ဆောင်ရွက်လျက်ရှိသည်။

သို့ဖြစ်၍ ဖေဖော်ဝါရီလ ၁၄ ရက်တွင် ဖမ်းဆီးရမိမှု စုစုပေါင်းမှာ အမှုတွဲ (၁၈) မှု၊ ခန့်မှန်းတန်ဖိုးငွေကျပ်  ၄၆၂၃၇၂၁၆၂ ဖြစ်ကြောင်း   တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေး ဦးဆောင်ကော်မတီမှ သိရသည်။