အင်ဒိုနီးရှား၌ ပင်ပန်းမှုကြောင့် သေဆုံးသူ မဲရုံဝန်ထမ်းအရေအတွက်  ၄ ဦးအထိမြင့်တက်

 

အင်ဒိုနီးရှား၌ ပင်ပန်းမှုကြောင့် သေဆုံးသူ မဲရုံဝန်ထမ်းအရေအတွက်  ၄ ဦးအထိမြင့်တက်

အင်ဒိုနီးရှားနိုင်ငံ၌    ပင်ပန်းမှုကြောင့် သေဆုံးသူ မဲရုံဝန်ထမ်းအရေအတွက် ၈၄ ဦးအထိမြင့်တက်လာကြောင်း   ကျန်းမာရေးဝန်ကြီးက ဖေဖော်ဝါရီလ ၂၀ ရက်တွင်ပြောသည်။

အင်ဒိုနီးရှားနိုင်ငံက ၎င်းတို့၏ သမ္မတနှင့်လွှတ်တော်အမတ် ရွေးကောက်ပွဲများကို ဖေဖော်ဝါရီလ ၁၄ ရက်တွင် တစ်ရက်တည်းကျင်းပခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲများတွင်  ပါဝင်ခဲ့သည့် မဲရုံဝန်ထမ်း ၆ ဒသမ ၈ သန်းဝန်းကျင်သည် ကျန်းမာရေး စစ်ဆေးမှုခံယူနေရာ ၆ ဒသမ ၄ သန်းဝန်းကျင်မှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။

သို့သော် ၎င်းင်းတို့အနက် မဲရုံဝန်ထမ်း လေးသိန်းဝန်းကျင်မှာ ကျန်းမာရေးအခြေအနေဆိုးဝါးသည့် အခြေအနေတွင်ရှိနေကြောင်း    ကျန်းမာရေးဝန်ကြီးကပြောသည်။

ကျန်းမားရေး မကောင်းသူများအနက် သွေးတိုးရောဂါရှိသူများမှာ အများဆုံးဖြစ်ကြောင်း၊ ဒုတိယအများဆုံးမှာ နှလုံးရောဂါရှိသူများ ဖြစ်ကြောင်းနှင့် ယခုကဲ့သို့ကျန်းမာရေးစစ်ဆေးမှုကြောင့် ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲတွင်  သေဆုံးသည့် မဲရုံဝန်ထမ်းအရေအတွက်  လျော့နည်းလာခြင်း ဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးက ဆက်ပြောသည်။

၂၀၁၉   ခုနှစ်တွင်  လုပ်ဆောင်သော ရွေးကောက်ပွဲ၌ အလားတူဖြစ်စဉ်များကြောင့်သေဆုံးသူ   မဲရုံဝန်ထမ်းရာ ပေါင်းများစွာ ရှိခဲ့သည့်အတွက် ယခုနှစ်သေဆုံးသူအရေအတွက်မှာ ထိုနှစ်ကထက် ၇၄ ရာခိုင်နှုန်း လျော့နည်းကြောင်း သိရသည်။               

    Ref: Xinhua