တောင်ကိုရီးယား၌ ဗိုင်းရပ်တိုက်ဖျက်ရေး နည်းပညာမြင့် ကားမှတ်တိုင်များ ထွက်ပေါ်လာ

ဆိုး၊ နည်းပညာ

တောင်ကိုရီးယားနိုင်ငံသည် နိုဗယ်ကိုရိုနာဗိုင်းရပ်ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရေးနှင့် တိုက်ဖျက်ရေးအတွက် နည်း ပညာ ကို အကျိုးရှိရှိ အသုံးချလျက် ရှိရာ ယခုအခါ နည်းပညာမြင့် ဘတ်စကား မှတ်တိုင်များ ထွက်ပေါ် လာပြီ ဖြစ်ကြောင်း သိရသည်။

ဗိုင်းရပ်တိုက်ဖျက်ရေးအတွက် ထိုကားမှတ်တိုင်များကို မှန်များဖြင့်ကာထားပြီး အပူချိန်တိုင်းတာ စစ်ဆေးပေး သည့် တံခါးများနှင့် ခရမ်းလွန် ရောင်ခြည်ဖြင့် ပိုးသတ်သည့်မီးချောင်းများလည်း တပ်ဆင်ထားသည်။

ဘတ်စကားမှတ်တိုင်အတွင်းသို့ ဝင်လိုသူများ အနေဖြင့် အလိုအလျောက် အပူချိန်တိုင်းတာသည့် ကင်မရာရှေ့တွင် ရပ်ရမည်ဖြစ်ပြီး ခန္ဓာကိုယ် အပူချိန် ၃၇ ဒသမ ၅ ဒီဂရီစင်တီဂရိတ်အောက် ရှိသူများအတွက်သာ တံခါးက အလို အလျောက် ဖွင့်ပေးမည်ဖြစ်သည်။

တစ်လုံးကို ဝမ်သန်း ၁ဝဝ ခန့်ကုန်ကျသည့် ဘတ်စကားမှတ်တိုင် အတွင်းတွင်မူ လေအေးပေး စက်များတပ် ထားပြီး ထိုလေအေးပေး စက်များတွင် ခရမ်းလွန်ရောင်ခြည်ထုတ် မီးချောင်းများလည်း တပ်ဆင်ထားသည်။ သို့သော် ဘတ်စကား မှတ်တိုင်အတွင်း ဝင်ထိုင်မည့်သူများ အနေဖြင့် နှာခေါင်းစည်းကို တစ်ချိန်လုံးတပ် ထားရ မည်ဖြစ်ကာ  တစ်ဦးနှင့်တစ်ဦး ၁ မီတာခွာ၍နေရမည်ဖြစ်သည့်အပြင် အသင့်ပေးထားသည့် လက်သန့် ဆေးရည် ဖြင့်လည်း လက်ကိုဆေးရမည်ဖြစ်သည်။

ခရီးသည်များအနေဖြင့် စီးရမည့်ဘတ်စကား များမလွတ်သွားစေရန်လည်း မည်သည့် ဘတ်စကားက မည်သည့် အချိန် တွင် ရောက်နိုင်သည်ကို ဖန်သားပြင်တစ်ခုတွင် ဖော်ပြပေးထားပြီး နောက်ထပ်ဖန်သားပြင် တစ်ခုက   ဘတ်စ ကား မှတ်တိုင်အပြင်ဘက်ရှိ ယာဉ်အသွားအလာများကို တိုက်ရိုက်ထုတ်လွှင့်ပြသပေးနေသည်။

တောင်ကိုရီးယားနိုင်ငံသည် ဗိုင်းရပ်ကူးစက်မှုကို အဆိုးဆုံး ရင်ဆိုင်ရသည့် နိုင်ငံတစ်နိုင်ငံဖြစ် သော်လည်း အသွား အလာ တားမြစ်ကန့်သတ်မှု များမချမှတ်ဘဲ နည်းပညာကို အသုံးပြုကာ ခြေရာခံ၊ စစ်ဆေး၊ ကုသဆိုသည့် အစီ အစဉ်ကို ကျယ်ကျယ်ပြန့်ပြန့်အကောင်အထည်ဖော်ခြင်း ဖြင့် ဗိုင်းရပ်ကူးစက်မှုကို  ထိန်းချုပ်နိုင်ခြင်းဖြစ်ကြောင်း သိရသည်။