ဟူသီသူပုန်တို့က ဧဒင်ပင်လယ်ကွေ့၌ ဗြိတိန်ကုန်တင်သင်္ဘောတစ်စင်းကိုတိုက်ခိုက်

 

ဟူသီသူပုန်တို့က ဧဒင်ပင်လယ်ကွေ့၌ ဗြိတိန်ကုန်တင်သင်္ဘောတစ်စင်းကိုတိုက်ခိုက်

ဟူသီသူပုန်တို့က  ဧဒင်ပင်လယ်ကွေ့၌ ဗြိတိန်တို့၏ ကုန်တင်သင်္ဘောတစ်စင်းကို တိုက်ခိုက်မှုများ လုပ်ဆောင်လိုက်နိုင် ကြောင်းနှင့် ထိုသင်္ဘောမှာ ဆိုးဆိုးဝါးဝါး ပျက်စီးသွားကြောင်း ဟူသီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုကို ယီမင်တပ်မတော်မှရေတပ်က လုပ်ဆောင်ခြင်းဖြစ်ကြောင်း၊ အထူးသဖြင့် ဧဒင်ပင်လယ်ကွေ့ရှိ ဗြိတိန်တို့၏ RUBYMAR အမည်ရှိ ကုန်တင်သင်္ဘောကို  ရေတပ်သုံးဒုံးကျည်များ အသုံးပြု၍ ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ကြောင်း ဟူသီသူပုန်တို့၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထိုကဲ့သို့တိုက်ခိုက်မှုကြောင့် အဆိုပါရေယာဉ်မှာ ဆိုးဆိုးဝါးဝါးပျက်စီးသွားပြီး ဧဒင်ပင်လယ်ကွေ့၌   နစ်မြုပ်မည့်အခြေအနေနှင့် ရင်ဆိုင်နေရကြောင်း   ဟူသီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူက    ဆက်ပြောသည်။

အလားတူ ယီမင်တို့၏လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ကလည်း အမေရိကန်ထုတ်  မောင်းသူမဲ့ လေယာဉ်ဖြစ်သည့် MQ-9 ကို   အောင်မြင်စွာ ပစ်ချနိုင်ခဲ့ကြောင်း    အဆိုပါ ဟူသီအဖွဲ့မှပြောရေးဆိုခွင့်ရှိသူက    ပြောထားသည်ဟု သိရသည်။

Ref: Sputnik