ဆီဆိုင်မြို့မှ စစ်ဘေးရှောင်ပြည်သူများ၏ ကားတန်းကို တပ်မတော်က လက်နက် ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

ဆီဆိုင်မြို့မှ စစ်ဘေးရှောင်ပြည်သူများ၏ ကားတန်းကို တပ်မတော်က လက်နက် ကြီး ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှုကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ ကြောင်း သတင်းတု၊ သတင်းအမှားများကို လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

 

နေပြည်တော်၊ ဖေဖော်ဝါရီလ ၂၀ ရက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဆီဆိုင်မြို့တွင် ယနေ့နံနက်ပိုင်းက စစ်ဘေးရှောင် ပြည်သူများ၏ ကားတန်းကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ် ခြင်း၊ ဒရုန်းများဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းများကြောင့် ပြည်သူ ၇ ဦး သေဆုံးခဲ့ကြောင်း ကို ဆီဆိုင်မြို့တွင် အကြမ်းဖက်လုပ်ရပ်များကို လုပ်ဆောင်နေသည့် PNLA သတင်း ရင်းမြစ်မှ ပြောဆိုသည်ဟု တရားမဝင်ပြည်ဖျက်မီဒီယာ Khit Thit က ပြည်သူများ အထင်အမြင်လွဲမှားစေရန် လုပ်ကြံရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိ ရသည်။

အထက်ပါသတင်းနှင့် ပတ်သက်၍ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ယနေ့နံနက်ပိုင်း တွင် လက်နက်ကြီးပစ်ခတ်ခြင်းနှင့် ဒရုန်းအသုံးပြုတိုက်ခိုက်ခြင်းများ မရှိကြောင်း ဆီဆိုင်မြို့တွင်နေထိုင်သူ ဒေသခံများ၏ ပြောကြားချက်များအရသိရှိရပါသည်။

အဆိုပါ ဆီဆိုင်မြို့ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလအတွင်း KNDF ၊ PNLA ၊ PDF အကြမ်းဖက်သမားများက နယ်မြေတည်ငြိမ်ရေးနှင့် လုံခြုံရေး ဆောင်ရွက်နေသည့် လုံခြုံရေးတပ်စခန်များနှင့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခဲ့ပြီး ဆီဆိုင်မြို့နယ်အတွင်း အကြမ်းဖက်လုပ်ရပ်များကို ပေါ်ပေါ်ထင်ထင် လုပ်ဆောင် လျက်ရှိရာ ထိုသို့အကြမ်းဖက်လုပ်ရပ်များကို လက်မခံသည့် ဒေသခံပြည်သူများမှ ၎င်းတို့၏လုပ်ရပ်များကို ကန့်ကွက်လျက်ရှိသည့်အတွက် လူမှုကွန်ရက်စာမျက်နှာ များတဆင့် သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဖြန့်ဝေကာ ဒေသခံ ပြည်သူများ အထင်အမြင်လွဲမှားစေရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေခြင်းသာ ဖြစ်ကြောင်း သတင်း ရရှိပါသည်။