ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

 

ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ထပ်မံအသိပေးလိုသည့်အချက်များနှင့် ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေး အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ် ဇော်မင်းထွန်း၏ ပြောကြားချက်

၂၀ ဖေဖော်ဝါရီ ၂၀၂၄

ကျွန်တော့်အနေနဲ့ ပြည်သူ့စစ်မှု့ထမ်းဥပဒေနဲ့ပတ်သက်ပြီးတော့ နိုင်ငံသူ၊ နိုင်ငံသား များ မိဘပြည်သူများကို သိသင့်သိထိုက်တာတွေ၊ အသိပေးရမှာတွေကို စဉ်ဆက်မပျက် တင်ပြအသိပေးလျှက်ရှိပါတယ်။ ဒီနေ့မှာလည်း ထပ်မံအသိပေးတင်ပြလိုတာတွေကို တင်ပြသွားပါမယ်။ ပြည်သူ့စစ်မှုထမ်းဥပဒေနဲ့ပတ်သက်ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အနေနဲ့ ပြည်သူ လူထုသိရှိအောင် ဖေဖော်ဝါရီလ ၁၃ ရက်နေ့ နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံတဲ့အချိန်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ YMBA နဲ့ တွေ့ဆုံတဲ့အချိန်မှာ တစ်ကြိမ်၊ ဖေဖော်ဝါရီ လ ၁၄ ရက်နေ့မှာတော့ ပြည်ပနိုင်ငံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ သံအမတ်ကြီးတွေ၊ သံရုံးယာယီတာဝန်ခံတွေအနေနဲ့ တွေ့ဆုံတဲ့အခါမှာ အရန်တပ်ဖွဲ့ ဥပဒေနဲ့ပတ်သက်ပြီး တစ်ကြိမ်ပြောကြားခဲ့ပါတယ်။

ဒီပြောကြားချက်တွေကို ကျွန်တော် ထပ်မံအသိပေးတင်ပြလိုပါတယ်။ ဒီပြည်သူ့စစ်မှုထမ်း ဥပဒေဟာ နိုင်ငံတော်အနေနဲ့ နိုင်ငံတော်ကာကွယ်ရေး အထူးသဖြင့် ဒို့တာဝန်အရေးသုံးပါး ကို ကာကွယ်စောင့်ရှောက်ဖို့ ယခင်တည်းက ပြသထားခဲ့တဲ့ ဥပဒေ ဖြစ်တဲ့အကြောင်း၊ ဒီဥပဒေနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့ တွက်ချက်ချင့်ချိန်ဆောင်ရွက်သွားမှာဖြစ်ပြီး နိုင်ငံအတွက်လည်းဝန်ထုပ်ဝန်ပိုး မဖြစ်ရန်ဆိုတဲ့အကြောင်းနဲ့ သတ်မှတ်အပိုင်းအခြား အတွင်းမှာ သင့်လျှောက်ပတ်တဲ့ အင်အားသာတာဝန်ထမ်းဆောင်ရန်ဖြစ်ပြီး ရှဉ့်လည်း လျှောက်သာပျားလည်းဆွဲသာအခြေအနေဖြစ်အောင် ဆောင်ရွက်သွားမှာ ဖြစ်ကြောင်း  ပထမဦးဆုံးပြောကြားခဲ့ပါတယ်။

ဒါလေးကို ကျွန်တော်တို့မိဘပြည်သူများသိအောင် ထပ်မံတင်ပြလိုပါတယ်။ နောက်တစ်ခု ကတော့ ဖေဖော်ဝါရီလ ၁၇ ရက်နေ့ YMBA နဲ့တွေ့ဆုံခဲ့တဲ့ အချိန်အခါမှာလည်း သတ်မှတ် အသက်အပိုင်း အခြားအတွင်းမှာ သင့်တင့်လျှောက်ပတ်တဲ့အင်အားကိုသာ သတ်မှတ် ကာလအတွင်း တာဝန်ထမ်းဆောင်စေရန်ဖြစ်ပြီး နိုင်ငံတော်အတွက်၊ ပြည်သူလူထု အတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ထုတ်ပြန် ထားတဲ့ ဥပဒေကိုလေ့လာခြင်းမရှိဘဲ အခြေအမြစ်မရှိတဲ့သတင်းမှားတွေ ထင်မြင်သုံးသပ် ချက်တွေပေါ်အခြေခံပြီး သွေးတိုးလှုပ်ဆော်နေတာတွေရှိလို့ မိဘပြည်သူများသတိပြု ကြရန်လိုကြောင်း ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သံအမတ်ကြီးတွေနဲ့တွေ့ဆုံတဲ့အခါမှာလည်း အရန်တပ်ဖွဲ့ ဥပဒေနဲ့ပတ်သက်ပြီး အရန်တပ်ဖွဲ့ဥပဒေကို စစ်မှုထမ်းအဟောင်းအားလုံးကို ပြန်လည်ခေါ်ယူမယ်လို့ဆိုလိုတာ မဟုတ်ဘဲနဲ့၊ ခေါ်သင့်ခေါ်ထိုက်သူများကိုသာ ပြန်လည်တာဝန်ပေး အပ်သွားမှာဖြစ်တယ် လို့ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

ပြည်သူလူထုအားလုံးသိရှိအောင် နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ ပြောကြားခဲ့ခြင်းဖြစ်ပါ တယ်။ ဒါ့အပြင်နိုင်ငံတော်ဝန်ကြီး ချုပ်အနေနဲ့ မကြာခဏပြောကြားခဲ့တာတွေရှိပါတယ်။ နိုင်ငံတစ်ခုတည်ဆောက်ဖို့၊ နိုင်ငံတစ်ခုတည်မြဲဖို့အတွက် နိုင်ငံရေးစွမ်းအား Political Might၊ စီးပွားရေးစွမ်းအား economic Might၊ နဲ့ ကာကွယ်ရေးစွမ်းအား MIlitary Might ကောင်းဖို့လိုအပ်တယ်ဆိုပြီး ပြောကြားခဲ့ပါတယ်။ ဒီအထဲမှာ စီးပွားရေးစွမ်းအားက အဓိကပဲ။ ဒါမှကျန်တဲ့ စွမ်းအားတွေကို မြှင့်တင်နိုင်တယ်ဆိုတာလည်း ပြောကြားခဲ့ပြီး ဖြစ်ပါတယ်။ စီးပွားရေးနဲ့ပတ်သက်ပြီးတော့ သီအိုရီတွေ အယူအဆတွေ မျိုးစုံရှိပေမယ့် ရှုပ်ရှုပ်ထွေးထွေးမပြောလိုပါဘူး။ တစ်ခုပဲပြောလိုပါတယ်။ စီးပွားရေးအင်အား တောင့်တင်း ဖို့ဆိုရင် ရိုးရိုးရှင်းရှင်းလေး ကျမ်းရိုး ဘောကဗေဒမှာ ပြောထားတဲ့အတိုင်း ကုန်ထုတ် စွမ်းအားစုတွေတောင့်တင်းဖို့လိုတယ်။ ကုန်လုပ်ဆက်ဆံရေး စနစ်တကျခိုင်မြဲဖို့လိုပါမယ်။ ကုန်ထုတ်စွမ်းအားစုဆိုတဲ့ နေရာမှာ ဆန်းသစ်တဲ့အယူအဆတွေမျိုးစုံပေါ်လာမှုနဲ့ ယခင် ကျမ်းရိုးဘောဂဗေဒအတိုင်းဆိုရင်တော့ land labour capital ပါပဲ။ ကုန်ထုတ် စွမ်းအားစုနဲ့ မြေယာလုပ်အားအရင်းအနှီးပါပဲ။ အစိုးရတစ်ရပ်အနေနဲ့ ဒါတွေကို အလေး အနက်ထားပါတယ်။ လုပ်အားဆိုတဲ့နေရာမှာ လူသားအရင်းအနှီး human capital သည် အလေးထားရမှာဖြစ်ပါတယ်။ ဒီထဲမှာ LAbour လုပ်အားဆိုတာပါပါတယ်။ ဒါတွေကို ကျွန်တော်တို့ကအစိုးရတစ်ရပ်အနေနဲ့အမြဲတမ်းအလေးထား ဆောင်ရွက်လျှက်ရှိပါတယ်။ နိုင်ငံရေးစွမ်း အားတွေ၊ စီးပွားရေးစွမ်းအားတွေ၊ ကာကွယ်ရေးစွမ်းအားတွေ ဒီနိုင်ငံတော် အတွက်လိုအပ်တဲ့စွမ်းအားစုတွေကို တည်ဆောက်တဲ့အခါမှာ ကျွန်တော်တို့အစိုးရအနေနဲ့ ဘက်ညီမျှတ စွာကျင့်သုံးသွားမှာပဲဖြစ်ပါတယ်။ ဒါတွေကို ပြည်ဖျက်မီဒီယာတွေ တချို့ သော eaos တွေကကောလာဟာလထုတ်လွှတ်ပြီး ပြည်သူလူထုစီးပွားဘဝ မငြိမ်မသက် ဖြစ်အောင်၊ ပြည်သူလူထုစိုးရိမ်ထိတ်လန့်မှုတွေဖြစ်အောင် လုပ်ဆောင်နေတာမျိုးတွေ ကျွန်တော်တို့တွေ့ရပါတယ်။ ကျွန်တော်ယခင်ကလည်း အင်အားနဲ့တကွ တွက်ချက် တင်ပြပြီးဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ကြားဖြတ်သန်ခေါင်စာရင်းအရ ပြည်သူ့စစ်မှုထမ်း ဥပဒေအရ နိုင်ငံတော် ကာကွယ်ရေးတာဝန် ထမ်းဆောင်နိုင်ဖို့အတွက်  ထမ်းဆောင်နိုင်တဲ့၊ အကြုံးဝင်နိုင်တဲ့ အင်အား ၁၃ သန်းရှိပါတယ်။ ဒီအထဲမှာ အမျိုးသားအင်အားက ၆ သန်းကျော်ရှိပါတယ်။ ကျွန်တော်တို့အနေနဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ နိုင်ငံတော် ကာကွယ်ရေး တာဝန်ထမ်းဆောင်စေရာမှာ ဒီအမျိုးသား ဦးရေ ၆ သန်းထဲကမှ ၁ ရာခိုင်နှုန်း ၆ သောင်း နီးပါးလောက်ပဲ ကျွန်တော်တို့ခေါ်ယူနိုင်မှာဖြစ်ပါတယ်။ ဒါတွေကလည်း အလှည့်ကျ ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ နိုင်ငံတော်ကာကွယ်ရေးတာဝန် ထမ်းဆောင်တဲ့နေရာမှာ အခြားနိုင်ငံတွေမှာလည်း အလှည့်ကျအကြုံးဝင်တဲ့အလျှောက် တာဝန်ထမ်းဆောင်ရတာဖြစ်ပါတယ်။

နိုင်ငံတော်ကာကွယ်ရေးတာဝန်ကို ထမ်းဆောင်ပြီးလျှင် ဦးစားပေးအလိုက်ဝန်ထမ်း ခန့်အပ်တာတွေ၊ ဦးစားပေးအလိုက် အလုပ်ခန့်ထားတာတွေ ဒါတွေသည် လည်းရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ဒီနေ့မှာရှင်းလင်းပြောကြား လိုတာကတော့ ပြည်သူ့စစ်မှုထမ်းဥပဒေအရ ပြည်သူ့စစ်မှုထမ်းများကို ခေါ်ဆိုတဲ့နေရာမှာ အမျိုးသမီး တွေကို လတ်တလောခေါ်ယူဖို့ အစီအစဉ်မရှိသေးကြောင်း ရှင်းလင်းစွာပြော ကြားလိုပါ တယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။