ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

 

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာ လွတ်ငြိမ်းချမ်းသာခွင့်ရရှိ

ထောင်ဒဏ်ကျခံနေရသည့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထရာသည် လွတ်ငြိမ်းချမ်းသာခွင့်   ရရှိသည့်အတွက် ဖေဖော်ဝါရီလ ၁၈ ရက်တွင် အကျဉ်းကျရာမှ လွတ်မြောက်မည်ဖြစ်ကြောင်း  လက်ရှိထိုင်းဝန်ကြီးချုပ် ဆရက်သာထာဝီဆင်က ဖေဖော်ဝါရီလ ၁၇ ရက်တွင် ကြေညာသည်။

တရားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ ယခုလအတွက်  လွတ်ငြိမ်းချမ်းသာခွင့်ပေးသည့်  အကျဉ်းသား ၉၃၀ တွင် အသက် ၇၄ နှစ်ရှိပြီဖြစ်သည့် ဝန်ကြီးချုပ်ဟောင်းပါဝင်သည်ဟု ဖော်ပြထားသည်။

သက်ဆင်ရှင်နာဝပ်ထရာသည် အသက်အရွယ်အားဖြင့်  အသက် ၇၀ ကျော်နေသည့်အပြင် ပြင်းထန်သောဝေဒနာကိုလည်း ခံစားနေရသောကြောင့် လွတ်ငြိမ်းချမ်းသာခွင့်နှင့် အကျုံးဝင်ခြင်းဖြစ်သည်။

ထိုင်းဝန်ကြီးချုပ်ဟောင်းသက်ဆင်သည် ပြည်ပြေးအဖြစ် ၁၅ နှစ်ခန့်နေထိုင်ပြီးနောက် ၂၀၂၃ ခုနှစ်  သြဂုတ်လတွင် ထိုင်းနိုင်ငံသို့ပြန်လာခြင်းဖြစ်ကာ  မကြာမီမှာပင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ထောင်ဒဏ်ရှစ်နှစ် ချမှတ်ခံရသည်။

ထို့နောက်   ကျန်းမာရေးအခြေအနေကြောင့်   ဘန်ကောက်အကျဉ်းထောင်မှ ဆေးရုံသို့ပြောင်းရွှေ့သွားရပြီး ထိုအချိန်မှ စ၍  ယခုအချိန်အထိ ဆေးရုံတွင်ပင်နေထိုင်နေရခြင်း ဖြစ်သည်။

သက်ဆင်ရှင်နာဝပ်ထရာသည် ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ထိုင်းနိုင်ငံ၏ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ကာ ၂၀၀၈ ခုနှစ်မှစ၍ ပြည်ပသို့ထွက်ပြေးသွားခြင်းဖြစ်ကြောင်း သိရသည်။

Ref: Xinhua