(၃၀) ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

(၃၀) ကြိမ်မြောက် တပ်မတော်(ကြည်း၊ ရေ၊ လေ)စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ - ၁၉

            (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၀) ကြိမ်မြောက် တပ်မတော်(ကြည်း၊ရေ၊လေ)စစ်တီးဝိုင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ပိုင်းတွင် နေပြည်တော်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်း စစ်ရေးပြကွင်း၌ ကျင်းပ ပြုလုပ်သည်။

            အဆိုပါဖွင့်ပွဲအခမ်းအနားကို တပ်မတော်နေ့ကျင်းပရေးဦးစီးကော်မတီ ဥက္ကဋ္ဌ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ ပြိုင်ပွဲကျင်းပရေးကော်မတီဝင်များ၊ အကဲဖြတ်အမှတ်ပေး အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင် စစ်တီးဝိုင်းအသင်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

            အခမ်းအနားအစီအစဉ်အရ နိုင်ငံတော်အလံနှင့် ကျဆုံးလေပြီးသော တပ်မတော်သားများအား အလေးပြုပြီးနောက် တပ်မတော်လေ့ကျင့်ရေးအရာရှိ ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က အဖွင့်မိန့်ခွန်းပြောကြားသည်။

            ထို့နောက် တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့က သရုပ်ပြတီးခတ် ဖျော်ဖြေကြရာ တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း နှင့် တက်ရောက်လာကြသည့် တပ်မတော်အရာရှိကြီးများက ကြည့်ရှုအားပေးခဲ့ ကြပြီး တပ်မတော်ဂုဏ်ပြုစစ်တီးဝိုင်းအဖွဲ့အား တပ်မတော်လေ့ကျင့်ရေး အရာရှိချုပ်  ဒုတိယဗိုလ်ချုပ်ကြီး ထိန်ဝင်း က  ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့် သည်။

            အဆိုပါ (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် (၃၀) ကြိမ် မြောက် တပ်မတော်(ကြည်း၊ရေ၊လေ) စစ်တီးဝိုင်းပြိုင်ပွဲကို ဖေဖော်ဝါရီလ ၂၄ ရက်နေ့ထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်စစ်တီးဝိုင်း အသင်းပေါင်း (၂၉) သင်း ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။