အစ္စရေးက ပါလက်စတိုင်းတို့အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေဟု ဘရာဇီးသမ္မတစွပ်စွဲ

 

အစ္စရေးက ပါလက်စတိုင်းတို့အပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေဟု ဘရာဇီးသမ္မတစွပ်စွဲ

အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသအတွင်း တိုက်ခိုက်မှုများလုပ်ဆောင်ခြင်းအားဖြင့် ပါလက်စတိုင်း တို့အပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း ဘရာဇီးသမ္မတ လူးဝစ်အီနာစီယိုလူလာဒါဆေးဗားက ဖေဖော်ဝါရီလ ၁၉ ရက်တွင် စွပ်စွဲပြောဆိုလိုက်သည်။

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခသည် တပ်မတော်နှစ်ရပ်အကြား ဆင်နွှဲသည့်စစ်ပွဲမဟုတ်ကြောင်း၊ အစ္စရေးအနေဖြင့် ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းပြည်သူများအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျူးလွန်နေခြင်း ဖြစ်ကြောင်း အီသီယိုးပီးယားနိုင်ငံသို့ ရောက်ရှိနေသည့်  ဘရာဇီးသမ္မတက ပြောသည်။

လက်ရှိအစ္စရေးတို့၏ လုပ်ရပ်သည် အဒေါ့ဟစ်တလာလက်အောက်တွင် နာဇီဂျာမနီတို့ကျူးလွန်သည့် နည်းလမ်းအတိုင်း လုပ်ဆောင်နေခြင်းဖြစ်ကြောင်းနှင့် အချို့သောဥရောပနိုင်ငံများက ၎င်းတို့၏နိုင်ငံများရှိ ဂျူးလူမျိုးများကို မျိုးဖြုတ်သည့်လုပ်ရပ်များနှင့် ဆင်တူကြောင်း ၎င်းကဆက်ပြောသည်။

အလားတူ ဖွံ့ဖြိုးပြီးနိုင်ငံများက အရှေ့ပိုင်းအနီးရှိ    ပါလက်စတိုင်းဒုက္ခသည်များအတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်ပေးနေသည့် ကုလသမဂ္ဂအေဂျင်စီသို့ ရန်ပုံငွေထောက်ပံ့မှုများ ရပ်ဆိုင်းရန် ဆုံးဖြတ်လိုက်သည့် အပေါ်တွင်လည်း ဘရာဇီးသမ္မတက အပြစ်တင်ဝေဖန်ထားသည်။

ဘရာဇီးသမ္မတသည် အာဖရိကဒေသသို့ ချစ်ကြည်ရေးခရီး သွားရောက်နေခြင်းဖြစ်ပြီး အာရပ်အဖွဲ့ချုပ် အစည်းအဝေးနှင့် အာဖရိကသမဂ္ဂထိပ်သီး ညီလာခံတို့တွင် ပါဝင်တက်ရောက်ကြောင်း သိရသည်။

Ref: Xinhua