ဒက္ခိဏသီရိမြို့နယ်၊ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)ရှိ အဘိုး၊ အဘွား များအတွက် အလှူငွေများ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်း

 

ဒက္ခိဏသီရိမြို့နယ်၊ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)ရှိ အဘိုး၊ အဘွား များအတွက် အလှူငွေများ၊ တိုင်းရင်းဆေးဝါးများနှင့် စားသောက်ဖွယ်ရာများ ပေးအပ် လှူဒါန်း

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၁၇ ရက်

    နေပြည်တော်ကောင်စီနယ်မြေ၊ ဒက္ခိဏသီရိမြို့နယ်၊ ကရုဏာကမ္ဘာဘိုးဘွား ရိပ်သာ(နေပြည်တော်)ရှိ အဘိုး၊ အဘွားများအတွက် အလှူငွေများ၊ တိုင်းရင်းဆေးဝါး များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘိုးဘွားရိပ်သာရှိ ဗဟိုအလုပ်အမှုဆောင်ကော်မတီရုံး၌ ပြုလုပ်ရာ နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် စောသန်းလှိုင်နှင့် တာဝန်ရှိသူများ၊ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

    ဦးစွာ ကရုဏာကမ္ဘာ ဘိုးဘွားရိပ်သာမှ တာဝန်ရှိသူတစ်ဦးက စွန့်လွတ်စွန့်စား သူတို့၏ ကွန်းခိုရာ ကရုဏာကမ္ဘာဘိုးဘွားရိပ်သာ(နေပြည်တော်)ရှိ အဘိုး၊ အဘွား များအား ပြုစုစောင့်ရှောက်ပေးနေမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းမှူးက အဘိုး၊ အဘွားများအတွက် အလှူငွေများ၊ တိုင်းရင်းဆေးဝါး များနှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရ ယူသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက အဘိုး၊ အဘွားများ၏ ထမင်း စားဆောင်၊ အိပ်ဆောင်များ၊ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုများကို လှည့်လည် ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိ သည်။