ဟူသီသူပုန်များက ဒိန်းမတ်ပိုင်ကုန်တင်သင်္ဘောကို ဒုံးကျည်များဖြင့်ပစ်ခတ်

 

ဟူသီသူပုန်များက ဒိန်းမတ်ပိုင်ကုန်တင်သင်္ဘောကို ဒုံးကျည်များဖြင့်ပစ်ခတ်

ဟူသီသူပုန်များက  ပင်လယ်နီဒေသအတွင်း သွားလာနေသည့် ဒိန်းမတ်နိုင်ငံက ပိုင်ဆိုင်သော ကုန်တင်သင်္ဘော တစ်စင်းကို ဖေဖော်ဝါရီလ ၁၇ ရက်တွင် ဒုံးကျည်များဖြင့် ပစ်ခတ်ကြောင်း  အမေရိကန်အလယ်ပိုင်း ဒေသကွပ်ကဲမှုဌာနချုပ်က  ထုတ်ပြန်ထားသည်။

ယီမင်နိုင်ငံအတွင်းရှိ  ဟူသီသူပုန်များထိန်းချုပ်ထားသောနယ်မြေမှ သင်္ဘောဖျက်ဒုံးကျည်လေးစင်းကို ပစ်လွှတ်လိုက်ကြောင်း၊ ထိုလေးစင်းအနက်   ဒုံးကျည်သုံးစင်းမှာ ဒိန်းမတ်နိုင်ငံပိုင်ကုန်တင်သင်္ဘောကို ဦးတည်ပစ်ခတ်ခြင်း ဖြစ်ကြောင်းနှင့် ထိခိုက်ဒဏ်ရာရရှိမှုများနှင့် အခြားသောသင်္ဘောများ ထိခိုက်မှုရှိ၊ မရှိကို သတင်းထုတ်ပြန်ထားခြင်း မရှိကြောင်း    အမေရိကန်ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တစ်ချိန်တည်းမှာပင် အမေရိကန်တပ်ဖွဲ့များသည် ဖေဖော်ဝါရီလ  ၁၆  ရက်တွင် ယီမင်ရေပိုင်နက်အတွင်းရှိ  သင်္ဘောဖျက်အနိမ့်ပျံ ဒုံးကျည်တစ်စင်းနှင့်  မောင်းသူမဲ့သင်္ဘောတစ်စင်းတို့ကို ပစ်ခတ်လိုက်ကြောင်း ထုတ်ပြန်ချက်တွင်  ဆက်လက်ဖော်ပြထားသည်။

ဟူသီသူပုန်များသည်    ယီမင်နိုင်ငံ၏ ပင်လယ်နီ  ကမ်းရိုးတန်းတစ်လျှောက်ကို ထိန်းချုပ်ထားသည့်    သူပုန်အဖွဲ့ဖြစ်ပြီး အစ္စရေး၊ အမေရိကန်နိုင်ငံတို့နှင့်ဆက်စပ်နေသော သင်္ဘောများကို တိုက်ခိုက်မှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ယခုအခါ  ကုန်တင်သင်္ဘောကုမ္ပဏီ အများအပြားက ပင်လယ်နီဒေသအတွင်းမှ ဖြတ်သန်းသွားလာမှုကို    ရပ်ဆိုင်းထားကြောင်း သိရသည်။

Ref:Sputnik