ကမ္ဘာ့ခေါင်းဆောင်များက ငြိမ်းချမ်းရေးအတွက် ဦးတည်လုပ်ဆောင်နေခြင်းမရှိတော

 

ကမ္ဘာ့ခေါင်းဆောင်များက ငြိမ်းချမ်းရေးအတွက် ဦးတည်လုပ်ဆောင်နေခြင်းမရှိတော

 

ကမ္ဘာ့ခေါင်းဆောင်များသည် ငြိမ်းချမ်းရေးအတွက် ဦးတည်လုပ်ဆောင်နေခြင်း မရှိတော့ကြောင်းနှင့် ငြိမ်းချမ်းရေးကို မလိုအပ်သော စံပြအရာတစ်ခုအဖြစ် သတ်မှတ်လာကြောင်း ဆားဘီးယားသမ္မတ အလက်ဇန်းဒါးဘူချိက ဖေဖော်ဝါရီလ၂၀ ရက်တွင်ပြောသည်။

မကြာသေးမီကကျင်းပပြီးစီးခဲ့သော မြူးနစ်လုံခြုံရေးညီလာခံ၌ ကမ္ဘာ့ခေါင်းဆောင်များနှင့်တာဝန်ရှိသူများက ယူကရိန်းအရေးအပါအဝင် နိုင်ငံတကာလုံခြုံရေးကိစ္စရပ်များနှင့်ပတ်သက်၍ ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဆားဘီးယားသမ္မတကယခုကဲ့သို့ပြောလာခြင်း ဖြစ်သည်။

အလက်ဇန်းဒါးဘူချိအနေဖြင့်   အဆိုပါညီလာခံကို အကြိမ်ကြိမ်ပါဝင်တက်ရောက်ဖူးကြောင်း၊    အထူးသဖြင့် နိုင်ငံငယ်များထံမှ   အတွေးအမြင်များနှင့် ပတ်သက်၍ အနောက်နိုင်ငံများက မည်ကဲ့သို့တွေးတောသည်ကို သိရှိလိုခြင်းဖြစ်ကြောင်း ၎င်းကပြောသည်။

ယခုနှစ်တွင်မူ လုံခြုံရေးညီလာခံသို့တက်ရောက်လာသော ကမ္ဘာ့ခေါင်းဆောင်များအနေဖြင့် ဘောလုံး ပရိသတ်များကဲ့သို့ ပြုမူနေကြောင်းနှင့်  လက်ရှိဖြစ်ပွားနေသော ပဋိပက္ခများနှင့်ပတ်သက်၍ ဖြေရှင်းရေးအတွက် မည်သည့်အကြံဉာဏ်ကိုမျှ မကြားခဲ့ရကြောင်း ဆားဘီးယားသမ္မတက TASS  သတင်းဌာနနှင့်  တွေ့ဆုံမေးမြန်းခန်းတွင် ပြောသည်။

တစ်ချိန်တည်းမှာပင် ကမ္ဘာ့နိုင်ငံရေး၌ပြောင်းလဲမှုများ ရှိနေသော်လည်း   ပြည်သူများ၏ အကျိုးစီးပွား နှင့်အညီဖြစ်သော လွတ်လပ်သည့်ဆုံးဖြတ်ချက်များကို ချမှတ်ခွင့်နှင့် လွတ်လပ်ခွင့်တို့ကို ကာကွယ်နိုင်ရေးအတွက် လုပ်ဆောင်ရန် ဖြစ်နိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

Ref: RT