ဧရာဝတီတိုင်းဒေသကြီးအဆင့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးအဆင့် (၇၆) နှစ်မြောက် ချင်းအမျိုးသားနေ့ ကျင်းပပြုလုပ်

 

နေပြည်တော်၊ ၂၀၂၄ ဖေဖော်ဝါရီ ၂၀ ရက်

ဧရာဝတီတိုင်းဒေသကြီးအဆင့် (၇၆)နှစ်မြောက် ချင်းအမျိုးသားနေ့ကို ယနေ့နံနက်ပိုင်းတွင် ငပုတောမြို့၊ မြို့တော်အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသ ကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး  ဗိုလ်မှူးချုပ် ဝေလင်းနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တာဝန် ရှိသူများ၊   ချင်းတိုင်းရင်းသား/သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြ သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က အမှာစကား အသီးသီး ပြောကြားခဲ့ပြီး တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးမှ ပေးပို့သော ချင်းအမျိုးသားနေ့ သဝဏ်လွှာအား တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီးက ဖတ်ကြားသည်။ ထို့နောက် တိုင်းဒေသကြီး ချင်း အမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌက ချင်းအမျိုးသားနေ့ ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့် ယဉ်ကျေးမှုအသင်း အတွင်းရေးမှူးက ကျေးဇူးတင်စကားပြောကြားသည်။ ယင်း နောက် တိုင်းဒေသကြီး ချင်းအမျိုးသားစာပေနှင့်ယဉ်ကျေးမှုအသင်းက ချင်းရိုးရာ အကများဖြင့် ကပြဖျော်ဖြေခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိ သူများက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ပြီး တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။