မြို့နယ်အချို့တွင် စိတ်ကြွဆေးပြားများသိမ်းဆည်းရမိ

 

မြို့နယ်အချို့တွင် စိတ်ကြွဆေးပြားများသိမ်းဆည်းရမိ

နေပြည်တော် ဖေဖော်ဝါရီ ၁၅

 

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၄ ရက် မွန်းလွဲ ၁၂ နာရီ မိနစ် ၂၀ တွင်  ဗန်းမော်မြို့နယ်တာမိုင်းလုံကျေးရွာအုပ်စု    တာမိုင်းလုံ ကျေးရွာအနီးတွင် မသင်္ကာဖွယ်တွေ့ရှိသူ မကြူအေးအား စစ်ဆေးရှာဖွေရာ ၎င်းင်းထံမှ စိတ်ကြွဆေးပြား  ၂၀၀၀ သိမ်းဆည်းရမိ

ခဲ့ပြီး ကွင်းဆက်အရ မွန်းလွဲ ၁၂ နာရီ ၃၅ မိနစ်တွင် ဗန်းမော်မြို့နယ် တာမိုင်းလုံ ကျေးရွာအုပ်စု  တာမိုင်းလုံကျေးရွာရှိ နော်ဘား၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား ၁၄၀၀ ကိုလည်းကောင်း၊ အလားတူ ယင်းနေ့ နံနက် ၇ နာရီ ၄၅ မိနစ်တွင် ပူးပေါင်းအဖွဲ့သည် စစ်ကိုင်းမြို့တကောင်းရပ်ကွက် ရတနာပုံတံတားအနီးတွင်  TOYOTA HIACE အမျိုးအစား ခရီးသည်တင်မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၉ ဒသမ ၈ ကီလိုကိုလည်းကောင်း၊ ထို့ပြင် မကွေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဖေဖော်ဝါရီလ ၁၃ ရက်  ည ၆ နာရီခွဲတွင် မင်းလှမြို့နယ်ရွှေချောင်းကျေးရွာအုပ်စု ရွှေချောင်းကျေးရွာအနီးတွင် အောင်ကိုလတ် မောင်းနှင်ပြီး ဇော်မြင့်(ခ)ရေခဲ နှင့် လင်းလင်းထိုက်တို့ လိုက်ပါလာသည့် ISUZU အမျိုးအစား မော်တော်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ ယာဉ်ပေါ်မှ စိတ်ကြွဆေးပြား  ၂၄၀၀၀၀ ကိုလည်းကောင်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း သတင်းရရှိသည်။