အီရန်က ပြည်တွင်းဖြစ်အမြင့်ပျံဒုံးဖျက်စနစ်ကိုထုတ်ဖော်ပြသ

 

အီရန်က ပြည်တွင်းဖြစ်အမြင့်ပျံဒုံးဖျက်စနစ်ကိုထုတ်ဖော်ပြသ

အီရန်   ကာကွယ်ရေးဝန်ကြီးဌာနက ပြည်တွင်းဖြစ်    အမြင့်ပျံဒုံးဖျက်စနစ်နှင့် အနိမ့်ပျံလေကြောင်းရန် ကာကွယ်ရေးစနစ်တို့ကို ထုတ်ဖော်ပြသလိုက်ကြောင်း သိရသည်။

Arman အမည်ရှိ အမြင့်ပျံဒုံးဖျက်စနစ်နှင့် Arman အမည်ရှိလေကြောင်းရန်ကာကွယ်ရေးစနစ်တို့ကို    တီဟီရန်မြို့၌ ကျင်းပသော    အခမ်းအနားတစ်ခုတွင် ထုတ်ဖော်ပြသခဲ့ခြင်း ဖြစ်သည်။

အဆိုပါ လေကြောင်းရန်ကာကွယ်ရေးစနစ်များကို အောင်မြင်စွာ ထုတ်လုပ်နိုင်ခြင်းသည်    ကာကွယ်ရေး လုပ်ငန်းအတွက် အကြီးမားဆုံးအောင်မြင်မှုဖြစ်ကြောင်း အီရန်ကာကွယ်ရေးဝန်ကြီးက ပြောသည်။

Arman သည်  တာလတ်နှင့်အမြင့်ပျံဒုံးကျည်ကာကွယ်ရေးစနစ်ဖြစ်ပြီး   ကီလိုမီတာ  ၁၈၀   အကွာရှိ ပစ်မှတ်များကို ထောက်လှမ်းသိရှိနိုင်ကာ ကီလိုမီတာ ၁၂၀ အတွင်းရှိပစ်မှတ်များကို ဖျက်ဆီးနိုင်သည်။

ထို့ပြင် အဆိုပါစနစ်သည် သုံးမိနစ်အတွင်းမှာပင်   တိုက်ပွဲဝင်အသင့်ဖြစ်နိုင်ကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောထားသည်။

Azarakhsh အမည်ရှိလေကြောင်းရန် ကာကွယ်ရေးစနစ်မှာမူ နိုင်ငံ၏အရေးပါပြီး အရေးကြီးသည့် အဆောက်အအုံများကို ဒရုန်းများ၊     အသေးစားလေကြောင်း ခြိမ်းခြောက်မှုများမှ   ကာကွယ်နိုင်စေမည် ဖြစ်သည်။

အဆိုပါစနစ်သည် သုံးဖက်မြင်ရေဒါစနစ်တစ်ခု၊ မျက်မြင်ရှာဖွေရေးစနစ်တစ်ခုနှင့်အလွန်သွက်လက်မှုရှိသော ထောက်လှမ်းရေးစနစ်များကို အသုံးပြုထားခြင်းဖြစ်သောကြောင့် ပစ်မှတ်များကို အချိန်တိုအတွင်း ဖျက်ဆီးနိုင်စွမ်းရှိသည်။

အလားတူ ယင်းစနစ်ကိုအမျိုးမျိုးသော ယာဉ်များအပေါ်သို့တင်ဆောင်ကာ နေ့ရောညပါ စစ်ဆင်နိုင်စွမ်းရှိကြောင်း ကာကွယ်ရေးဝန်ကြီးက ပြောထားသည်။ 

Ref: Xinhua