ပူတင်က ကင်ဂျုံအွန်အား ရုရှားနိုင်ငံထုတ်ဇိမ်ခံကားတစ်စီးလက်ဆောင်ပေး

 

ပူတင်က ကင်ဂျုံအွန်အား ရုရှားနိုင်ငံထုတ်ဇိမ်ခံကားတစ်စီးလက်ဆောင်ပေး

 

ရုရှားသမ္မတ   ဗလာဒီမာပူတင်က ကင်ဂျုံအွန်အား ရုရှားနိုင်ငံထုတ် Aurus အမျိုးအစားဇိမ်ခံကားတစ်စီးကို လက်ဆောင် ပေးလိုက်ကြောင်း နှစ်နိုင်ငံစလုံးမှသတင်းအရင်းအမြစ်များက ထုတ်ပြန်ထားသည်။

အဆိုပါဇိမ်ခံကားသည် ဖေဖော်ဝါရီလ၁၈ ရက်တွင် မြောက်ကိုရီးယားတာဝန်ရှိသူများလက်ဝယ်သို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ဖေဖော်ဝါရီလ ၂၀ ရက်တွင် ထုတ်ပြန်ထားသည်။

ရုရှားက ယခုကဲ့သို့ ဇိမ်ခံကားလက်ဆောင်ပေးအပ်ခြင်းသည် ပူတင်နှင့်ကင်ဂျုံအွန်တို့ကြား အထူးဖြစ်သော ပုဂ္ဂိုလ်ရေး ရင်းနှီးမှုကိုရှင်းရှင်းလင်းလင်း ဖော်ညွှန်းပြသနေခြင်း ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်၏ညီမ ကင်ယိုဂျုံကပြောသည်။

နှစ်နိုင်ငံခေါင်းဆောင်များသည် ပြီးခဲ့သည့်နှစ်  စက်တင်ဘာလတွင်    ရုရှားနိုင်ငံအရှေ့ဖျားစွန်းဒေသ၌ ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံစဉ် UAE အမျိုးအစားဇိမ်ခံကားများ ခင်းကျင်းပြသထားရာ နေရာသို့လည်း သွားရောက်ခဲ့သည်။

ဗကမကျ အမျိုးအစားဇိမ်ခံကားများကို ၂၀၁၈ ခုနှစ်တွင် စတင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ကနဦးတွင် နိုင်ငံတော်အဆင့် ပုဂ္ဂိုလ်များအတွက်သာ ရည်ရွယ်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ၂၀၂၁ ခုနှစ်မေလတွင် Aurus ကို အခြားသောအရပ်သားများ စီးနင်းနိုင်စေမည့်ပုံစံဖြင့် ထုတ်လုပ်လာခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်တွင်မူ   အဆိုပါကားများပြည်ပ၌ ပထမဆုံးထုတ်လုပ်မှုကို့ဗန နိုင်ငံ၌စတင်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။                       

Ref:RT