တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ကလောမြို့ တို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင် အပ်နှင်း

 

တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ဟိုပုံးမြို့၊ ပင်လောင်းမြို့၊ နောင်တရားမြို့နှင့် ကလောမြို့ တို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင် အပ်နှင်း

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၁၇

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ရပ်စောက်မြို့၊ ဟိုပုံးမြို့၊ ပင်လောင်း မြို့၊ နောင်တရားမြို့နှင့် ကလောမြို့တို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လက်နက်တပ်ဆင်အပ်နှင်းခြင်းကို ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်း တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ဝင်းဇော်မိုးနှင့် အဖွဲ့ဝင်များ၊ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက် ကြသည်။

          ဦးစွာ ဒုတိယတိုင်းမှူးက အမှာစကားပြောကြားပြီး လက်နက်များ တပ်ဆင် ရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် ဒုတိယတိုင်းမှူးက ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များအတွက် လက်နက်များတပ်ဆင် အပ်နှင်းပေးခဲ့သည်။ ယင်းနောက် ဒုတိယတိုင်းမှူးနှင့် တာဝန်ရှိသူများက တပ်ဆင်ပေးသည့် လက်နက်များ အား လိုက်လံကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိသည်။