NATO က ရုရှားနှင့်ဘယ်လာရုနယ်စပ်များအနီး စစ်သည် ၃၂၀၀၀ ခန့်ဖြန့်ကြက်ချထား

 

NATO က ရုရှားနှင့်ဘယ်လာရုနယ်စပ်များအနီး စစ်သည် ၃၂၀၀၀ ခန့်ဖြန့်ကြက်ချထား

 

NATO တပ်ဖွဲ့က စစ်သည်အင်အား ၃၂၀၀၀ ခန့်၊ သံချပ်ကာယာဉ်  အစီး ၁၀၀၀ ကျော်၊ လေယာဉ်နှင့်ရဟတ်ယာဉ် ၂၃၅ စင်းတို့ကို ရုရှားနှင့်ဘယ်လာရုနယ်စပ်များအနီး ဖြန့်ကြက်ထားခဲ့ကြောင်း ဘယ်လာရုသမ္မတ အလက်ဇန်းဒါးလူကာရှန် ကိုက ဖေဖော်ဝါရီလ ၂၀ ရက်တွင်  ပြောသည်။

ကျွန်တော်တို့ရဲ့နယ်စပ်တွေအပါအဝင် ဥရောပဒေသရဲ့အခြေအနေက အေးချမ်းမယ့် အနေအထားမရှိပါဘူး။ ဘယ်လာရုနဲ့ရုရှားနယ်စပ်မှာဆိုရင် NATO တပ်ဖွဲ့ရဲ့ ဥရောပဒေသအတွင်း   စစ်ဆင်ရေးများ အနက်တစ်ခုအဖြစ်   စစ်သည်အင်အား ၃၂၀၀၀ ခန့်က  နေရာယူထားပါတယ်။ ဒါ့အပြင် သံချပ်ကာယာဉ်အစီး ၁၀၀၀ ကျော်၊ အမြောက်နဲ့စိန်ပြောင်း ၁၆၀ ခန့်၊ လေယာဉ်နဲ့ရဟတ်ယာဉ် ၂၃၅ စင်းကို ဖြန့်ကြက်ချထားပါတယ်ဟု ဘယ်လာရုသမ္မတလူကာရှန်ကိုက ပြောသည်။

ဘော့စနီးယားနှင့်   ဟာဇီဂိုးဗီးနား၊ မော်ဒိုဗာ၊ ဂျော်ဂျီယာနှင့် ဆားဘီးယားဒေသတို့သည် NATO တပ်ဖွဲ့သို့ ဆွဲသွင်းခြင်းခံရမည်ဖြစ်ကြောင်း၊  ယူကရိန်းတွင်ဖြစ်ပေါ်ခဲ့သောအခြေအနေအတိုင်းဖြစ်ပေါ်လာနိုင်ကြောင်း လူကာရှန်ကိုက ဆက်ပြောသည်။

ပြီးခဲ့သည့်နှစ်များအတွင်း ရုရှားနိုင်ငံ၏အနောက်ဘက်   နယ်စပ်ဒေသအနီး၌ ဗြွှဥ တပ်ဖွဲ့၏မကြုံစဖူးသော လှုပ်ရှားမှုများကို ရုရှားကမြင်တွေ့ခဲ့ပြီးဖြစ်သည်။

ထို့ပြင် ရုရှားနိုင်ငံသည် အဆိုပါအဖွဲ့၏ ဥရောပဒေသအတွင်း စစ်အင်အားတည်ဆောက်မှုများနှင့် ပတ်သက်၍ စိုးရိမ်ကြောင်း အကြိမ်ကြိမ်ပြောခဲ့ဖူးသည်။

ရုရှားနှင့်ယူကရိန်းတို့ကြား   ပဋိပက္ခဖြစ်ပွားစဉ်တွင်လည်း NATO အဖွဲ့က ယူကရိန်းကို  စစ်လက်နက်ပစ္စည်းများ ထောက်ပံ့ပေးလျက်ရှိသည်။

အနောက်အုပ်စုက    ယူကရိန်းသို့ထောက်ပံ့ပေးသော စစ်လက်နက်ပစ္စည်းများ အားလုံးသည် တရားဝင် စစ်ရေးပစ်မှတ်များ ဖြစ်လာမည်ဖြစ်ကြောင်း   ရုရှားက သတိပေးထားသည်ဟု သိရသည်။

Ref: Sputnik