တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့မဈေးမီးလောင် ပျက်စီး ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

တပ်မတော်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ဆီဆိုင်မြို့မဈေးမီးလောင် ပျက်စီး ခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၆ ရက်

        ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့ရှိ မြို့မဈေးကို ဖေဖော်ဝါရီ ၁၅ ရက် နေ့က တပ်မတော်မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးခဲ့ရကြောင်း  သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာ DVB က တပ်မတော် ၏ ဂုဏ်သိက္ခာကျဆင်းစေရန်အတွက် တစ်ဖက်သတ်စွပ်စွဲရေးသားထားသည်ကို တွေ့ရှိရသည်။

        ဖြစ်စဉ်အမှန်မှာ ဖေဖော်ဝါရီ ၁၅ ရက်နေ့က KNDF ၊ PNLA ၊ PDF အကြမ်းဖက် သမားများသည် ဆီဆိုင်မြို့တွင် နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေးဆောင်ရွက်နေ သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် PNO ပြည်သူ့စစ်အဖွဲ့များကို လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး မြို့မဈေးပေါ်သို့လည်း ရည်ရွယ် ချက်ရှိရှိ ပစ်ခတ်ခဲ့သည့်အတွက် မြို့မဈေးမီးလောင်ပျက်စီးခဲ့ရကြောင်းနှင့် ယခင် ကလည်း လွိုင်ကော်မြို့ရှိ မြို့မဈေးကို KNDF အဖွဲ့နှင့် PDF အကြမ်းဖက်သမား များက ထိုသို့ဆောင်ရွက်ခဲ့ခြင်းကြောင့် လွိုင်ကော်မြို့မ‌ဈေးမီးလောင်ပျက်စီးခဲ့ရ ကြောင်း တာဝန်ရှိသူများ၏ပြောကြားချက်အရ သိရှိရသည်။

        တရားမဝင်ပြည်ဖျက်မီဒီယာများအနေဖြင့် နယ်မြေတည်ငြိမ်အေးချမ်းရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များကို ဒေသခံပြည်သူများ မှ အထင်အမြင်လွှဲမှားစေရန်အတွက် ဖြစ်စဉ်ဖြစ်ရပ်များကိုအခြေခံ၍ သတင်းအမှား များကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ရေးသားနေခြင်းသာဖြစ်ကြောင်း သတင်းရရှိ ပါသည်။