ထားဝယ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

ထားဝယ်မြို့ရှိ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၁၉

              တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ရှိ မြို့နယ်စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယနေ့နံနက်ပိုင်းတွင် ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာဦးနှင့် တာဝန်ရှိသူများက အဆိုပါမြို့ရှိ စစ်မှုထမ်းဟောင်းအိမ်ရာ၌ သွားရောက်တွေ့ဆုံသည်။

              ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်းအဖွဲ့ဝင် များနှင့် မိသားစုဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအတွက် ဆန်၊ ဆီနှင့် စားသောက်ဖွယ်ရာများ ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက စစ်မှုထမ်းဟောင်းအိမ်ရာအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးပြီး နယ်မြေခံဆေးကုသရေးအဖွဲ့က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင် များအား လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးနေမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။