စစ်မှုထမ်းဆောင်ရန်အတွက် ရွှေဘို-မြစ်ကြီးနား ကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူငယ်များကို စစ်ဆေးမှုများပြုလုပ်၍ ဖမ်းဆီးနေကြောင်းနှင့် မုံရွာမြို့ပေါ် ရပ်ကွက်များ၊ စက်ရုံအချို့တွင် စာရင်းကောက်ယူများများပြုလုပ်နေကြောင်း သတင်းတု၊ သတင်း အမှားများကို မဟု

 

စစ်မှုထမ်းဆောင်ရန်အတွက် ရွှေဘို-မြစ်ကြီးနား ကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လူငယ်များကို စစ်ဆေးမှုများပြုလုပ်၍ ဖမ်းဆီးနေကြောင်းနှင့် မုံရွာမြို့ပေါ် ရပ်ကွက်များ၊ စက်ရုံအချို့တွင် စာရင်းကောက်ယူများများပြုလုပ်နေကြောင်း သတင်းတု၊ သတင်း အမှားများကို မဟုတ်မမှန်ရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဖေဖော်ဝါရီလ ၁၇ ရက်

       ရွှေဘို-မြစ်ကြီးနားကားလမ်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ စစ်မှုထမ်းဆောင်ရန် အတွက် လူငယ်များကို စစ်ဆေးမှုများပြုလုပ်ဖမ်းဆီးနေကြောင်း မဟုတ်မမှန် သတင်း များကို တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က လုပ်ကြံဝါဒဖြန့်ရေးသားလျက်ရှိ ကြောင်းတွေ့ရှိရသည်။

    ဖြစ်စဉ်အမှန်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ နယ်မြေဒေသများတည်ငြိမ်အေးချမ်း စေရေးနှင့်ပြည်သူများအေးချမ်းစွာနေထိုင်နိုင်ရေးအတွက် အကြမ်းဖက်သမားများ ပြည်သူ များနှင့်ရောနှော၍ အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်မှုမရှိစေရန် လိုအပ်သော လုံခြုံရေးစစ်ဆေးမှုဆောင်ရွက်ခြင်းသာဖြစ်ကြောင်း သက်ဆိုင်ရာ နယ်မြေအုပ်ချုပ်မှု ဆိုင်ရာ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

   အလားတူ မုံရွာမြို့ပေါ်ရပ်ကွက်များနှင့် စက်ရုံအချို့တွင် စစ်မှုထမ်းဆောင်ရန် လူစာရင်းများကောက်ခံလျက်ရှိကြောင်း ကောလာဟလ သတင်းတုများ ဝါဒဖြန့်ရေးသား လျက်ရှိပြီး သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်ကောက်ခံမှုများကို တာဝန်ရှိ သက်ဆိုင်ရာ ဝန်ကြီးဌာနနှင့်အုပ်ချုပ်ရေးအဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခြင်းသာ ဖြစ်ကြောင်း သိရှိရသည်။

    တရားမဝင်ပြည်ဖျက်မီဒီယာများသည် သက်ဆိုင်ရာတာဝန်ရှိသူများ၏ လုံခြုံရေး ဆိုင်ရာစစ်ဆေးမှုများနှင့် သန်းခေါင်စာရင်းဆိုင်ရာအချက်အလက်ကောက်ခံမှု လုပ်ငန်း များ ဆောင်ရွက်နေမှုများအပေါ် ပြည်သူများမှ အထင်အမြင်လွဲမှားစေရန်၊ စိုးရိမ် ထိတ်လန့်မှုများ ဖြစ်ပေါ်စေရန်  စိုးရိမ်ထိတ်လန့်မှုများဖြစ်စေရန်၊ တိုင်းပြည်၏ အနာဂတ် လူငယ်၊လူရွယ်များ လမ်းမှားရောက်စေရန်ရည်ရွယ်၍ ကောလာဟလသတင်းတု၊ သတင်း မှားများကို ဖြန့်ဝေလျက်ရှိသဖြင့်  မိဘပြည်သူများနှင့် လူငယ်လူရွယ်များ အနေဖြင့် စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍  နိုင်ငံပိုင်မီဒီယာများတွင် သတင်းများ၊ ထုတ်ပြန်ချက် များ၊ အသိပေးချက်များကို ရှင်းလင်းလွယ်ကူစွာ သိရှိနားလည်စေရန် ထုတ်ပြန်ကြေငြာ ပေးလျက်ရှိကြောင်း သတင်း ရရှိပါသည်။